Davide Frattesi ကို စောင့်ကြည့်နေတဲ့ ယူနိုက်တက်။

အီတလီ ကွင်းလယ်လူ Davide Frattesi [ ဒေဗီး ဖရာတယ်စီ ] ကို ခေါ် ယူဖို့ စောင့်ကြည့်နေတဲ့ ယူနိုက်တက်။
Davide Frattesi [ ဒေဗီး ဖရာတယ်စီ ] ကို လာမယ့် နွေရာသီမှာ ခေါ် ယူနိုင်ဖို့ မန်ချက်စတာ ယူနိုက်တက် အနေနဲ့ အီတလီ ထိပ်တန်းအသင်း ဖြစ်တဲ့ ဂျူဗင်တပ်စ် နဲ့ အပြိုင် ကြိုးပမ်းသွားဖို့ ရှိနေပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဂျူဗင်တပ်စ် အသင်း နဲ့ အပြိုင်အဆိုင်လို့ သတ်မှတ်ခံထားရတဲ့ Sassuolo ကွင်းလယ် လူ Davide Frattesi [ ဒေဗီး ဖရာတယ်စီ ] ကို အခု နွေရာသီမှာ ခေါ်ယူဖို့အတွက် အဆင်သင့် ဖြစ်နေပါပြီ။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
ဆာဆူအိုလို အသင်းမှာ ပုံစံကောင်းတွေ ရရှိနေတဲ့ ကွင်းလယ်လူ Davide Frattesi [ ဒေဗီး ဖရာတယ်စီ ]။
ပြောင်းရွှေ့ကြေး ယူရို ၂၅.၄ သန်းတန်ကြေး ရှိတဲ့ အသက် ၂၃ နှစ် အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီက Sassuolo ပထမအသင်းဆီ ဝင်ရောက်ခဲ့ပြီး အခု ရာသီ စီးရီးအေမှာ Neroverdi [ ဆာဆူအိုလို အသင်း ] အတွက် အမြဲတမ်း ပါဝင်ခွင့် ရရှိခဲ့ပါတယ်။
ယူနိုက်တက် အသင်းဟာ အရင်က ဖရာတယ်စီ နဲ့ နိုဝင်ဘာလတုန်းက ချိတ်ဆက်ခဲ့ဖူးပြီး ဇန်နဝါရီ အပြောင်းအရွှေ့မှာ အကောင်အထည် မဖော်နိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ထိတန်းအသင်းက သူ့ကို စောင့်ကြည့်နေဆဲ ဖြစ်ကြောင်း Gazzetta dello Sport က ဖော်ပြခဲ့ပါတယ်။

ဆာဆူအိုလိုအတွက် ဒီရာသီ စီရီးအေ ၂၆ ပွဲ ပါဝင်ကစားထားတဲ့ ဖရာတယ်စီ။
အီတလီ လက်ရွေးစင် ကစားသမားသည် 2022/23 တွင် Sassuolo အသင်းနဲ့အတူ စီးရီးအေ ၂၇ ပွဲမှာ ၂၆ ပွဲပါဝင်ကစားထားပြီး အသင်းရဲ့ တွဲဖက်ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ပါတယ်။
ကွင်းလယ် ကစားသမား Frattesi [ ဒေဗီး ဖရာတယ်စီ ] ဇန်နဝါရီလတုန်းက အေစီမီလန် အသင်းကို ၅-၂ ဂိုးနဲ့ အဝေးကွင်းမှာ အနိုင်ရရှိခဲ့တဲ့ စီးရီးအေ ပွဲစဥ် ၂၀ နိုင်ပွဲ အပါအဝင် ပွဲတော်တော်များများမှာ အထင်ကြီးစရာ ကောင်းခဲ့ပါတယ်။
အီတလီ လက်ရွေးစင် ကစားသမား Davide Frattesi [ ဒေဗီး ဖရာတယ်စီ ]။
ဖရာတယ်စီဟာ ပြီးခဲ့တဲ့ နှစ်တုန်းက နေးရှင်းလိဂ် ပြိုင်ပွဲမှာ ရောဘတ်တို မန်စီနီ ရဲ့ အီတလီ အသင်းအတွက် အင်္ဂလန် နဲ့ ဂျာမနီ အသင်းတို့နဲ့ အိမ်ကွင်းအဝေးကွင်း စုစုပေါင်း ၄ ပွဲ ပါဝင်ကစားခဲ့ပါတယ်။

အီတလီ လက်ရွေးစင် ကစားသမား ဖရာတယ်စီ။
စွယ်စုံရ ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်တဲ့ Davide Frattesi [ ဒေဗီး ဖရာတယ်စီ ] အီတလီ အသင်းအတွက် သူ့ရဲ့ ဖော်ပြပါ ပထမဆုံးသော စီနီယာပွဲ ၄ ပွဲကို အနိုင် ရရှိခဲ့ပါတယ်။
သူဟာ စီးရီးဘီမှာ Ascoli၊ Empoli နဲ့ Monza တို့နှင့်အတူ အငှားကစားနေစဉ် အံသြဖွယ်ကောင်းတဲ့ ပုံစံကောင်းတွေ ရရှိချိန်မှာ သူ့ရဲ့ ပထမဆုံး Azzurri [ အီတလီ လက်ရွေးစင် အသင်း ] အတွက် ခေါ်ဆိုမှုကို ရရှိခဲ့ပါတယ်။
လူငယ်ကွင်း လယ်လူ ဒေဗီး ဖရာတယ်စီက မန် ယူနိုက်တက်အတွက် သင့်တော်ပါတယ်။
ရိုးမား အသင်း ရဲ့ လူငယ် ဖွဲ့စည်းမှုမှာ အချိန်အတော်ကြာ ပါဝင်ခဲ့တဲ့ လူငယ် ကစားသမားဟောင်း Frattesi [ ဒေဗီး ဖရာတယ်စီ ] ကို သူတို့ရဲ့ စီးရီးအေ ပြိုင်ဘက် လာဇီယို နဲ့ ရိုးမားအသင်းတို့ကလည်း တရှိန်ထိုး ချိတ်ဆက်နေတယ်လို့ သိရပါတယ်။

မန်ယူကင်းထောက်တွေ ဖရာတယ်စီရဲ့ နောက်ဆုံးဆာဆူအိုလိုပွဲစဥ်တွေ စောင့်ကြည့်နေခဲ့ပါတယ်။
ဒါပေမယ့် ယူနိုက်တက်ဟာ သူ့ကို ခေါ်ယူနိုင်မယ့် အနေအထားမှာ ရှိနေသင့်ပါတယ် ၊ သူတို့ရဲ့ သာလွန်တဲ့ ဘဏ္ဍာရေး စွမ်းအားတွေ ကလွဲရင် သူက ရိုးမားအတွက်လို့ မပြောနိုင်သလို ဂျူဗင်တပ်ကလည်း လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် စိုးရိမ်စရာပါပဲ။
La Gazzetta dello Sport ရဲ့ နောက်ဆုံ းထွက်ရှိထားတဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ Sassuolo ရဲ့ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ဖရာတယ်စီရဲ့ ခြေစွမ်းကို စောင့်ကြည့်ဖို့ ကင်းထောက်အဖွဲ့ တစ်ဖွဲ့ကို စေလွှတ်ခဲ့တယ်လို့ သိပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။