Mason Melia အတွက် တိုက်ပွဲဝင်ရမယ့် ပရီးမီးယားလိဂ်အသင်းများ။

Mason Melia _ is wanted by Man United FB
October 18, 2023

လူငယ် ကြယ်ပွင့် Mason Melia [ မေဆင် မယ်လီယာ ] အတွက် ရင်ဆိုင်ရမယ့် EPL အသင်းများ။

Mason Melia [ မေဆင် မယ်လီယာ ] ဟာ လက်ရှိမှာ ဘရိုက်တန် ရဲ့ အီဗန် ဖာဂူဆန် နဲ့ ခြေစွမ်းချင်း နှိူင်းယှဥ်ခံထားရပြီး ၎င်း လူငယ် ကစားသမား ကို ခေါ် ယူဖို့ ချဲလ်ဆီး၊ မန် ယူနိုက်တက်၊ နဲ့ မန် စီးတီး တို့က အပြိုင် ဖြစ်နေကြတယ်လို့ သိရပါတယ်။

တိုက်စစ်မှူး Mason Melia [ မေဆင် မယ်လီယာ ] ဟာ အသက် ၁၆ နှစ်သာ ရှိသေးပြီး သူ့ ရဲ့  ထွန်းပေါက်လာတဲ့ ဂုဏ်သတင်းဟာ ပရီးမီးယားလိဂ် ရဲ့ အကြီးဆုံး ကလပ်များထံမှ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

မေဆင် မယ်လီယာ အတွက် ပြောင်း‌ရွှေ့ ကြေး။

အထက် ဖော်ပြပါ အီဗန် ဖာဂူဆန်ဟာ အိုင်ယာလန် ကလပ် Bohemians မှ Brighton & Hove Albion သို့ ပြောင်းရွှေ့ရန် လိုလားတာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ စိတ်ဝင်စားမှု ကို ငြင်းပယ်ခဲ့ပါတယ်။

အသက် ၁၈ နှစ်အရွယ် တိုက်စစ်မှူး အီဗန် ဖာဂူဆန်ဟာ အခု အိုးလ်ထရက်ဖို့ဒ် ကလပ် မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ရန် အပြင်းအထန် ချိတ်ဆက်မှု‌တွေ ရှိ‌နေပါတယ်။

Mason Melia _ Evan Ferguson vs Arsenal

ဘရိုက်တန် တိုက်စစ်မှူး ဖာဂူဆန်။

ဒါပေမယ့်လည်း သဘောတူညီမှု ရရှိရန်အတွက် ဘရိုက်တန် အသင်းဘက်က ချယ်လ်ဆီး တို့ Moises Caicedo (ယူရို 116 သန်း) အတွက် ပေးချေခဲ့ တဲ့ အလားတူ အခကြေးငွေကို တောင်းဆိုရန် စီစဉ်ထားပါတယ်။

အိုင်ယာလန်လိဂ် ရဲ့ အသက် အငယ်ဆုံး ဂိုးသွင်းသူ Mason Melia [ မေဆင် မယ်လီယာ ]။

မည်သို့ပင် ဆိုစေကာမူ Seagulls [ ဘရိုက်တန် ] အသင်းဟာ Ferguson ကို တတ်နိုင်သမျှ ကြာအောင် ထိန်းသိမ်းထားလိုသောကြောင့် သဘောတူညီမှု က မကြာခင် လတ်တလော အတွင်းတော့ ဖြစ်လာနိုင်ဖွယ် မရှိလို့ ဆိုလိုပါတယ်။

ဆယ်ကျော်သက် တိုက်စစ်မှူး Mason Melia နဲ့ အလားတူ အခြေအနေမျိုး ကို ရှောင်ရှားရန် ကြိုးပမ်းမှုမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အိုင်ယာလန်လူငယ်ကို ခေါ်ယူရန် စိတ်အားထက်သန်နေတဲ့ အသင်းများစွာထဲမှာ ပါဝင်နေပါသည်။

Mason Melia _- at Ireland

အိုင်ယာလန် ကြယ်ပွင့် မယ်လီယာ။

St Patrick’s Athletic ရဲ့  တိုက်စစ်မှူး Mason Melia ဟာ စက်တင်ဘာလကမှ အသက် ၁၆ နှစ် ပြည့်ခဲ့ပြီး ကလပ်အတွက် သူ့ ရဲ့ ပထမ အသင်း ပွဲဦးထွက်ကို ကစားခဲ့ပါတယ်။

203 အစောပိုင်းက UCD နှင့် ပွဲတွင် ဂိုး သွင်းယူခဲ့ပြီးနောက် တိုက်စစ်မှူး မေဆင် မယ်လီယာ ဟာ အိုင်ယာလန်လိဂ် ရဲ့ အသက် အငယ်ဆုံး ဂိုးသွင်းသူ ဖြစ်လာခဲ့ပါတယ်။

ယူနိုက်တက် အသင်းက Mason Melia အစမ်းခန့် သဘောမျိုး ခေါ် ချင်နေပါတယ်။

ခြုံငြုံကြည့်ရရင် မေဆင် မယ်လီယာဟာ အိုင်ယာလန်လိဂ် မှာ  ပွဲကစားချိန် စုစုပေါင်း ၁၁၃ မိနစ်အတွင်း St Pat’s အတွက် ၂ ဂိုးနှင့် ဂိုးဖန်တီးမှု တစ်ခု အထိ ပြုလုပ်ထားပြီး  ပြီးခဲ့တဲ့ အပတ်က Armenia U-17 အသင်း ကို ၄-၀ ဂိုး နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။

TEAMTalk ရဲ့ ဖော်ပြချက်အရ မေဆင် မယ်လီယာ ဟာ မန်ချက်စတာ စီးတီး အသင်း နဲ့  ချဲလ်ဆီး အသင်းတို့ ဆီမှာ  အစမ်းခန့် အချိန်ကို ကုန်ဆုံးခဲ့ပြီး ဖြစ်ပါတယ်။

Mason Melia _- youngest scorer of Ireland league

အိုင်ယာလန်လိဂ်ရဲ့ အသက်အငယ်ဆုံး ဂိုးသွင်းသူ မေဆင် မယ်လီယာ။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းဘက်ကလည်း အိုင်းရစ်ခ်ျသား လူငယ် ကြယ်ပွင့်ကို ပြောင်းရွှေ့ရန် မျက်စိကျနေသောကြောင့် သူ့ ကို အစမ်းခေါ်ဆောင်သွားရန် ဆန္ဒ ရှိနေပါတယ်။

လီဗာပူးလ် အသင်း အနေနဲ့ အရင်က အသက် ၁၆ နှစ်အရွယ် တိုက်စစ် ကစားသမားကို အသင်း အင်အား ဖြည့်တင်းဖို့ ခေါ် ယူရန် ချိတ်ဆက်မှုများ ရှိခဲ့ပါတယ်။

မကြာသေးမီ လများအတွင်းတွင် ချယ်လ်ဆီး၊ မန်ယူ နှင့် မန်စီးတီးတို့က ၎င်းတို့ကို ကျော်တက်ကာ မီလီယာကို ခေါ်ယူရန် အပြိုင်အဆိုင် ကြိုးပမ်းမှုများကြောင့် လီဗာပူးလ် နှင့် ချိတ်ဆက်မှုများ ငြိမ်သက်သွားခဲ့ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment