Andre Onana ယူနိုက်တက်ကို ‌ဘာကြောင့်ပြောင်းခဲ့တာလဲ။

Andre Onana on Manchester United
July 19, 2023

အင်တာ ဂိုးသမား Andre Onana [ အန်ဒရေ အိုနာနာ ] ယူနိုက်တက်ကို ‌ဘာကြောင့်ပြောင်း‌ခဲ့တာလဲ။

Andre Onana [ အန်ဒရေ အိုနားနား ] သည် အင်တာမီလန် မှ မန်ချက်စတာ ယူနိုက်တက်သို့ ပြောင်းရွှေ့ရခြင်း ရဲ့ အကြောင်းရင်းကို ရှင်းပြခဲ့ပြီး သရဲနီများထံမှ ကမ်းလှမ်းမှုကို ငြင်းပယ်နိုင်စွမ်း မရှိလို့ ဖော်ပြခဲ့ပါတယ်။

အိုနာနာသည် သူ့ရဲ့ ဆေးစစ်မှု ခံယူရန် နှင့် အပြောင်းအရွှေ့ လုပ်ထုံးလုပ်နည်းများကို အပြီးသတ် လုပ်ဆောင်ပြီးနောက် လာမည့် ၂၄ – ၄၈ နာရီအတွင်း မန်ယူ တရားဝင် ကစားသမား ဖြစ်လာတော့မှာပါ။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အပြောင်းအရွှေ့ နဲ့ ပတ်သက်ပြီး Andre Onana [ အန်ဒရေ အိုနားနား ] က ဘာပြောလိုက်ခဲ့လဲ။

မန်ယူအသင်းသည် အိုနားနားအတွက် ယူရို ၅၅ သန်းဝန်းကျင် ပေးချေရမှာ ဖြစ်ပါတယ်။ ပြီးတော့ အိုနာနာက အင်တာမီလန်ကနေ ထွက်ခွာဖို့ အလေးပေး ပြောဆိုပြီး ဘာကြောင့် အပြောင်းအရွှေ့ လုပ်ရတာလဲဆိုတာ ရှင်းပြခဲ့ပါတယ်။

“ အရေးကြီးတာက ရိုးရိုးသားသား နဲ့ လူတွေကို အမှန်အတိုင်း အမြဲ ပြောဆိုနေဖို့ပါပဲ။ ကျွန်တော်က စိန်ခေါ်မှု အသစ်တွေကို အမြဲ လိုချင်နေသူတစ်ယောက်ပါ။ ”

Andre Onana was good at Inter Milan

အင်တာမီလန်မှာ အကောင်းဆုံးလက်စွမ်းပြခဲ့တဲ့ အိုနားနား။

“ ပရီးမီးယားလိဂ်မှာ ကစားရဖို့ နဲ့ ယူနိုက်တက်လို ကလပ်အသင်းတွေ အတွက် ကစားရဖို့ အခွင့်အရေးတွေကို ငြင်းပယ်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အသင်းအားလုံးကလည်း ဒီလိုပဲ ဖြစ်စေချင်မှာပါ။ ” လို့ ပြောဆိုခဲ့ပါတယ်။

ဆက်လက်ပြီး Andre Onana [ အန်ဒရေ အိုနားနား ] က

“ဒါပေမယ့် အရေးကြီးတာက အင်တာမီလန်မှာ ဘာပြဿနာမှ မရှိခဲ့ဘူးဆိုတော့ ကျွန်တော် အတူတူပဲ ပျော်ရွှင်နေမှာပါ။ တကယ်တော့ မီလန်မှာ ရရှိခဲ့တဲ့ စွမ်းဆောင်ရည် မှော်ပညာလိုမျိုး တစ်ခု တကယ်တော့ ရှင်းပြရခက်သား။  ”

“ ပီတာ ရှမိုက်ကယ် နဲ့ အက်ဒ်ဝင် ဗန်ဒါဆာတို့လို ဂိုးသမားတွေ နောက်မှာ ဒီအစဉ်အလာကို ဆက်လုပ်ဖို့ ရွေးချယ်ခံရတာက ကျွန်တော့်အတွက် ဂုဏ်ယူ ဝင့်ကြွားစရာ တာဝန်ယူမှု တစ်ခု ဖြစ်စေပါတယ်။ ”

Andre Onana at Ajax

အေဂျက် ကစားသမားဟောင်း အိုနားနား။

“ ကျွန်တော့်ရဲ့ အသင်းသစ်မှာ အသင်းဖော် အသစ်တွေ နဲ့ ချန်ပီယံလိဂ် အပါအဝင် ဆုဖလားတွေ ရယူချင်ပါတယ်။ ” လို့  အားကစား မီဒီယာ Gazzetta dello Sport ကို ပြောကြားခဲ့ပါတယ်။

အိုနာနာဟာ ယူနိုက်တက် ရဲ့ နံပါတ်တစ် နေရာအတွက် ဒေးဗစ် ဒဟဲယား နေရာမှာ အစားထိုးမှာ ဖြစ်ပြီး စပိန်သားဟာ ပြီးခဲ့တဲ့ လကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားမှာဖြစ်ပါတယ်။

အင်တာမီလန်မှာ အန်ဒရေ အိုနားနား ရဲ့ စွမ်းဆောင်ရည်။

အင်တာမီလန်ကြယ်ပွင့်သည် အဲရစ် တန်ဟက် ရဲ့ အကြိုက်ဆုံး ဂိုးသမားဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာ Ajax အသင်းမှာတုန်းက အတူတူ လက်တွဲခဲ့ကြတဲ့ ပါတနာဟောင်းတွေ ဖြစ်ပါတယ်။

Ten Hag ရဲ့ အေဂျက်အသင်းဟာ 2019 ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ရောက်ရှိခဲ့ချိန်မှာ Andre Onana [ အန်ဒရေ အိုနားနား ] က အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး ဖိုင်နယ်ကို ရောက်ရှိဖို့ အနည်းငယ်သာ လိုအပ်ခဲ့ပါတယ်။

အသက် 27 နှစ်အရွယ် အိုနားနား သည် အေဂျက်စ်တွင် စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် တစ်နှစ်အကြာတွင် အင်တာမီလန် သို့ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပါတယ်။

Andre Onana had 8 Cleansheets

ချန်ပီယံလိဂ်မှာ အိုနားနားဟာ Cleansheets ၈ ကြိမ် ရရှိခဲ့ပါတယ်။

အေဂျက်အသင်း ဂိုးသမားဟောင်း အန်ဒရေ အိုနားနားဟာ San Siro တွင် ပေါ်ထွန်းခဲ့ပြီး မကြာမီတွင် နံပါတ်တစ် နေရာ Samir Handanovic အစား စ,တင် ပွဲထွက် လူစာရင်းဆီ ရောက်ရှိသွားခဲ့တာပါ။

အေဂျက်စ်ကစားသမားဟောင်းသည် ပြီးခဲ့သည့် ရာသီက ဥရောပ တစ်ခွင်ရှိ အကောင်းဆုံး ဂိုးသမားတစ်ဦး ဖြစ်ပြီး ချန်ပီယံလိဂ်တွင် အကောင်းဆုံး လက်စွမ်းပြ ကစားသမား ဖြစ်နိုင်ပါတယ်။

သူဟာ ချန်ပီယံလိဂ်မှာ တခြား ဂိုးသမားတွေထက် Clean Sheet အရေအတွက် ပိုများပြီး မန်ချက်စတာ စီးတီးကို 1-0 ဂိုး နဲ့   ရှုံးနိမ့်ခဲ့တဲ့ ဖိုင်နယ်မတိုင်ခင် ရှစ်ပွဲအထိ ကာကွယ်နိုင်ခဲ့ပါတယ်။

တကယ်တော့ အန်ဒရေ အိုနားနားဟာ နောက်တန်း ကစားသမားတွေနဲ့ ချိတ်ဆက်ပြီး ကစားနိုင်တဲ့ ဂိုးသမား တစ်ယောက်ပါ။ ဒါကို အဲရစ် တန်ဟက်က အရမ်းကို လိုလားတဲ့ အရာဖြစ်ပြီး ဒဟဲယားကတော့ အဲ့မှာ အားနည်းပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment