ယာယီနည်းပြရာထူးကနေ နှုတ်ထွက်လိုက်တဲ့ မိုက်ကယ်ကားရစ်ခ်

December 3, 2021

ယာယီနည်းပြရာထူးမှ နှုတ်ထွက်ပြီးနောက် မိုက်ကယ်ကာရစ်သည် ယူနိုက်တက်အသင်းကနေ

အပြီးအပိုင် နှုတ်ဆက်ထွက်ခွာသွားခဲ့ပါတယ်။

 

အိုလီဂန်နာဆိုးလ်ရှားထွက်ခွာပြီးနောက် ယာယီနည်းပြအဖြစ် တတိယမြောက်ပွဲ အာဆင်နယ်နဲ့ပွဲကို

ကိုင်တွယ်ပြီး ၃-၂ ဂိုးနဲ့ အနိုင်ရှိခဲ့ပါတယ်။ ဒါပေမယ့် နည်းပြသစ် ရာ့ဖ်ရန်းဂနစ်ခ် လာ‌ရောက်မကိုင်တွယ်ခင်

အသင်းကထွက်ခွာသွားခဲ့ပါတယ်။

 

အသက် ၄၀ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိုက်ကယ်ကားရစ်ခ်ဟာ ၂၀၀၆ ခုနှစ်မှာ စတင်ခဲ့တဲ့ ယူနိုက်တက်အသင်း နဲ့

ကာလရှည်ကြာ ပေါင်းသင်းခဲ့ပြီး ၄၆၄ ပွဲ ကစားကာ ပရီးမီးယားလိဂ် ၅ ကြိမ်နဲ့ ချန်ပီယံလိဂ် ၁ ကြိမ်တို့ကို

ဆွတ်ခူးနိုင်ခဲ့ပြီး တခြား တစ်ဦးချင်းဆုတွေလည်း ပါဝင်ခဲ့ပါတယ်။

 

 

✅✅✅ 1xBet မှာ ကစားချင်သူတွေအနေနဲ့ Promocode (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြု၍

100% ငွေသွင်းအပိုဆု (ဘောနပ်စ်) ရယူလိုက်ပါ။ 💸💸💸

 

👉အကောင့်ဖွင့်နည်း 👇👇👇

 

 

 

 

ကားရစ်ခ်ဟာ ၂၀၁၈ ခုနှစ်မှာ ကစားသမားဘဝက အနားယူပြီးမောရင်ညိုရဲ့ နည်းပြအဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။

အဲ့ဒီနောက် မော်ရင်ညိုထွက်ခွာပြီး ဆိုးလ်ရှားလက်ထက်မှာလည်း လက်ထောက်နည်းပြအဖြစ် ဆက်လက်တာဝန်ယူခဲ့ပါတယ်။

 

 

အင်္ဂလန်လက်ရွေးစင်ဟောင်းဟာ ဗီလာရီးယဲလ်နဲ့ပွဲမှာ သူရဲ့ပထမဆုံးပွဲကို တာဝန်ယူနိုင်ခဲ့ပြီး ယူနိုက်တက်ကို

ချန်ပီယံလိဂ်ရှုံးထွက်အဆင့်သို့ တက်လှမ်းနိုင်စေပြီး တနင်္ဂနွေနေ့တုန်းက ပရီးမီးယားလိဂ်ထိပ်သီးချဲလ်ဆီးနဲ့

၁-၁ ဂိုးစီ သရေကျခဲ့ပါတယ်။

 

ကာရစ်ခ်က “ဒီကြီးကျယ်ခမ်းနားတဲ့ကလပ်မှာ ကျွန်တော့်ရဲ့အချိန်တွေက ကျွန်တော့်ကစားသမားဘဝရဲ့

အကောင်းဆုံးနှစ်တွေအဖြစ် အမြဲတန်းရပ်တည်နေပါတယ်။

 

“လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်က ကျွန်တော် ပထမဆုံး စာချုပ်ချုပ်တုန်းက ဆုဖလားတွေ အများကြီး

ဆွတ်ခူးဖို့ စိတ်ကူးမယဉ်ခဲ့ဖူးပါဘူး။ ယူနိုက်မှာရှိခဲ့တုန်း ကစားသမားဘဝနဲ့ နည်းပြအဖွဲ့ဝင်ဘဝမှာ

ရခဲ့တဲ့ ကောင်းမွန်တဲ့ အမှတ်တရတွေကို ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး။

 

“ဒါပေမယ့် အများကြီး စဉ်းစားပြီး ချင့်ချိန်ပြီးမှ ကလပ်ကနေ ထွက်ခွာဖို့ အခုအချိန်က သင့်တော်တယ်လို့

ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်။

 

“ကစားသမားတွေအားလုံးကို ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ချင်ပါတယ်။ ဒီလိုကောင်းမွန်တဲ့ လူတွေ၊

ကစားသမားတွေ၊ အဖွဲ့အစည်းတွေနဲ့ နာရီပေါင်းများစွာ အလုပ်လုပ်ရတာ တကယ့်ကို ကြည်နူးစရာကောင်းပြီး

ရေရှည်တည်မြဲတဲ့ ချစ်ကြည်ရင်းနှီးမှုတချို့ကို ရရှိထားတဲ့ နောက်ခန်းဝန်ထမ်းတွေကို အထူးတလည်ဖော်ပြချင်ပါတယ်။

 

“ကျွန်တော်က မန်ချက်စတာယူနိုက်တက် ပရိသတ်တစ်ဦးဖြစ်ပြီး တတ်နိုင်သမျှ ပွဲတွေလာအားပေးမှာပါ။

 

“ကျွန်တော် – နည်းပြသစ် ရာ့ဖ်၊ ဝန်ထမ်းတွေ၊ ကစားသမားတွေနဲ့ ပရိသတ်တွေအားလုံး အနာဂတ်မှာ

အကောင်းဆုံးဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပြီး ကောင်လေးတွေကိုလည်း ပရိသတ်တစ်ယောက်အနေနဲ့

အားပေးဖို့ မျှော်လင့်နေပါတယ်။” လို့ ကာရစ်က ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

 

 

Leave A Comment