မက်ဒရစ်ကို လက်စားချေမယ့် ဆာလာ [ Mohamed Salah UCL final ]

Mohamed Salah [ဆာလာ] က ရီးယဲလ်မက်ဒရစ်ကို လက်စားချေလိုကြောင်း ကြုံးဝါး ပြောဆိုလိုက်ပါတယ်။
Mohamed Salah UCL final [ မိုဟာမက် ဆာလာ ] နဲ့ ပတ်သက်ပြီး အီဂျစ်ဂန္တဝင် ကစားသမားကြီး အဘောက်ထရီကာက 2018 UEFA Champions League ဖိုင်နယ်တုန်းက ကြုံတွေ့ခဲ့ရတဲ့ နောက်ခံလူ ဆာဂျီယို ရာမို့စ် နဲ့ အခိုက်အတန့်ကြောင့် စိတ် ထိခိုက်နေတုန်းပဲလို့ ခံစားပြောဆိုလိုက်ပါတယ်။ ဒီလ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပမယ့် ချန်ပီယံစ်လိဂ် ဖိုင်နယ်ပွဲစဥ် လီဗာပူးအသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ ထပ်မံ အကြိတ်အနယ် ယှဥ်ပြိင်ကစားကြတဲ့အခါ တိုက်စစ်ကစားသမား မိုဆာလာက မက်ဒရစ်အသင်းကို လက်စားချေမယ်လို့ ထပ်လောင်း ပြောဆိုလိုက်ပါတယ်။
၂၀၁၈ ခုနှစ် ကိယက်ဗ်မှာ ကျင်းပခဲ့တဲ့ ချန်ပီယံစ်လိဂ် ဖိုင်နယ် ပွဲစဥ် တုန်းက ပွဲကစားချိန် ၃၀ မိနစ်မှာ ဆာလာဟာ ရီယဲလ်မက်ဒရစ် နောက်ခံလူ ရာမို့စ်က ဘောလုံးယှဥ်လုတဲ့ အခိုက်အတန့်မှာ သူ့ကို မြင်ခင်းပြင်ပေါ် ကို ဆွဲလှဲချအပြီးမှာ ဒဏ်ရာရရှိခဲ့ပြီး အချိန်အတော်အကြာ မျက်ရည်တွေနဲ့ လဲကျနေခဲ့ပါတယ်။
👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇
Promo Code ( ပရိုမိုကုဒ် ) MMSPORT100
ကို အသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ချန်ပီယံစ်လိဂ်ဖိုင်နယ် ၂၀၁၈ ခုနှစ် မိုဆာလာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ခဲ့စဥ်က။
အီဂျစ် ဂန္တဝင် ကစားသမားကြီး အဘောက်ထရီကာက အသက် ၂၉ နှစ်အရွယ် ဂိုးသွင်းရှင်ဟာ မကျေနပ်သေးကြောင်း၊ ရီးယဲလ်မက်ဒရစ်အသင်းကို ဂိုးတွေသွင်းချင်နေကြောင်း ခံစားရတယ်လို့ ဆိုပါတယ်။
အဘောက်ထရီကာက
“ရာမို့စ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်က မိုဆာလာကို ဒီနေ့အထိ သက်ရောက်မှုရှိနေတုန်းပါပဲ။ ဒါကို သူက လက်စားချေချင်တာ။ “
မနေ့ညက ရီးယဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့ဆုံမှု မတိုင်ခင်မှာ ဆာလာက စပိန်သားတွေနဲ့ ဖိုင်နယ်မှာ ယှဥ်ပြိုင် ကစားပြီး လက်စားချေချင်တယ် ” လို့ ပြောကြားခဲ့ပါတယ်။

