Zirkzee ရဲ့ အပြောင်း‌အရွှေ့ နောက်ဆုံးသတင်း။

Zirkzee is wanted by Manchester United
March 6, 2024

နယ်သာလန် တိုက်စစ်မှူး Zirkzee [ ဂျိုရှုဝါ ဇာ့ခ်ဇီ ] နဲ့ ယူနိုတက်တို့ရဲ့ အပြောင်းအရွှေ့ အခြေအနေ။

Zirkzee [ ဂျိုရှုဝါ ဇာ့ခ်ဇီ ] ကို အာဆင်နယ် အသင်း ပစ်မှတ်ထားနေချိန် ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် တို့ အနေနဲ့ ဒီ နွေရာသီမှာ ခေါ် ယူနိုင်ဖို့ တိုးမြှင့် လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နွေရာသီမှာ ဗဟို တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူဖို့ ခြေလှမ်း စ,နေပြီ ဖြစ်ပြီး ရာမတ်စ် ဟော့ဂ်ျလန် အား ပံ့ပိုးကူညီဖို့  စီးရီးအေ ရဲ့ ဘိုလော့နာ အသင်း တိုက်စစ်မှူး Zirkzee [ ဂျိုရှုဝါ ဇာ့ခ်ဇီ ] ကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဘိုလော့ဂ်နာ အသင်းအတွက် ဂျိုရှုဝါ ဇာ့ခ်ဇီ ရဲ့ စွမ်းဆောင်ရည်။

Tuttosport ရဲ့ အဆိုအရ ယူနိုက်တက် အသင်းဟာ တနင်္ဂနွေ တုန်းက ဘိုလော့ဂ်နာ တိုက်စစ်မှူး  Zirkzee [ ဂျိုရှုဝါ ဇာ့ခ်ဇီ ] ရဲ့ အတ္တလန်တာ နဲ့ ကစားတာကို ကြည့်ရှုဖို့ ကင်းထောက်တွေ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။

ဂျိုရှုဝါ ဇာ့ခ်ဇီ ဟာ မကြာသေးမီကမှ နယ်သာလန် လက်ရွေးစင် အသင်းအတွက် သူ့ ရဲ့ ပထမဆုံး ခေါ် ယူမှုကို လက်ခံရရှိခဲ့ပြီး ယူနိုက်တက် အသင်း ကိုယ်စားလှယ်များ ရဲ့ စောင့်ကြည့်မှုအောက်မှာ ဒီရာသီ သူ့ ရဲ့ ၁၁ ဂိုးမြောက် ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Zirkzee scored against Atlanta

အတ္တလန်တာဘက်ကို ဂိုးသွင်းယူခဲ့တဲ့ ဂျိုရှုဝါ ဇာ့ခ်ဇီ။

အတ္တလန်တာ နဲ့ စီးရီးအေ ပွဲစဥ်မှာ ၁-၀ ဂိုးနဲ့ ရှုံးနိမ့်နေချိန် ပွဲကစားချိန် ၅၇ မိနစ်မှာ ရရှိလာတဲ့ ပင်နယ်တီကို Zirkzee [ ဂျိုရှုဝါ ဇာ့ခ်ဇီ ] က ဂိုးအဖြစ် ပြောင်းလဲ နိုင်ခဲ့ပါတယ်။

အဲ့ဒီနောက် ပွဲကစားချိန် ၆၁ မိနစ်မှာ လီဝိစ် ဖာဂူဆန် ရဲ့ ဦးဆောင်ဂိုးကြောင့် ဘိုလော့ဂ်နာ တို့ ၂-၁ ဂိုးနဲ့ အနိုင် ရရှိခဲ့ပြီး စီးရီးအေ အမှတ်ပေးဇယား ရဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေနိုင်စေခဲ့ပါတယ်။

ယူနိုက်တက် အတွက် Zirkzee [ ဂျိုရှုဝါ ဇာ့ခ်ဇီ ] က အဓိက ကစားသမား တစ်ဦး ဖြစ်လာနိုင်။

တကယ်တော့ ‌ဘိုလော့ဂ်နာ တိုက်စစ်မှူး Zirkzee [ ဂျိုရှုဝါ ဇာ့ခ်ဇီ ] ဟာ ဂိုးသွင်းယူသူ သက်သက် မဟုတ်ဘဲ ကွင်းလယ်တွေ တောင်ပံတွေ နဲ့ ချိတ်ဆက် ကစားနိုင်တဲ့ နံပါတ် ၉ တိုက်စစ်မှူး တစ်ဦး ဖြစ်ပါတယ်။

Zirkzee scored 11 goals for Bologna this season

ဂျိုရှုဝါ ဇာ့ခ်ဇီ ဟာ ဒီရာသီ ဘိုလော့ဂ်နာအတွက် ၁၁ ဂိုး သွင်းယူထားပါတယ်။

FootballCritic ဟာ အတ္တလန်တာ နဲ့ ပွဲစဉ်တုန်းက သူ့ ရဲ့ စွမ်းဆောင်ရည်ကို 7.0 အဖြစ် အဆင့် သတ်မှတ်ခဲ့ပြီး သူဟာ အသင်းခေါင်းဆောင် လူးဝစ် ဖာဂူဆန်နောက် ဘိုလော့နာအသင်းမှာ တတိယ အပြင်းထန်ဆုံး ကစားသမား ဖြစ်ပါတယ်။

ဒေတာ ခွဲခြမ်းစိတ်ဖြာရေး ကုမ္ပဏီ SciSports က အသက် ၂၂ နှစ် အရွယ် ကစားသမားဟာ လက်ရှိ အချိန် ယူနိုက်တက် အသင်းမှာ အဓိက ကစားသမား တစ်ဦး ဖြစ်လာနိုင်တယ်လို့ ယုံကြည်နေပါတယ်။

ဂန်းနားတို့ကလည်း Zirkzee [ ဂျိုရှုဝါ ဇာ့ခ်ဇီ ] ကို ခေါ် ယူဖို့ စိတ်ဝင်စားနေပါတယ်။

အာဆင်နယ် အသင်း က လည်း လက်ရှိမှာ တိုက်စစ်မှူး အား စောင့်ကြည့်နေပြီး မီကယ် အာတီတာ ရဲ့ အသင်းဟာ သူ တို့ ရဲ့ အသင်း တိုက်စစ်ပိုင်း ပိုမို အားမြှင့်ဖို့ စိတ်အား ထက်သန်လျက် ရှိနေပါတယ်။

Zirkzee at Netherlands national team

နယ်သာလန် တိုက်စစ်မှူး ဂျိုရှုဝါ ဇာ့ခ်ဇီ။

Gazzetta dello Sport မှ ဖော်ပြချက် အရ ဂန်းနားများဟာ Bologna ရဲ့ ခန့်မှန်းခြေပြောင်းရွှေ့ကြေး (ETV) ယူရို ၂၁.၆ သန်းသာ ရှိပေမယ့် ယူရို သန်း ၈၀ တန်ကြေး သတ်မှတ်ထားတဲ့ ကစားသမားကို စိတ်ဝင်စားနေဆဲ ဖြစ်ကြောင်း သိရပါတယ်။

ဂျိုရှုဝါ ဇာ့ခ်ဇီ ဟာ မန် ယူနိုက်တက် မှာ ဖြစ်စေ၊ ဂန်းနားများ နဲ့ ဖြစ်စေ လက်တွဲ ကစားဖို့ သင့်တော်မှာ ဖြစ်ပြီး Hojlund ဒါမှမဟုတ် Gabriel Jesus တစ်ဦးဦး ကို ရွေးချယ် လေ့လာဖို့ အခွင့်အလမ်း တစ်ခု ဖြစ်နေပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment