Garnacho တစ်ယောက် ရော်နယ်ဒိုလို ဖြစ်လာမလား။

ယူနိုက်တက်တို့က Garnacho [ ဂါနာချို ] ကို နောက်ထပ် ရော်နယ်ဒိုလို့ ယုံကြည်နေ။
Garnacho [ အယ်လီဟန်ဒရို ဂါနာချို ] ကို ပိုင်ဆိုင်ထားတာကြောင့် ယူနိုက်တက် အသင်းဟာ ကစားသမား ဘဝတလျှောက် ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ အောင်မြင်မှုတွေအတိုင်း ကိုက်ညီနိုင်မယ့် ကစားသမား တစ်ယောက်ရှိတယ်လို့ ယုံကြည်နေပါတယ်။
သရဲနီတွေဟာ Sporting CP ကနေ ရော်နယ်ဒိုကို ခေါ်ယူခဲ့ပြီး ဆာအဲလက်စ် ဖာဂူဆန်က ပေါ်တူဂီသားကို Ballon d’Or ၅ ကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ဖို့ သူ့ရဲ့လမ်းစကို ချမှတ်ပေးခဲ့တာကြောင့် Old Trafford မှာ စူပါစတား တစ်ဦး ဖြစ်လာခဲ့ပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
ယူ နိုက်တက် ဂန္တဝင် စူပါစတား ခရစ္စတီယာနို ရော်နယ်ဒို။
ပေါ် တူဂီ တိုက်စစ်မှူးဟာ ရီးယဲလ်မက်ဒရစ်လို ထိပ်တန်း အသင်းကြီးမှာ ဂန္တဝင်အဆင့်အတန်းကို ရရှိခဲ့ပြီး ဆော်ဒီ ပရိုလိဂ်ကို မရောက်ခင် အီတလီမြေ ဂျူဗင်တပ်စ်မှာလည်း စံချိန်တွေ တင်ခဲ့ပါတယ်။
ဆော်ဒီ ပရိုလိဂ် ကို မပြောင်းခင် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား မတိုင်ခင် နည်းပြ/ အသင်း နဲ့ အသင်းနဲ့ အဆင်မပြောတာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ နှစ်ဦး သဘောတူ လမ်းခွဲသွားခဲ့ကြတာ ဖြစ်ပါတယ်။
မန် ယူနိုက်တက် ဟာ သူတို့ရဲ့ Garnacho [ အယ်လီဟန်ဒရို ဂါနာချို ] အသက် ၁၉ နှစ် အရွယ် ရှိပြီး သူနဲ့ပတ်သက်လို့ ရော်နယ်ဒို နဲ့ အရပ်အမောင်းတူ တဲ့ ကစားသမား တစ်ဦး ရှိတယ်လို့ ခံစားမိကြောင်း ထင်ရှားနေပါတယ်။
Podcast အစီအစဥ်မှာ Garnacho [ အယ်လီဟန်ဒရို ဂါနာချို ] နဲ့ ပတ်သက်လို့ ဆွေးနွေးမှု။
Footballer’s Football Podcast မှာ Host ဖြစ်တဲ့ Rickie Haywood-Williams မှ ပြောကြားရာ မှာ “ လူတွေက Garnacho ဖြစ်လာမယ်လို့ ထင်ပါတယ်…”
ဖူလ်ဟမ်ကွင်းလယ်လူ Tom Cairney က နောက်ထပ် ခရစ္စတီယာနိုနဲ့တူတာက ဘာလဲ။” အဲ့ဒီနောက် Haywood-Williams က “ဒါက သူတို့ ပြောနေတာပဲ၊ အဲဒါ ငါကြားနေတာပဲ။ “
“ဒီအရာတွေကို ကျွန်တော်တို့ မခန့်မှန်းနိုင်ပေမယ့် အိုးလ်ထရက်ဖို့ဒ် ကနေ ထွက်လာတဲ့ ပြောဆိုသံတွေ ကနေ သူအဲဒီ အဆင့်ကို တက်လှမ်းဖို့ အလားအလာ ရှိတယ်လို့ သူတို့က ပြောနေကြပါတယ်။ ” လို့ ပြောဆိုခဲ့ကြပါတယ်။
အာဂျင်တီးနား ကြယ်ပွင့် Garnacho [ ဂါနာချို ] က ရော်နယ်ဒို လက်သစ် ဖြစ်နိုင်လား။?
ဒေတာ ခွဲခြမ်း စိတ်ဖြာမှု ဆိုင်ရာ ကျွမ်းကျင်သူ SciSports က အယ်လီဟန်ဒရို ဂါနာချို ဟာ အနာဂတ်မှာ မန်ချက်စတာ ယူနိုက်တက် အတွက် အဓိက ကစားသမား တစ်ဦး ဖြစ်လာနိုင်တယ် လို့ ယုံကြည်နေကြပါတယ်။
ဒါကို ကြည့်ခြင်းအားဖြင့် မက်ဒရစ်ဖွား တောင်ပံ ကစားသမား Garnacho [ အယ်လီဟန်ဒရို ဂါနာချို ] ဟာ ခရစ္စတီယာနို ရော်နယ်ဒို ကို အတု ယူနိုင်မယ် လို့ ယူဆရပါတယ်။
သို့ပေမယ့် ဂိမ်းတွင်း ဒေတာအချက် ရာပေါင်း များစွာကို အခြေခံထားသည့် ခွဲခြမ်း စိတ်ဖြာချက် မှာ အသုံးပြုထား တဲ့ ခွဲခြမ်း စိတ်ဖြာမှုဟာ Garnacho အနေ နဲ့ သူ့ ရဲ့ အမြင့်ဆုံး အခြေအနေ မှာ ရော်နယ်ဒို ရဲ့ စံနှုန်း နဲ့ နီးစပ်မည် မဟုတ်ကြောင်း အကြံပြုထားပါသေးတယ်။
အဲ့ဒီအစား သူ ဟာ 2020 ခုနှစ် ဇန်နဝါရီလ မှာ Sporting CP မှ ကလပ် ကို ရောက်ရှိကတည်းက Man Utd ကို ဦးဆောင်သူ ဖြစ်ခဲ့တဲ့ ပေါ် တူဂီ ကွင်းလယ်လူ Bruno Fernandes နဲ့ ပိုမို တူညီတဲ့ ကစားသမား တစ်ဦး ဖြစ်လာနိုင်မယ်လို့ ယူဆရပါတယ်။
လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အာဂျင်တီးနား ကြယ်ပွင့် Garnacho [ အယ်လီဟန်ဒရို ဂါနာချို ] ရဲ့ ခန့်မှန်း ပြောင်းရွှေ့ ကြေး တန်ဖိုး (ETV) ဟာ ယူရို သန်း ၃၀ ဝန်းကျင် ရှိနေပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။