Sacha Boey ကို ပစ်မှတ်ထားလာတဲ့ ဂန်းနားနဲ့ အန်းဖီး။

Sacha Boey is wanted by Arsenal
March 22, 2023

ဂါလာတာဆာရေး ညာနောက်ခံလူ Sacha Boey [ ဆာချာ ဘိုယီယီ ] အတွက် လီဗာပူးလ်ကို အနိုင်ယူမယ့် ဂန်းနား။

Sacha Boey [ ဆာချာ ဘိုယီ ] ကို ဂါလာတာစာရေး အသင်းဆီကနေ ခေါ် ယူနိုင်ဖို့ အာဆင်နယ်အသင်း အနေနဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် လီဗာပူးလ်အသင်း နဲ့ အပြိုင် ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

အာဆင်နယ် နဲ့ လီဗာပူးလ် အသင်း တို့ဟာ လာမယ့် နွေရာသီမှာ ညာနောက်ခံလူ တစ်ဦးအတွက် စျေးကွက်ထဲမှာ ရှိနေကြပြီး အင်္ဂလန်ထိပ်တန်း အသင်းတွေဟာ ဂါလာတာဆာရေးရဲ့  ဆာချာ ဘိုယီ အတွက် ထိပ်တိုက် တွေ့ဆုံဖို့ စီစဉ်နေပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ညာနောက်ခံလူတစ်ဦးလိုအပ်နေတဲ့ အာဆင်နယ် နဲ့ လီဗာပူးလ်။

အာဆင်နယ်အ သင်းဟာ ၂၀၀၄ ခုနှစ် ‘Invincibles’ ရာသီ နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ် ဆုဖလားကို သိမ်းပိုက်နိုင်ဖို့ အမှတ်ပေး ဇယား ထိပ်ဆုံးမှ ရပ်တည်နေပြီး ဘန်ဝှိုက်က ယခု ရာသီမှာ ညာနောက်ခံလူအဖြစ် အထင်ကြီးစေခဲ့ပါတယ်။

သို့ပေမယ့်လည်း အင်္ဂလန် လက်ရွေးစင်ဟာ ပင်ကိုယ်အားဖြင့် ဗဟိုခံစစ် ကစားသမား ဖြစ်ပြီး ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရတာကြောင့် လက်ရှိ သူ့နေရာမှာ ခြေစွမ်း ကောင်းနေတဲ့ တိုမီယာဆု နောက် အရန်အဖြစ် ရှိနေကာ အနာဂတ်မသေချာ ဖြစ်နေတာပါ။

Sacha Boey Ben White Arsenal

အာဆင်နယ်အသင်းမှာ အနာဂတ်မသေချာ ဖြစ်နေတဲ့ ဘန်ဝှိုက်။

လီဗာပူးလ် ညာနောက်ခံလူ ထရန့် အလက်ဇန်းဒါး – အာနိုးဟာ သူ့ရဲ့ နေရာမှာ ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ဦးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံထားရပေမယ့် အန်ဖီးလ်မှာ ဆိုးရွားတဲ့ ရာသီတစ်ခု ဖြတ်သန်းခဲ့ပြီး သူ့ရဲ့ နေရာအတွက် ပြိုင်ဆိုင်မှုတွေ ပိုများလာခဲ့ပါတယ် ။

လူငယ် ညာနောက်ခံလူ Sacha Boey [ဘိုယီ ] ဟာ  ပြင်သစ်ကလပ် Rennes အသင်း ကနေ ၂၀၂၁ ခုနှစ်မှာ ရောက်ရှိလာကတည်းက Galatasaray အသင်းမှာ အထင်ကြီးစရာ ကောင်းခဲ့ပါတယ်။

ပြင်သစ် ညာနောက်ခံလူ Sacha Boey [ဘိုယီ ] ရဲ့ ခြေစွမ်း အပေါ် အာတီတာက စိတ်ဝင်စားနေပါတယ်။

