Jurrien Timber ကို ပစ်မှတ်ထားလာတဲ့ ယူနိုက်တက်။

Jurrien Timber is targeted by Man United
January 17, 2023

နောက်ခံလူ Jurrien Timber [ ဂျူရီယန် တင်းဘား ] ကို ပစ်မှတ်ထားလာတဲ့ ယူနိုက်တက်။

Jurrien Timber [ ဂျူရီယန် တင်းဘား ] ဟာ လက်ရှိ Eredivisie [ နယ်သာလန်လိဂ် ] မှာ ခြေစွမ်းပြနေတဲ့ အေဂျက်အသင်း နောက်ခံလူ တစ်ဦးဖြစ်ပြီး အေဂျက် လူငယ် ကြယ်ပွင့် တွေကို စောင့်ကြည့်နေတတ်တဲ့ ယူနိုက်တက် အသင်းကတော့ သူ့ကို ဦးစားပေး အနေနဲ့ ထပ်မံ ပစ်မှတ်ထားလာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အိုးလ်ထရက်ဖို့ဒ် မှာ  နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာ မန်ချက်စတာ စီးတီးကို အနိုင်ယူပြီး အနာဂတ်အတွက် အကောင်းဆုံး ရလဒ်တွေ ယူဆောင်လာပေးခဲ့တာကြောင့် လက်ရှိမှာ စိတ်ဓာတ်မြင့်မားနေပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ယူနိုက်တက်အသင်း Jurrien Timber [ တင်းဘား ] အပါအဝင် မခေါ်ယူနိုင်ခဲ့တဲ့ ကစားသမားများ။

မန်နေဂျာ အဲရစ် တန်ဟက်ဂ်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ပရီးမီးယားလိဂ်ဆီ ရောက်ရှိလာကတည်းက ကလပ် အသင်းအတွက် အသက်ရှူ ရှောင်စေခဲ့ပြီး စံချိန် မှတ်တမ်းများ ပြောင်းလဲကာ စွမ်းဆောင်ရည်များ တိုးတက် ကောင်းမွန်လာခဲ့ပါတယ်။

မန်နေဂျာ အဲရစ် တန်ဟက်ဂ်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ပရီးမီးယားလိဂ်ဆီ ရောက်ရှိလာကတည်းက ကလပ် အသင်းအတွက် အသက်ရှူ ရှောင်စေခဲ့ပြီး စံချိန် မှတ်တမ်းများ ပြောင်းလဲကာ စွမ်းဆောင်ရည်များ တိုးတက် ကောင်းမွန်လာခဲ့ပါတယ်။

မန်ယူအသင်းအနေနဲ့ အသင်းအင်အား တောင့်တင်းဖို့ ကစားသမားတွေ ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် တချို့ကိုတော့ ခေါ်ယူဖို့ မအောင်မြင်ခဲ့ပါဘူး။ သူတို့ကတော့ မကြာသေးခင်က လီဗာပူးလ်ကို ပြောင်းရွှေ့ကြေး ယူရို ၅၇ သန်းနဲ့ ပြောင်းရွှေ့သွားတဲ့ ကိုဒီ ဂတ်ခ်ပိုပဲ ဖြစ်ပါတယ်။

Jurrien Timber vs Erik Ten Hag

နည်းပြဟောင်း အဲရစ်တန်ဟက်ဂ်နဲ့ နောက်ခံလူ တင်းဘား။

နောက်ထပ် ကစားသမားတွေကတော့ ဘိုလော့ဂ်နာရဲ့ မာကို အနာတိုဗစ်၊ အေဂျက်ရဲ့ ဂျူရီယန် တင်း၊ ဘာစီလိုနာ ကွင်းလယ်လူ ဖရန့်ကီ ဒီဂျောင်နဲ့ ဂျူဗင်တပ်စ် ‌ကွင်းလယ်လူ အက်ဒ်ရီယန် ရာဘီးယော့ထ်တို့ပဲ ဖြစ်ပါတယ်။

နည်းပြ အဲရစ် တန်ဟက်ဂ်ဟာ အခု အချိန်အထိ သူ့ရဲ့ ခေါ်ယူမှုတွေနဲ့ အောင်မြင်နေပြီး လာမယ့် အနာဂတ်မှာ သူ့ရဲ့ အသင်း ပိုပြီး တိုးတက်စေဖို့န် Eredivisie [ နယ်သာလန်လိဂ် ] က ကစားသမားတွေကို ထပ်မံ ထည့်သွင်းလိုနေတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ နယ်သာလန်လိဂ်ကို ထပ်မံ ပစ်မှတ်ထားနေပါတယ်။

တန်ဟက်ဂ်ဟာ နယ်သာလန်လိဂ်မှ ကစားသမား (၃)ဦးကို  ခေါ်ယူခဲ့ပြီး သူ့ရဲ့ အသင်းဟောင်း အေဂျက်စ်မှ လီဆန်ဒရို မာတီနက်ဇ်နဲ့ အန်တိုနီ၊ ဖီယွန်နော့ဒ်မှ တိုက်ရဲလ် မာလာစီယာ တို့ဖြစ်ပြီး ခရစ္စတီယန် အဲရစ်ဆင်ဟာလည်း အရင်က နယ်သာလန်လိဂ် အတွေ့အကြုံ ရှိခဲ့ပါတယ်။

အေဂျက်ရဲ့ ဂျူရီယန် တင်းဘား၊ ဒိန်းရန့်ရှ်၊ ကန့်နစ် တေလာနဲ့ PSV ရဲ့ ဂျွိုက်ဗီယာမန်းနဲ့ AZ ရဲ့ ဂျတ်စ်ပါ ကာလ်ဆန်တို့ အပါအဝင် နယ်သာလန်အခြေစိုက် အရည်အချင်းရှိ ကစားသမားတွေကို စောင့်ကြည့်ဖို့ တန်ဟဂ်က သူ့ရဲ့ ကင်းထောက်တွေကို ညွှန်ကြားထားပြီး ဖြစ်ပါတယ်။

Jurrien Timber against USA at WC 2022

ကမ္ဘာ့ဖလားမှာ တင်းဘား ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။

အထူးသဖြင့် အဲရစ် တန်ဟက်ဂ်ဟာ အဆိုပါကစားသမားအများအပြားတွေထဲက သူ့ရဲ့ အမာခံ ပရိတ်သတ်တစ်ဦးဖြစ်တဲ့ Jurrien Timber [ ဂျူရီယန် တင်းဘား ] ကို နွေရာသီတစ်ခုလုံး ပစ်မှတ်ထားခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ယူနိုက်ဆီ ပြောင်းရွှေ့ဖို့ နောက်ခံလူက ငြင်းဆန်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်  နယ်သာလန် လက်ရွေးစင်အသင်းမှာ နေရာရယူလိုတာကြောင့် အေဂျက်စ်မှာပဲ သူ့ရဲ့ တိုးတက်မှုတွေကို ဆက်လက်လုပ်ဆောင်ဖို့ ရွေးချယ်ခဲ့ပါတယ်။

အေဂျက်အသင်းမှာ ကစားသမားဘဝ စ,တင်ခဲ့တဲ့ တင်းဘား။

တင်းဘားဟာ ၂၀၂၀ မှာ အေဂျက် စီနီယာအသင်းကို ရောက်ရှိလာခဲ့ပြီး နည်းပြ အဲရစ် တန်ဟက်ဂ် လက်ထက်မှာ အေဂျက် ပွဲဦးထွက်ကို ရရှိခဲ့ပြီး တန်ဟက်ဂ်က သူ့ရဲ့ အရည်အချင်းတွေနဲ့ အလားအလာတွေကို မကြာခဏ ပြောဆိုလေ့ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ဂျူရီယန် တင်းဘားဟာ အေဂျက်ဇ် ခံစစ်ပိုင်းမှာ မာတီနက်ဇ်နဲ့အတူ ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်ခဲ့ပြီး ကလပ်ရဲ့  တစ်ရာသီတာ အကောင်းဆုံး လူငယ်ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Jurrien Timber vs lisandro Martinez at Ajax

မာတီနက်ဇ်နဲ့ တင်းဘားတို့ဟာ အေဂျက်အသင်းရဲ့ နောက်တန်းမှာ အတွဲညီညီရှိခဲ့ကြပါတယ်။

အစကတည်းက တင်းဘားရဲ့ အလားအလာက ကြီးမားနေခဲ့ဖြစ်ပြီး အေဂျက်အသင်းဘက်က ဆောင်းရာသီမှာ ရောင်းချဖို့ တွန့်ဆုတ်နေပေမယ့် နွေရာသီမှာ ရောင်းချဖို့က တကယ့် ဖြစ်နိုင်ချေတစ်ခုပါ။

ရှင်းရှင်းလင်းလင်းရှိတာကတော့ ဒတ်ခ်ျချဉ်းကပ်မှုက မန်ချက်စတာယူနိုက်တက်အတွက် အလုပ်ဖြစ်နေပြီး လာမယ့် အနာဂတ်မှာလည်း သူတို့ဟာ ကစားသမားပေါင်းများစွာကို ပစ်မှတ်ထားနေကာ အဲဒီလမ်းကြောင်းအတိုင်း ဆက်သွားနေဦးမှာပါ။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment