Naby Keita ကို ကမ်းလှမ်းလိုက်တဲ့ အေစီမီလန်။

ကွင်းလယ်လူ Naby Keita [ နာဘီ ကီတာ ] ကို ကမ်းလှမ်းလာတဲ့ အေစီ မီလန် အသင်း။
Naby Keita [ နာဘီ ကီတာ ] ကို လီဗာပူးလ် ဆီကနေ ခေါ် ယူနိုင်ဖို့ အီတလီ ထိပ်တန်း ကလပ်အသင်း ဖြစ်တဲ့ အေစီ မီလန် အသင်း အနေနဲ့ ပြောင်းရွှေ့ကြေး အလွတ် နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။
အေစီမီလန် အသင်းဟာ 2018 ခုနှစ် မှာ RB Leipzig ကနေ လီဗာပူးလ်ဆီ ပြောင်းရွှေ့လာခဲ့တုန်းက ယူရို သန်း ၆၀ ကုန်ကျခဲ့တဲ့ နာဘီ ကီတာအား အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
အန်ဖီးလ်မှာ ရုန်းကနေရတဲ့ Naby Keita [ နာဘီ ကီတာ ]။
ကီတာ ရဲ့ ခေါ် ယူမှုဟာ စိတ်လှုပ်ရှားစရာ တစ်ခုဖြစ်ပြီး ဂီနီသားဟာ လီဗာပူးလ်ဆီ မပြောင်းအရွှေ့မီ သူ့ရဲ့ လက်မှတ်အတွက် အာဆင်နယ် နဲ့ တော့တင်ဟမ် ဟော့ စပါးအသင်း တို့ရဲ့ အပြိုင်အဆိုင် ကင်းထောက်ခြင်း ခံခဲ့ရပါတယ်။
ကီတာဟာ ဂျာမနီမှာ သူ့ရဲ့ နောက်ဆုံးရာသီမှာ သွင်းဂိုး ၁၆ ဂိုးအထိ ပါဝင်လာခဲ့ပေမယ့် ဒဏ်ရာတွေနဲ့ ယုံကြည်မှုတွေ ပြိုကျလာတာကြောင့် အန်ဖီးလ်မှာတော့ အဲဒီ ပုံစံကောင်းကို ဘယ်တော့မှ ပြန်မတွေ့ခဲ့ရတော့ပါဘူး။

ကီတာနဲ့ လီဗာပူးလ်တို့ဇွန်လမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာပါ။
အန်းဖီးလ်မှာ သူ့ရဲ့ စာချုပ်သက်တမ်းဟာ ဇွန်လမှာ ကုန်ဆုံးမှာ ဖြစ်ပြီး သက်တမ်းတိုးမှာ မဟုတ်တော့ပါဘူး။ ဒါပေမယ့်လည်း အီတလီ သတင်းတွေအရ မီလန်က အသက် ၂၈ နှစ် အရွယ် ကွင်းလယ် ကစားသမားကို ခေါ်ယူဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။
မာလ်ဒီနီ က Naby Keita [ နာဘီ ကီတာ ] ကို ကမ်းလှမ်းခဲ့ပါတယ်။
“ မီလန်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ စေ့စေ့စပ်စပ် လုပ်ကိုင်ဖို့ စီစဉ်ထားပါတယ်။ [Paolo] Maldini နဲ့ [Frederic] Massara တို့က ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမား အများအပြား ကမ်းလှမ်းခဲ့ပါတယ်။ “
“ အဲဒီထဲက တစ်ယောက်ကတော့ သူ့ရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီး ရာသီကုန်မှာ လီဗာပူးလ်ကနေ ထွက်ခွာတော့မယ့် Naby Keita ဖြစ်ပါတယ်။ ” လို့ CalcioMercato မှ ဖော်ပြခဲ့ပါတယ်။

ဒဏ်ရာပြဿနာတွေ ကြုံတွေ့နေရတဲ့ ကီတာ။
ကီတာသည် ဒီနေ့အထိ သူ့ရဲ့ ပရီးမီးယားလိဂ်ငါးကြိမ်တွင် 16 ပွဲထက်မနည်း ကစားရသေးပြီး ခြေကျင်းဝတ် နဲ့ တံကောက်ကြော ဒဏ်ရာများကြောင့် အဆိုးရွားဆုံး ဒုက္ခကြုံတွေ့နေရသူ ဖြစ်ပါတယ်။
ဒါဟာ လီဗာပူးလ်အတွက် ကွင်းလယ်အကျပ် အတည်းကို ကြုံတွေ့ရစေပြီး သူ့ရဲ့စတော့ခ်ကလည်း ကျဆင်းသွားကာ သူတို့ အနေနဲ့ ကစားသမားကို ရောင်းထုတ်ဖို့ ပိုကောင်းကြောင်း သိသာစေခဲ့ပါတယ်။
ဖရန့်ခ် ကယ်စီ ကို ဘာကာ ဆီကနေ ပြန်ခေါ် ချင်နေတဲ့ အေစီ မီလန်အသင်း။
James Milner နဲ့ Jordan Henderson တို့ဟာ အသက် ၃၇ နဲ့ ၃၂ နှစ် အသီးသီး ရှိနေကြပြီး Thiago Alcantara၊ Alex Oxlade-Chamberlain နဲ့ Arthur Melo တို့ဟာ အခု ရာသီမှာ Keita အစားထိုး အဖြစ် ပါဝင် လာခဲ့ကြပါတယ်။
လာ မယ့် နွေရာသီ အပြောင်းအရွှေ့ မှာ လီဗာပူး ရဲ့ ထိပ်တန်း ပစ်မှတ်က ဂျူဒ် ဘဲလင်ဟမ် ဖြစ်ပြီး ဒေါ့မွန် ရဲ့ ကြယ်ပွင့်ဖြစ်တဲ့ အင်္ဂလန် လက်ရွေးစင်ကို ရီးယဲလ်မက်ဒရစ် နဲ့ မန်ချက်စတာ စီးတီး အပါအဝင် ဥရောပ ထိပ်တန်းအသင်း များစွာကလည်း အလိုရှိနေပါတယ်။

မီလန်တို့ဟာ ကွင်းလယ်လူဟောင်း ကယ်စီကို ပြန်လိုချင်နေပါတယ်။
ကွင်း လယ်ကစား သမားတွေ ဖြစ်တဲ့ Milner နဲ့ Oxlade-Chamberlain တို့ဟာ သူတို့ရဲ့ Anfield အသင်းဖော် Roberto Firmino နဲ့ Adrian တို့လို ရာသီကုန်မှာ အသင်း နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။
လက်ရှိမှာ အေစီ မီလန်အသင်းဘက်က သူတို့ရဲ့ ကွင်းလယ်လူဟောင်း Franck Kessie ကို ပြန်လည် ခေါ်ယူဖို့ ဆန္ဒ ရှိနေပါတယ်။ သို့ပေမယ့်လည်း ဘာစီလိုနာ ကွင်းလယ်လူဟာ သူ့ရဲ့ ခြေစွမ်းပိုင်းအရ ပြောင်းရွှေ့ကြေး မြင့်နိုင်ကြောင်း သက်သေပြနိုင်ပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။