၂၀၁၈ ခုနှစ် ချန်ပီယံစ်ဖလားနဲ့အတူ အောင်ပွဲခံနေတဲ့ မိုဆာလာ။
BT Sport နဲ့ အင်တာဗျူးမှာ မိုဟာမက် ဆာလာက
“ကျွန်တော် အနေနဲ့ ရိုးရိုးသားသား ပြောရမယ် ဆိုရင် မက်ဒရစ်သားတွေနဲ့ ယှဥ်ပြိုင် ကစားချင်ပါတယ်။ မန်စီးတီးအသင်းက တကယ့်ကို ခက်ခဲတဲ့ အသင်းပါ။ ဒီရာသီမှာ ကျွန်တော်တို့ သူတို့အသင်းနဲ့ အကြိမ်အနည်းငယ် ကစားဖူးပါတယ်။ မင်းငါ့ကို ကိုယ်ရေးကိုယ်တာအတိုင်းမေးမယ်ဆိုရင်တော့ မက်ဒရစ်ကို ပိုကြိုက်ပါတယ်။ ငါတို့အသင်း အခုဖိုင်နယ်မတိုင်ခင် သူတို့နဲ့ကစားခဲ့တဲ့ ၂၀၁၈ ဖိုင်နယ်မှာတုန်းက ရှုံးခဲ့တယ်။
ဒါကြောင့် ငါသူတို့နဲ့ ထပ်ကစားချင်တယ်။ ငါတို့အနိုင်ရမယ်လို့ လည်း မျှော်လင့်ပါတယ်။ ” ဆိုတဲ့အကြောင်း ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။ အခုအချိန်မှာတော့ ချန်ပီယံစ်လိဂ် ဖိုင်နယ်မှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ယှဥ်ပြိုင်ကစားချင်တယ်ဆိုတဲ့ မိုဆာလာရဲ့ ဆန္ဒတွေ ပြည့်ဝသွားခဲ့ပြီ ဖြစ်ပါတယ်။ အင်္ဂလန် ထိပ်တန်းအသင်းဖြစ်တဲ့ လီဗာပူးလ်အသင်းဟာ မေလ ၂၈ ရက်နေ့မှာ Stade de France [ ပြင်သစ်နိုင်ငံ ပဲရစ်မြို့၊ အားကစားကွင်းကြီး ] မှာ ကြီးကျယ် ခမ်းနားတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် စပိန်တော်ဝင် ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

ရိုးမားအသင်းနဲ့အတူ မိုဆာလာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ခဲ့စဥ်က။
၂၀၁၆ ခုနှစ် ရိုးမားအသင်းနဲ့အတူ ချန်ပီယံစ်လိဂ် နောက်ဆုံး ၁၆ သင်းအဆင့်မှာ ရီးယဲလ်မက်ဒရစ်အသင်းကို နှစ်ကျော့ပေါင်း ၄-၀ ဂိုးနဲ့ ပွဲစဥ် နှစ်ခုလုံး ရှုံးနိမ့်ခဲ့ပါတယ်။ လီဗာပူးလ် အသင်းနဲ့အတူ ၂၀၁၈ ခုနှစ် ကိယက်ဗ် ဖိုင်နယ် ပွဲစဥ်မှာလည်း မက်ဒရစ်အသင်းကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ဥရောပ ချန်ပီယံဖလားကို လက်လွှတ်ခဲ့ရပါတယ်။ အဲ့ဒီနောက် ဆာလာဟာ လီဗာပူးလ် အသင်းနဲ့ပဲ မက်ဒရစ်အသင်းကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲမှာ အသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။
အန်ဖီးလ်ကွင်းမှာ ကန်ခဲ့တဲ့ ဒုတိယအကျော့ပွဲစဥ်မှာတော့ ဂိုးမရှိသရေနဲ့ပဲ ချန်ပီယံစ်လိဂကို လက်လွှတ်ခဲ့ရပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ တွေ့ဆုံခဲ့သမျှ ပွဲစဥ် ၅ ပွဲမှာ ဆာလာက အသင်းအတွက် ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်ဘက်ကို ချေပဂိုးသွင်းအပြီး အောင်ပွဲခံနေတဲ့ မိုဆာလာ။
အီဂျစ်သားဟာ သူရင်ဆိုင်ခဲ့ရတဲ့ ထိပ်တန်းအသင်းတိုင်းနီးပါးကို ဂိုးသွင်းယူနိုင်တဲ့ မှတ်တမ်းကောင်းတွေကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ်လည်း ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရသမျှ အချိန်တိုင်းမှာ မိုဆာလာဟာ ကံမကောင်းခဲ့ပါ။
ဒီတစ်ကြိမ်မှာတော့ မိုဆာလာအနေနဲ့ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ နောက်တစ်ကြိမ် ရင်ဆိုင်ရမှာဆိုတော့ သူ့အနေနဲ့ ကံဇာတာ တက်လာမှာလား၊ သူပြောသလိုပဲ မက်ဒရစ်အသင်းကို လက်စားချေနိုင်မှာလားဆိုတာတော့ ဘောလုံးဝါသနာရှင်တွေ၊ ဆာလာရဲ့ ပရိတ်သတ်တွေအနေနဲ့ စောင့်ကြည့်ရဦးမှာပါ။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။