မကြာသေးခင် အချိန်တွေတုန်းက အာဆင်နယ် အသင်းဘက်က တာဝန်ရှိသူတွေက ညာနောက်ခံလူကို အနီးကပ် စောင့်ကြည့်နေခဲ့ကြောင်း တူရကီသတင်းစာ Aksam က ဖော်ပြခဲ့ပါတယ်။

“အာ ဆင်နယ် မန်နေဂျာ Mikel Arteta က Boey ကို ခေါ်ယူဖို့ စိတ်အားထက်သန်နေတယ်။ ရာသီကုန်မှာ အင်္ဂလန်ကလပ်ဘက်က အထင်ကြီးစရာကောင်းတဲ့ ကစားသမားအတွက် အဝါ-အနီရောင် [ ဂါလာတာဆာရေး ] တံခါးကို ခေါက်လိမ့်မယ်။” လို့ ရေးသားခဲ့ပါတယ်။

Sacha Boey moved to Galatasaray for 1 M Euro

ဆာချာဘိုယီဟာ ဂါလာတာဆာရေးဆီ ပြောင်းရွှေ့ကြေး ယူရို ၁ သန်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဂါလာ တာဆာရေးဘက်က ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ဆာချာ ဘိုယီ  ရဲ့ ပြောင်းရွှေ့ကြေးအတွက် ယူရို ၁ သန်းသာ ပေးချေခဲ့ပေမယ့် အခုအခါ ကစားသမား အပြောင်း‌အရွှေ့ ရဲ့ တွက်ချက်မှုအရ သူဟာ ၄.၂ သန်းကြေး ရှိနေပါတယ်။

တူရကီ ထိပ်တန်းကလပ် ဖြစ်တဲ့ ဂါလာတာဆာရေး အသင်း အနေနဲ့ သူတို့ရဲ့ ဥက္ကဌ ဒါဆန် အော်ဇ်ဘက်ခ် က ဆာချာ ဘိုယီ ကို ဆက်ထိန်းထားလိုတယ်လို့အခိုင်အမာ ပြောဆိုထားတာကြောင့် ကစားသမားကို မရောင်းဘဲ ထားနိုင်ပါတယ်။

ဒါဆန် အော်ဇ်ဘက်ခ် ပြောတဲ့ Sacha Boey [ဘိုယီ ] အပါအဝင် ကစားသမား အပြောင်း‌အရွှေ့။

“ ကျွန်တော်တို့ အနေဲ့ အသင်းရဲ့ ဘယ်ကစားသမားကိုမှ ရောင်းချဖို့ မရည်ရွယ်ထားပါဘူး။ ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့ အသင်းတစ်သင်းရှိပြီး အမှတ်ပေးဖလားအတွက် တိုက်ပွဲဝင် နေပါတယ်။ “

Sacha Boey is in good form at Galatasaray

ဂါလာတာဆာရေးဆီ ရောက်ရှိလာကတည်းက ပုံစံကောင်းတွေရရှိနေတဲ့ ဆာချာဘိုယီ။

” ဗစ်တာ နယ်လ်ဆန် [ ဒိန်းမတ် ဗဟိုခံစစ် ] နဲ့ ဆာချာ ဘိုယီ တို့အပြင် အသင်းက အရမ်းကောင်းတဲ့ အသင်းဖြစ်လို့ နောက်ထပ် ကစားသမား သုံး-လေးယောက်အတွက် ကမ်းလှမ်းမှုတွေ ရှိပါတယ်။ ” လို့ ဥက္ကဌက တူရကီ သတင်းဌာန Sabah သို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ တုန်းက Sacha Boey [ ဆာချာ ဘိုယီ ] ကို ခေါ် ယူဖို့ အတွက် လိုင်ယွန် အသင်းရဲ့ ယူရို ၈ သန်းတန် ကမ်းလှမ်းမှုကို ဂါလာတာဆာရေးဘက်က ပယ်ချခဲ့ကြောင်း သိရပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment