Rashford အတွက် ဖြစ်နိုင်ခြေ အပြောင်းအရွှေ့။

Rashford can make two transfers to SAVE his career WS
April 1, 2024

အင်္ဂလန် လက်‌ရွေးစင် Rashford [ မားကပ်စ် ရက်ရှ်ဖို့ဒ် ] အတွက် ဖြစ်နိုင်ခြေ အပြောင်းအရွှေ့။

Rashford [ မားကပ်စ် ရက်ရှ်ဖို့ဒ် ] အနေနဲ့ သူ့ ရဲ့ ကစားသမား ဘဝကို ကယ်တင်နိုင်ဖို့ အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ထွက်ခွာပြီး အပြောင်းအရွှေ့  ၂ ခု ပြုလုပ်နိုင်ပါတယ်။

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး Rashford [ မားကပ်စ် ရက်ရှ်ဖို့ဒ် ] ဟာ စနေနေ့ က ဘရန့်ဖို့ဒ် နဲ့ ၁-၁ ဂိုးစီ သရေကျသော ပွဲ မှာ ရုန်းကန် နေခဲ့ရပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

အသင်းမှာ ရုန်းကန်နေရတဲ့ Rashford [ မားကပ်စ် ရက်ရှ်ဖို့ဒ် ]။

Erik ten Hag ရဲ့ ယူနိုက်တက် အသင်းရဲ့ စွမ်းဆောင်ရည်ကတော့ ဘာမှ မထိုက်တန်ပါဘူး။ ဘရန့်ဖို့ဒ် အနေနဲ့ ဂိုးပေါက် ကန်သွင်းမှု ၃၁ ကြိမ် ရှိခဲ့ပြီး ပြိုင်ဘက် ဘောက်စ်မှာ ၇၀ ကြိမ် ထိချက် ရှိခဲ့တာ မယုံနိုင်လောက်အောင်ပါပဲ။

ယူနိုက်တက်ဟာ အားနည်းနေတဲ့ Rashford [ မားကပ်စ် ရက်ရှ်ဖို့ဒ် ]  ရဲ့  အကူအညီမရရှိခဲ့ပါဘူး။ ပွဲအပြီးတွင် သူ နဲ့ ပတ်သက်လို့  Sky Sports ပဏ္ဍိတ် Jamie Redknapp က မေးခွန်းထုတ်ခဲ့ပါတယ်။

“ ရက်ရှ်ဖို့ဒ်ဟာ အရည်အချင်းတွေ အများကြီးရှိတဲ့ ကစားသမား ဖြစ်ပြီး ဘုရားသခင်ပေးတဲ့ အရည်အချင်း ရှိသူ ဖြစ်ပြီး အရာ အားလုံးကို ပိုင်ဆိုင် ထားပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

Rashford vs Brentford

ဘရန့်ထ်ဖို့ဒ် နဲ့ ပွဲက ရက်ရှ်ဖို့။

“သူ့မှာ မယုံကြည်နိုင်လောက်တဲ့ ကိုယ်လုံး ကိုယ်ပေါက်ရှိတယ်၊ ပြေးနိုင်တယ်၊ ခုန်နိုင်တယ်၊ ကန်သွင်းနိုင်တယ်၊ မနှစ်တုန်းက ဂိုး ၃၀ လောက် ရခဲ့ တယ။ အခု ကစားသမားကို ကျနော်ကြည့်လိုက်တော့ သူက ဘောလုံးကစားရတာ မပျော်ဘူးဖြစ်နေတယ်။  “

“ကျွန်တော့်အတွက်ကတော့ သူတို့ မှာ အရည်အချင်းတွေ အများကြီးရှိလို့ အရမ်း စိတ်မကောင်းဖြစ်မိပါတယ်။ ဒီထက် ပိုကြည့်ချင်တယ်” လို့ ဆက်လက် ပြောကြားခဲ့ပါတယ်။

ဒီတော့ Rashford က သူ့ရဲ့ ကစားသမားဘဝကို ပြန်လည်ကယ်တင်ဖို့ ဘာလုပ်နိုင်မလဲ။

ဒေတာ ခွဲခြမ်းစိတ်ဖြာမှု ကုမ္ပဏီ SciSports ရဲ့ Career Advice tool ကိုအသုံးပြု၍ အသက် 26 နှစ်အရွယ်အတွက် ရှင်းလင်းသော ရွေးချယ်စရာ ၂ ခုရှိပါတယ်။

ပရီးမီးယားလိဂ်မှာ ဆက်နေဖို့ ဒါမှမဟုတ် တခြား ဥရောပ လိဂ်ကို ပြောင်းရွှေ့ဖို့လား ဆိုတာပါပဲ။ SciSports algorithm ကိုအခြေခံ၍ Man Utd ထက် Rashford နှင့် ပိုမိုသင့်လျော်သော ကလပ်နှစ်သင်းရှိသည်။

Rashford vs West ham

ဝက်စ်ဟမ်းနဲ့ တွေ့ဆုံခဲ့တုန်းက ရက်ရှ်ဖို့ဒ်။

ဒါဟာ အလားအလာ ရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကစားချိန်၊ ကစားဟန် နဲ့ ဖွဲ့စည်းမှုအထိ အမျိုးမျိုးသော အကြောင်းအချက်များ ကို ထည့်သွင်း စဉ်းစားထာပြီး ဖြစ်ပါတယ်။

မားကပ်စ် ရက်ရှ်ဖို့ဒ် နဲ့ သင့်တော်တဲ့ အသင်းများ။

အင်တာမီလန်က တော့ Rashford [ မားကပ်စ် ရက်ရှ်ဖို့ဒ် ] ရဲ့ အကောင်းဆုံး ရွေးချယ်မှု အဖြစ် ထွက်လာခဲ့ပြီး သူ့ ရဲ့  Club Fit ရမှတ် ကတော့ ၇၇ မှတ် နဲ့  ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

ပရီးမီးယားလိဂ်မှာ ဆက်နေဖို့ ရက်ရှ်ဖို့ဒ် ရဲ့ အကောင်းဆုံး ရွေးချယ်မှု က အက်စတွန် ဗီလာပါ။ ဘာမင်ဂမ် မှာ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်း တွေဟာ အင်တာမီလန် နဲ့လိုမျိုး ကြီးကြီးမားမား  မဟုတ်ပေမယ့် ကစားချိန် ပိုရနိုင်မလားဆိုတာလည်း ရှိပါသေးတယ်။

ရက်ရှ်ဖို့ဒ်က အချိန် ပိုကစားချင်တယ်ဆိုရင် ဝက်စ်ဟမ်းက ကောင်းမွန်တဲ့ အပြောင်းအရွေ့ တစ်ခုပါ။ ဒေးဗစ်မိုယက်စ် ရဲ့ အသင်းဟာ ပရီးမီးယားလိဂ် ဇယားမှာ မန်ယူထက် ၄ မှတ်သာ ကွာပါတယ်။

Rashford The clubs that fit to him

အင်တာမီလန် နဲ့ အက်စတွန်ဗီလာ ၂ သင်းစလုံးဟာ SciSports မှ မန်ချက်စတာ  ယူနိုက်တက် ထက် သန်မာသော အသင်းများအဖြစ် အဆင့် သတ်မှတ်ထားပါတယ်။

ဒါကြောင့်မို့ ရက်ရှ်ဖို့ဒ် အနေနဲ့ သူ့ ရဲ့ ကစားသမားဘဝမှာ ခြေတစ်လှမ်းမှ နောက်ပြန် ဆုတ်သွားမှာ မဟုတ်ကြောင်း ငြင်းခုံမှုများလည်း ရှိပြီး ဒီလို အပြောင်းအရွှေ့ ဟာ အသင်း အားလုံးအတွက် အမှန်တကယ် အကျိုးရှိမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment