Messi ရဲ့ စံချိန်တင် သွင်းဂိုး (၅) ဂိုး

June 6, 2022

အာဂျင်တီးနား စူပါစတား Lionel Messi [ လီယွန်နယ် မက်ဆီ ] ရဲ့ အက်စတိုးနီးယားအသင်းကို စံချိန်တင် သွင်းဂိုး (၅) ဂိုး

Messi [ လီယွန်နယ် မက်ဆီ ] ဟာ အက်စတိုးနီးယားအသင်းနဲ့ ခြေစမ်းပွဲမှာ ၅ ဂိုးအထိသွင်းယူပြီး ကမ္ဘာ့ဘောလုံးလောက ထိပ်တန်းအဆင့် ကစားသမားတစ်ယောက်အဖြစ် ဆက်လက်ပေါ်လွင်စေခဲ့ပါတယ်။

တနင်္ဂနွေနေ့ညက ကန်ခဲ့တဲ့ နိုင်ငံတကာခြေစမ်းပွဲမှာ အာဂျင်တီးနားအသင်းက အက်စ်တိုးနီးယားကို ၅-၀ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ အဲ့ဒီပွဲမှာ တောင်ပံတိုက်စစ်ကစားသမား လီယွန်နယ် မက်ဆီက အသင်းအတွက် (၅) ဂိုးစလုံးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ Ballon d’Or ခုနစ်ကြိမ်ရရှိထားသူဟာ Finalissima ပွဲစဉ်မှာ သူရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်တွေ ပြသခဲ့ပြီးနောက် ရက်အနည်းငယ်အကြာမှာပဲ အက်စတိုးနီးယားအသင်းနဲ့ နိုင်ငံတကာ ခြေစမ်းပွဲ ကန်ခဲ့ရပါတယ်။

 

အသင်းခေါင်းဆောင်ဟာ အာဂျင်တီးနားအသင်းရဲ့ ဂိုး (၅) ဂိုးစလုံးကို သွင်းယူနိုင်ခဲ့ပြီး ကမ္ဘာ့ထိပ်တန်းအဆင့်ကို မြင်‌တွေ့‌နေရဆဲ ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အာဂျင်တီးနားအသင်းအတွက် ဦးဆောင်ဂိုးများ

ပွဲကစားချိန် ၈ မိနစ်မှာ အက်စတိုးနီးယား ဂိုးသမားရဲ့ အမှားအယွင်းကနေတဆင့် ရရှိလာတဲ့ ပင်နယ်တီကို တိုက်စစ်ကစားသမား မက်ဆီက အဖွင့်ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။ ပထမပိုင်း ပွဲကစားချိန် ပြီးခါနီးမှာ အသင်းရဲ့ ဒုတိယမြောက် ဦးဆောင်ဂိုးကို ဂိုမက်ဇ်ရဲ့ ဧရိယာထိပ်က ပေး‌ပို့မှုကနေတဆင့် မက်ဆီက ဂိုးတိုင် ဒေါင့်ဖြတ်ကို လှလှပပသွင်းယူပေးခဲ့ပါတယ်။

အသင်းရဲ့ တတိယမြောက် ဦးဆောင်ဂိုးကိုလည်း အသင်းခေါင်းဆောင် မက်ဆီကပဲ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးကို ပွဲကစားချိန် ၄၇ မိနစ်မှာ နောက်ခံလူ နာဟီယယ် မိုလီနာ ရဲ့ ဖြတ်ပို့ပေးမှုကနေတဆင့် မက်ဆီက အသာအယာ သွင်းယူသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒုတိယပိုင်း ပွဲကစားချိန် ၇၁ မိနစ်မှာတော့ ပြိင်ဘက်ကစားသမား ၂ ဦး ပြစ်ဒဏ်ဘောပုံစံမျိုး ဖြစ်ခဲ့တာကို ကွင်းလယ်ဒိုင်က လျစ်လျူရှုခဲ့ပြီး ပွဲကို ဆက်ကစားစေခဲ့ပါတယ်။ 

Lionel Messi Scored aginst Estonia

အက်စတိုးနီးယားအသင်းဘက်ကို ဂိုးသွင်းယူနေတဲ့ လီယွန်နယ် မက်ဆီ။

အဲ့ဒီနောက် လီယွန်နယ် မက်ဆီက ဘောလုံးကို ဆွဲယူပြီး ဂိုးသမားကို တစ်ချက်လှည့်ကာ အကောင်းဆုံး ပုံစံနဲ့ သွင်းယူနိုင်ခဲ့ပါတယ်။ အသင်းအတွက် နောက်ဆုံး (၅) ဂိုးမြောက် အနိုင်ဂိုးကိုတော့ ပွဲကစားချိန် ၇၆ မိနစ်မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ‌အသင်းဖော် ဒီဘာလာရဲ့ ကန်သွင်းမှုကနေတဆင့် ပြန်ထွက်လာတဲ့ ဘောလုံးကို အသင်းခေါင်းဆောင် မက်ဆီကပဲ အသာအယာထိန်သိမ်းပြီး သပ်သပ်ရပ်ရပ် သွင်းယူခဲ့တာ ဖြစ်ပါတယ်။

တပွဲတည်း သွင်းဂိုး (၅) ဂိုး

လက်ရှိပီအက်စ်ဂျီ တိုက်စစ်မှူးဟာ တစ်ပွဲတည်း (၅) ဂိုးကို လွန်ခဲ့တဲ့ (၁၀) တုန်းကလည်း တစ်ကြိမ်သွင်းယူခဲ့ဖူးပါတယ်။ အဲ့ဒါကတော့ လေဗာကူဆင်နဲ့ ချန်ပီယံစ်လိဂ်ပွဲစဥ်မှာ ဖြစ်ပါတယ်။ အဲ့ဒီ ချန်ပီယံစ်လိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ ပွဲစဥ်မှာ ဘာစီလိုနာအသင်းက လေဗာကူဆင်အသင်းကို ၇-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဲ့ဒီတုန်းက နူးကမ့်ကွင်းမှာ အသင်းအတွက် ၇ ဂိုးထဲက  (၅) ဂိုးကို တောင်ပံတိုက်စစ် မက်ဆီက သွင်းယူပေးပြီး စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။

Lionel Messi celebrates after goals

ဂိုးသွင်းအပြီး အောင်ပွဲခံနေတဲ့ လီယွန်နယ်မက်ဆီ။

အခုချိန်မှာလည်း လီယွန်နယ် မက်ဆီဟာ အက်စတိုးနီးယားအသင်းကို ၅ ဂိုးသွင်းယူနိုင်ခဲ့ပြီး သူဟာ ဥရောပပွဲစဥ် ဒါမှာမဟုတ်၊  ချန်ပီယံစ်လိဂ်နဲ့ နိုင်ငံတကာပွဲစဥ် နှစ်ခုစလုံးမှာ ( ၅ ) ဂိုးအထိ သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ အာဂျင်တီးနား အသင်း‌ခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ သူ့ရဲ့ နိုင်ငံတကာသွင်းဂိုး ၈၅ ဂိုးမြောက်နဲ့ ၈၆ ဂိုးမြောက်တို့ကို ဒုတိယပိုင်း ပွဲကစားချိန်မတိုင်ခင် မိနစ် ၂၀ လောက်အလိုမှာ သွင်းယူနိုင်ခဲ့ပါတယ်။

၈၆ ဂိုးမြောက် သွင်းယူပြီးချိန်မှာတော့ ဟန်‌ဂေရီ ဂန္တဝင် ကစားသမား ဖာရန့်စ် ပါ့စကတ်စ် ကို ကျော်ဖြတ်ပြီး နိုင်ငံတကာ သွင်းဂိုးအများဆုံးအနေနဲ့ စတုတ္ထနေရာကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။။ နိုင်ငံတကာသွင်းဂိုးအရေအတွက်အရ မလေးရှား တိုက်စစ်မှူးဟောင်း မူခထာ ဒါရီ က ၈၉ ဂိုးနဲ့ တတိယနေရာမှာ ရပ်တည်နေပြီး အီရန်ကစားသမားဟောင်း အယ်လီဒဲ ကတော့ ၁၀၉ ဂိုးနဲ့ ဒုတိယနေရာကနေ ဦးဆောင်နေပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ နိုင်ငံတကာသွင်းဂိုး

Cristiano Ronaldo scored goals against switzerland

ဆွစ်ဇာလန်အသင်းဘက်ကို ဂိုးသွင်းယူနေတဲ့ ခရစ္စတီယာနို ရောနယ်ဒို။

တချိန်တည်းမှာပဲ ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ ပေါ်တူဂီ အသင်းဟာ UEFA Nations League ပြိုင်ပွဲမှာ ဆွစ်ဇာလန်အသင်းကို ၄-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဲ့ဒီပွဲစဥ်မှာ ပေါ်တူဂီ စူပါဟီးရိုး ရော်နယ်ဒိုက အသင်းအတွက် သွင်းဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ပေါ်တူဂီအသင်းခေါင်း‌ဆောင် ရော်နယ်ဒိုဟာ ဆွစ်ဇာလန်အသင်းကို သွင်းယူခဲ့တဲ့ သွင်းဂိုး ၂ ဂိုး အပါအဝင် နိုင်ငံအတွက် စုစုပေါင်း သွင်းဂိုး ၁၁၇ ဂိုးအထိ သွင်းယူထားပြီး နိုင်ငံတကာသွင်းဂိုးအများဆုံးနဲ့ ထိပ်ဆုံးကနေ ရပ်တည်နေပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment