Dembele ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်အသင်းဟာ Moussa Dembele [ မူဆာ ဒမ်ဘီလီ ] ကို ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။
Dembele [ မူဆာ ဒမ်ဘီလီ ] ကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက် အသင်း အာရုံစိုက်နေပါတယ်။ လိုင်ယွန် တိုက်စစ်မှူး မူဆာ ဒမ်ဘီလီကို လက်ရှိ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ နေရာမှာ အစားထို့ဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေအရ သိရှိရ ပါတယ် ။
အိုးလ်ထရက်ဖို့ဒ်မှာ တစ်နှစ်ကျော်ကြာပြီးနောက် ခရစ္စတီယာနို ရော်နယ်ဒိုဟာ နောက်တစ်ကြိမ် အသင်းကနေ ထွက်ခွာဖို့ အဆင်သင့်ဖြစ်နေပြီလို့ ထင်ကြေးတွေ တိုးလာနေပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ယူနိုက်တက်နဲ့ အနာဂတ်
လာမယ့်ရာသီ ယူနိုက်တက်အသင်းအတွက် ချန်ပီယံလိဂ် ပြိုင်ပွဲ မရှိတာကို အပြောင်းအရွေ့ရဲ့ နောက်ကွယ်က အခြေခံ လှုံ့ဆော်မှု တစ်ခု အဖြစ် ကိုးကား ဖော်ပြနေကြတာ တွေလည်း သိရပါတယ်။ ရော်နယ်ဒိုဟာ သူ့ရဲ့ ကစားသမားဘဝ တလျှောက် နှစ်စဥ် ချန်ပီယံစ်လိဂ် ပြိုင်ပွဲတွေမှာ ပါဝင်ကစားဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မသေချာမရေရာမှုတွေ ပေါ်ပေါက်နေချိန်မှာ ယူနိုက်တာဟာ တခြားရွေးချယ်စရာတွေနဲ့ အသင်းဖွဲ့စည်း တည်ဆောက်မှုမှာ အချိန်ဖြုန်းနေတာမျိုး မရှိခဲ့ပါဘူး။
လိုင်ယွန်တိုက်စစ်မှူး Dembele [ မူဆာ ဒမ်ဘီလီ ] နဲ့ ပရီးမီးယားလိဂ်
ဒမ်ဘီလီဟာ သူ့ ရဲ့ အသက် ၁၆ နှစ်အရွယ်တုန်းက ပီအက်စ်ဂျီအသင်းကနေ ဖူလ်ဟမ်အသင်းမှာ ကစားဖူးပါတယ်။ မူဆာ ဒမ်ဘီလီဟာ Cottagers [ ဖူဟမ် ] အသင်းကို ရောက်ရှိလာခဲ့ပြီးနောက် အသင်းမှာ ၂၀၁၂ ကနေ ၂၀၁၆ ခုနှစ်အထိ ကစားခဲ့ဖူးတာကြောင့် အင်္ဂလန် ပရီးမီယားလိဂ်ဘောလုံးလောကနဲ့ မစိမ်းတော့ပါဘူး။
အဆိုပါ တိုက်စစ်မှူးဟာ ဖူဟမ်အသင်းအတွက် ပြိုင်ပွဲစုံ ပရော်ဖက်ရှင်နယ် ပွဲစဥ် ၆၄ ပွဲမှာ သွင်းဂိုး ၁၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၉ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
ဆဲလ်တစ်အသင်းနဲ့ Dembele [ မူဆာ ဒမ်ဘီလီ ] ရဲ့ မှတ်တမ်း
၂၀၁၆ ခုနှစ် ဖူဟမ်အသင်းကနေထွက်ခွာပြီး ၂၀၁၈ ခုနှစ် လိုင်ယွန်အသင်းကို မပြောင်းခင်အထိ ဆဲလ်တစ်အသင်းမှာ နှစ်နှစ်တာ ကစားခဲ့ပါတယ်။ Parkhead [ ဆဲလ်တစ် ] အသင်းမှာ ကစားခဲ့စဥ်အတွင်း ပြိုင်ပွဲစုံ ၉၄ ပွဲမှာ သွင်းဂိုး ၅၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၈ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
အသင်းနဲ့အတူ စကော့တလန် ပရီးမီးယားရှစ် ဖလား (၂) ကြိမ်၊ စကော့တလန်ဖလား (၂) ကြိမ်နဲ့ စကောတလန်လိဂ်ကပ် (၂) ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
[ မူဆာ ဒမ်ဘီလီ ] Dembele ရဲ့ လက်ရှိ လိုင်ယွန် ကစားသမားဘဝ
ပြင်သစ်သားဟာ ၂၀၁၈ ဩဂတ်လမှာ မိခင် ပြင်သစ်မြေကို ပြန်လည်ရောက်ရှိလာခဲ့ပြီး လိုင်ယွန်အသင်းနဲ့အတူ ပြောင်းရွှေ့ကြေး ယူရို ၂၂ သန်းနဲ့ သဘောတူ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ကနေ အခုထိ လိုင်ယွန်အသင်းမှာ ကန်နေပြီး ပြိုင်ပွဲစုံ ၁၄၄ ပွဲမှာ သွင်းဂို ၆၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၈ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
ပြင်သစ်ကလပ်နဲ့အတူ တိုက်စစ်မှူး မူဆာ ဒမ်ဘီလီဟာ အမ်းမရိတ်စ်ဖလား ၁ ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အက်သလက်တီကို မက်ဒရစ်အသင်းကို အငှားသွားရောက ကစားခဲ့စဥ်အတွင်း လာလီဂါဖလား (၁) ကြိမ်ကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။
လက်ရှိ လိုင်ယွန်အသင်းနဲ့ ခြေစွမ်းကောင်းတွေကြောင့် ဥရောပ ထိပ်တန်းကလပ်တချို့နဲ့လည်း ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ရော်နယ်ဒိုနေရာမှာ အစားထိုးဖို့ ယူနိုက်တက်နဲ့ အပြောင်းအရွှေ့
အားကစားမီဒီယာ MediaFoot ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ ရော်နယ်ဒိုရဲ့ အခြေအနေနဲ့ လျှို့ဝှက်ချက်တချို့ ရှိနေပေမယ့်အပြောင်းအရွှေ့အတွက် လိုင်ယွန်အသင်းနဲ့ ဆက်သွယ်ဖို့ လုပ်ဆောင်နေပြီလို့ သိရပါတယ်။
အာဆင်နယ်အသင်းဟာ အခုနွေရာသီမှာ ဒီတိုက်စစ်မှူးနဲ့ ချိတ်ဆက်မှုတွေ ရှိခဲ့ပေမယ့် မန်စီးတီးတိုက်စစ်မှူး ဂါဘရီယယ် ဂျေးဆပ်ကို ခေါ်ယူလိုက်နိုင်တာကြောင့် အဆိုပါ စိတ်ဝင်စားမှုကို ပြန်လည်ရုန်သိမ်းဖို့ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
လိုင်ယွန်အသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက အသင်းအတွက် ၂၂ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ခြေစွမ်းကောင်း ပုံစံနဲ့ တိုက်စစ်မှူးအတွက် အကောင်းဆုံး ကမ်းလှမ်းမှုကို စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဒမ်ဘီလီဟာ ကလပ်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး သူ့ကို လာမယ့် နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှုံးရမယ့်အစား အခုချိန် ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းနဲ့ ညှိနှိုင်းမယ်ဆို ပိုပြီးကောင်းမှာ ဖြစ်ပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။