Nagelsmann လက်ထက် ချဲလ်ဆီးရဲ့ ဖြစ်နိုင်ခြေ ကစားကွက်။

Nagelsmann has linkedby chelsea
April 3, 2023

လူငယ် နည်းပြ Julian Nagelsmann [ နာဂယ်လ်စ်မန်း ] လက်ထက် ချဲလ်ဆီးရဲ့ ဖြစ်နိုင်ခြေ ကစားကွက်။

Nagelsmann [ နာဂယ်လ်စ်မန်း ] ဟာ ချဲလ်ဆီးကို ကိုင်တွယ်ဖို့ ရေပန်းအစားဆုံးတွေထဲက တစ်ဦးအဖြစ် ပေါ်ထွက်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ် နည်းပြဟောင်း ရဲ့ လက်အောက်မှာ ချဲလ်ဆီးက ဘယ်လို ကစားကွက် နဲ့ ရှေ့ဆက်မလဲ စောင့်ကြည့်ရမှာပါ။

ခြောက်လကြာ ဆိုးရွားစွာ ကိုင်တွယ်ပြီးနောက် နောက်ဆုံးတွင် ဂရေဟမ်ပေါ်တာအား ရာထူးမှ ထုတ်ပယ်ပြီး ချယ်လ်ဆီးအသင်း အနေနဲ့ နည်းပြသစ် တစ်ဦး ခန့်အပ်ဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

တူချယ် နဲ့ ဂရေဟမ်ပေါ်တာတို့က "ပရောဂျက် မန်နေဂျာများ" သာ။

အထင်ရှားဆုံး အလွတ် အေးဂျင့်များထဲမှ တစ်ဦးအနေဖြင့် Nagelsmann [ နာဂယ်လ်စ်မန်း ] ဟာ ချယ်လ်ဆီးအသင်းနှင့် ချိတ်ဆက်နေပြီဖြစ်ပေမယ့် တိကျသေချာတဲ့ အဆက်အသွယ် ချိတ်ဆက်မှုမျိုး မရသေးပါဘူး။

ဘိုင်ယန်မြူးနစ် အသင်းဟာ ဂျာမန်သား နည်းပြ Julian Nagelsmann [ နာဂယ်လ်စ်မန်း ]  နဲ့ နည်းပညာအရ စာချုပ် ချုပ်ဆိုထားဆဲ ဖြစ်တာကြောင့် လျော်ကြေးပေးဆောင်ရဦးမှာ ဖြစ်ပါတယ်။

Nagelsmann has sacked by Bayen

ချဲလ်ဆီးနဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ နာဂယ်လ်စမန်း။

ချဲလ်ဆီးအသင်းရဲ့ လတ်တလော နည်းပြနှစ်ဦးဖြစ်တဲ့ သောမတ်တူချယ် နဲ့ ဂရေဟမ်ပေါ်တာတို့ကို “ပရောဂျက် မန်နေဂျာများ” အဖြစ် ဖော်ပြရမည့် အရာဖြစ်ပြီး နာဂယ်လ်စ်မန်းကလည်း ထိုပုံစံအတိုင်းပင် အံဝင်ခွင်ကျ ဖြစ်မှာပါ။

နောက်တန်း ၅ ယောက် ကစားကွက်ကို မကြာခဏ သုံးလေ့ရှိတဲ့ Julian Nagelsmann [ နာဂယ်လ်စ်မန်း ]။

ဒါပေမယ့် သူဟာ သူ့ရဲ့ ကိုယ်ပိုင် အတွေဥာဏ်များကို ပေါင်းထည့်ကာ မယုံနိုင်လောက်အောင် လိုက်လျောညီထွေရှိရန် သူ့ကိုယ်သူ ပြသထားသော်လည်း လိုအပ်ပါက Red Bull ပုံစံကနေ အပြည့်အဝ ခွဲထွက်သွားတတ်ပါတယ်။

အမှန်မှာ၊ Nagelsmann ဟာ ကျဉ်းမြောင်းပြီး နောက်တန်း ၅ ယောက် ကစားကွက် အနေအထားအရ ချဉ်းကပ်မှုကို မကြာခဏ ဆိုသလို နှစ်သက်ခဲ့ပြီး ၎င်းသည် နောက်တန်း သို့မဟုတ် တောင်ပံနောက်တန်းများအတွက် နေရာလွတ်များဖွင့်ထားလေ့ ရှိပါတယ်။

Nagelsmann could line up Chelsea

နာဂယ်လ်စမန်းလက်ထက် ဖြစ်နိုင်ခြေ ကစားကွက်။

ပရီးမီးယား လိဂ်ကတော့ Bundesliga နဲ့ အလွန် ကွာခြားသောကြောင့် နာဂယ်လ်စ်မန်း အနေနဲ့ အနည်းငယ်ပိုပြီး ရှေးရိုးဆန်တဲ့ ချဉ်းကပ်မှုကို အသုံးပြုရမည် ဖြစ်ပြီး၊ ဒါကြောင့်  ချယ်လ်ဆီး အသင်းကို 4-3-3 ပုံစံ နေရာချထားနိုင်ပါတယ်။

ချဲလ်ဆီးရဲ့ ကစားကွက်ကို Nagelsmann [ နာဂယ်လ်စ်မန်း ] ဘယ်လို နေရာချမလဲ။

Marc Cucurella နှင့် Reece James တို့တွင် ဂျာမန်သားသည် စံပြနောက်တန်း နှစ်ဦးရှိမည် ဖြစ်သည်။ ဘာကြောင့်လဲ? နှစ်ဖက်စလုံးက ဗဟိုခံစစ် ကစားသမားတွေ အဖြစ် ကစားနိုင်ပါတယ်။

နောက်ပြီး သူ့ကို နောက်တန်း သုံးယောက် ပုံစံ ပြောင်းနိုင်စေတဲ့အတွက် ဘိုင်ယန်မှာ သူအသုံးပြုခဲ့တဲ့ 3-4-2-1 ဒါမှမဟုတ် 3-1-4-2 အဖြစ် သူ့ရဲ့ ကစားကွက် ကို သူ့အချိန်နဲ့သူ ပုံဖော် သွားနိုင်ပါတယ်။

ဗဟို ကစားသမားများ အနေနဲ့ ကျစ်လစ်သိပ်သည်းနေမှာ ဖြစ်ပြီး ကွင်းလယ် ကစားသမားတစ်ဦးကတော့ အေးဆေးစွာ ကစားခွင့် ရမှာပါ။ Kai Havertz အနေနဲ့ ကစားကွက်မှာ ထူးထူးခြားခြား ပါဝင်ဦးမှာပါ။

Nagelsmann like Sterling playing

စတာလင်က နာဂယ်လ်စ်မန်းနှစ်သက်တဲ ကစားသမားတစ်ဦးပါ။

တောင်ပံ ကစားသမား တွေထဲက တစ်ဦးကတော့ ရှေ့မှာ ရှိနေမှာ ဖြစ်ပြီး နောက်တစ်ဦးကတော့ နောက်ပြန် ဆင်းသွားနိုင်ကာ တောင်ပံ နောက်တန်း ဖြစ်လာနိုင်ပါတယ်။

အခက်မသင့်ရင် နာဂယ်လ်စ်မန်းလည်း ပေါ်တာလို့ ဖြစ်သွားနိုင်ပါတယ်။

Raheem Sterling ဟာ နာဂယ်လ်စ်မန်း နှစ်သက်မယ့် ကစားသမားတစ်ဦး ဖြစ်ပြီး မကြာသေးမီက ငွေကြေး အမြောက်အမြား နဲ့ ရောက်ရှိလာသည့် Mykhaylo Mudryk ဟာ ဂန္တဝင်တောင်ပံကစားသမားတစ်ဦးအဖြစ် အသုံးချရန် လိုအပ်နေပါတယ်။

ဒါပေမယ့် အဲ့ဒါဟာ နည်းပြ  Julian Nagelsmann [ နာဂယ်လ်စ်မန်း ] နှစ်သက် သဘောကျတဲ့ ချဉ်းကပ်မှု မဟုတ်သည့်အတွက် ပြဿနာ တစ်ခု ဖြစ်နိုင်ပါတယ်။

အကယ်၍ ချဲလ်ဆီးသည် ဂျူလီယန် နာဂယ်လ်မန်းကို ခန့်အပ်မည်ဆိုပါက ၎င်း၏ အကြံဥာဏ်များကို အကောင်အထည်ဖော်ရန် အချိန်ပေးရမည် ဖြစ်ပြီး မှန်ကန်သော စနစ်ကျသော ကစားသမားများကို ခေါ်ယူရန် လိုအပ်မည်ဖြစ်သည်။

မှန်ကန်စွာ မလုပ်ဆောင်နိုင်ဘူး ဆိုရင်တော့ ဂျာမန်လူမျိုး နည်းပြကလည်း အခြား Potter တစ်ဦး ဖြစ်သွားမှာပါ။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment