Mason Mount ကို လိုချင်နေတဲ့ လီဗာပူးလ်အသင်း။
![Mason Mount has been linked with a move to Liverpool](https://myanmarsports.net/wp-content/uploads/2022/11/Mason-Mount-has-been-linked-with-a-move-to-Liverpool-WS.png)
လီဗာပူးလ် အနေနဲ့ Mason Mount ကို ခေါ်ယူဖို့ ကစားသမား သုံးဦးနဲ့ စဥ်းစားနိုင်ပါတယ်။
Mason Mount [ မေဆင် မောင့်ထ် ] ဟာ မကြာသေးခင် ရက်သတ္တပတ်တွေ အတွင်း ချဲလ်ဆီးအသင်းနဲ့ စာချုပ်သစ် ညှိနှိုင်းမှု ရေရေရာရာ မရှိသေးတာကြောင့် သူ့ကို ခေါ်ယူဖို့ လီဗာပူးလ် အသင်း အနေနဲ့ ချိတ်ဆက်မှုတွေ အတော်အသင့် ရှိနေတယ်လို့ သိရပါတယ်။
ကွင်းလယ် တိုက်စစ် ကစားသမား မေဆင် မောင့်ထ်ဟာ ငယ်စဥ် ဘဝတုန်းက ချဲလ်ဆီးအသင်းမှာ ရှိနေခဲ့ပြီး စီနီယာ ပထမအသင်းစာရင်း မဝင်ခင်ကတည်းက ကလပ်အသင်းရဲ့ အကယ်ဒမီ အဆင့်ကို ဖြတ်ကျော်ခဲ့ပြီး အခုအခါ ကလပ်အသင်းရဲ့ အရေးပါတဲ့ ကစားသမား တစ်ဦး ဖြစ်လာခဲ့ပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
အင်္ဂလန်သား Mason Mount [ မေဆင် မောင့်ထ် ] ကို ခေါ်ယူချင်နေတဲ့ လီဗာပူးလ်။
မောင့်ထ်ဟာ အသင်းရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်တယ်ဆိုပေမယ့် အသင်းမှာ လုပ်ခ လစာ အနည်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် ကျန်ရှိနေဆဲဖြစ်ပြီး သူဟာ မကြာခင် အသင်းကနေ ထွက်ခွာနိုင်မယ်လို့ ယုံကြည်နေတာကြောင့် စာချုပ် ညှိနှိုင်းမှုတွေမှာ ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာဖွယ် ရှိနေပါတယ်။
လီဗာပူးလ် အသင်းဟာ အင်္ဂလန် ကွင်းလယ်ကစားသမား Mason Mount [ မေဆင် မောင့်ထ် ] ကို အန်းဖီးလ်ဆီ ခေါ်ဆောင်ဖို့ မျှော်လင့်ချက်နဲ့ ကစားသမားတစ်ဦး ဒါမှမဟုတ် နှစ်ဦးကို တခြား နည်းလမ်းနဲ့ စေလွှတ်ဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲက တစ်သင်း အပါအဝင် ဖြစ်ပါတယ်။
![Mason Mount at England Team](https://i1.wp.com/myanmarsports.net/wp-content/uploads/2022/11/Mason-Mount-at-England-Team.png?resize=640%2C335&ssl=1)
![Mason Mount at England Team](https://i1.wp.com/myanmarsports.net/wp-content/uploads/2022/11/Mason-Mount-at-England-Team.png?resize=640%2C335&ssl=1)
အင်္ဂလန် လက်ရွေးစင် ကစားသမား မေဆင်မောင့်ထ်။
အသက် ၂၃ နှစ်အရွယ်ရှိ Mason Mount [ မောင့်ထ် ] ဟာ ကလပ်အသင်းနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေပေမယ့် ချဲလ်ဆီးအသင်းက သူ့ကို ရောင်းချဖို့ စိတ်ကူးထားမယ် ဆိုရင် နောက်နှစ်မှာ သူ့ကိုအလွတ်နဲ့ မဆုံးရှုံးစေဖို့အတွက် လာမယ့်နှစ် အသင်းမှာ ဆက်လက် ရှိနေမှာဖြစ်ပါတယ်။
လီဗာပူးလ်ဟာ Mason Mount [ မေဆင် မောင့်ထ် ] အတွက် ကစားသမား သုံးဦးကို ကမ်းလှမ်းနိုင်ပါတယ်။
အန်းဖီလ် [ လီဗာပူးလ် ] အသင်းဟာ မောင့်အတွက် သဘောတူညီမှု ရရှိဖို့ ကမ်းလှမ်းမှုမှာ ချဲလ်ဆီးအသင်းဆီ ကစားသမား သုံးဦးအနက် တစ်ဦးကို ကမ်းလှမ်းနိုင်ပြီး အဲဒီ အထဲကမှ တစ်ဦးကတော့ ကွင်းလယ်လူ နာဘီ ကီတာ ဖြစ်နိုင်ပါတယ်။
ဂီနီ ကွင်းလယ် ကစားသမားဟာ လီဗာပူးလ်အသင်းမှာ သူ့ရဲ့ စာချုပ်သက်တမ်း နောက်ဆုံး လအနည်းငယ်အတွင်း ကာလမှာ ရှိနေပြီး ရာသီကုန်မှာ ထွက်ခွာခွင့် ပြုဖို့ ဆန္ဒရှိနေတဲ့ လီဗာပူးလ်အသင်းနဲ့ သက်တမ်းတိုးမလား၊ မတိုးဘူးလားဆိုတာတော့ ရေရေရာရာ မရှိသေးပါဘူး။
![Mason Mount has a contract with Chelsea until 2024](https://i0.wp.com/myanmarsports.net/wp-content/uploads/2022/11/Mason-Mount-has-a-contract-with-Chelsea-until-2024.png?resize=640%2C335&ssl=1)
![Mason Mount has a contract with Chelsea until 2024](https://i0.wp.com/myanmarsports.net/wp-content/uploads/2022/11/Mason-Mount-has-a-contract-with-Chelsea-until-2024.png?resize=640%2C335&ssl=1)
မေဆင်မောင့်ထ်ဟာ ၂၀၂၄ ခုနှစ်မှာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။
တကယ်လို့ လီဗာပူးလ် အသင်းက သူ့ကို အလွတ်နဲ့ ထွက်ခွာခွင့် ပြုလိုက်မယ်ဆိုရင် လာမယ့် ဇန်န၀ါရီလ အပြောင်းအရွှေ့မှာ ဖြစ်သင့်ပြီး ချဲလ်ဆီးအသင်းကလည်း သူ့ကို ဟိုးအရင်တုန်းက ခေါ် ယူဖို့ စိတ်ဝင်စားနေခဲ့တယ်လို့ သိခဲ့ရပါတယ်။
မေဆင်မောင့်ထ်နဲ့ အပြောင်းအလဲ လုပ်နိုင်တဲ့ နောက်ထပ် လီဗာပူးလ် ကစားသမားများ။
မေဆင်မောင့်ထ်ကို ခေါ် ယူဖို့ သဘောတူ စာချုပ်မှာ ပေးစွမ်းနိုင်တဲ့ နောက်ထပ် ကစားသမားကတော့ ဂျိုး ဂိုးမက်ဇ် ပဲ ဖြစ်ပါတယ်။ ဒီ နောက်ခံလူကတော့ ဒီရာသီမှာ အကောင်းဆုံး ပုံစံနဲ့ မကစားရသေးပေမယ့် သူ့အနေနဲ့ အရည်အချင်းရှိ ကစားသမားတစ်ဦးဖြစ်ကြောင်း သက်သေပြဖို့ ဖြစ်နိုင်နေဆဲ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ ခံစစ် အားဖြည့်မှုတွေ လိုအပ်နေပြီး ဂိုးမက်ဇ်ကတော့ လက်ရှိ သူတို့ အသင်းနဲ့ နှိုင်းယှဥ်မယ်ဆိုရင် ပြောင်းရွှေ့ကြေး ကုန်ကျစရိတ် အနည်းငယ်နဲ့ ထိုက်တန်တဲ့ ကောင်းမွန်တဲ့ အပိုဆု တစ်ခု ဖြစ်နိုင်ပါတယ်။
![Mason Mount - Roberto Firmino against Chelsea](https://i1.wp.com/myanmarsports.net/wp-content/uploads/2022/11/Mason-Mount-Roberto-Firmino-against-Chelsea.png?resize=640%2C335&ssl=1)
![Mason Mount - Roberto Firmino against Chelsea](https://i1.wp.com/myanmarsports.net/wp-content/uploads/2022/11/Mason-Mount-Roberto-Firmino-against-Chelsea.png?resize=640%2C335&ssl=1)
ချဲလ်ဆီးအသင်းနဲ့ တွေ့ဆုံခဲ့စဥ်က ဖာမီနို။
မကြာသေးခင်က ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘရာဇီးလ် လက်ရွေးစင် အသင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ ရော်ဘတ်တို ဖာမီနို ဟာ ဒီရာသီ လီဗာပူးလ် အတွက် အရေးပါတဲ့ ကမ်းလှမ်းမှု ဖြစ်ဖို့ အကောင်းဆုံး မဟုတ်ပေမယ့် ကမ်းလှမ်း နိုင်တဲ့ နောက်ထပ် ကစားသမား တစ်ဦး လည်း ဖြစ်ပါတယ်။
ဒါပေမယ့် ချဲလ်ဆီးအသင်းဟာ သူတို့ရဲ့ တိုက်စစ်ပိုင်း မှာလည်း တိုးတက်ဖို့ လိုအပ်တာကြောင့် စိတ်ဝင်စားဖွယ် ရှိနေပြီး ကမ်းလှမ်းမှုကို အနီရောင် ကြိုးကြာ အသင်းက ရောက်ရှိလာပါက လက်ခံနိုင်ဖွယ် ရှိနေပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။