Toney ကို ခေါ်ယူဖို့ ပစ်မှတ်ထားလာတဲ့ ယူနိုက်တက်။
တိုက်စစ်မှူး Toney [ အိုင်ဗန်တိုနေး ] ကို ခေါ်ယူဖို့ ပစ်မှတ်ထားလာတဲ့ မန်ချက်စတာ ယူနိုက်တက်။
Toney [ အိုင်ဗန်တိုနေး ] ဟာ လက်ရှိ ဘရန့်ဒ်ဖို့ဒ်အသင်းမှာ ဂိုးသွင်း တာဝန်အတွက် အဓိက အရေးပါတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး ယူနိုက်တက်အသင်းက သူ့ကို ရော်နယ်ဒိုရဲ့ နေရာအတွက် ရေရှည်ဆံခံသူအဖြစ် ပစ်မှတ်ထားလျက် ရှိနေပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ သူတို့ရဲ့ တိုက်စစ် လမ်းကြောင်း မှာ နောက်ထပ် အားဖြည့်ဖို့ လိုအပ် နေပြီး မကြာခင် အနာဂတ် မှာ ဘရန့်ဖို့ဒ် တိုက်စစ်မှုး အိုင်ဗန်တိုနေး ကို ခေါ်ယူ ဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နိုင်ပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
တိုက်စစ်ကစားသမားတချို့ လိုအပ်နေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း။
သရဲနီတွေဟာ တိုက်စစ်ပိုင်းမှာ ကစားသမားအင်အား အခြေအနေက ရေရှည်အတွက် စိတ်ပူစရာ ဖြစ်နေပါတယ်။ မားကပ်စ် ရပ်ရှ်ဖို့ဒ်က ထိပ်ဆုံးမှာ ကစားနေခဲ့ပြီး အန်တိုနီ မာရှယ်က ကလပ်ကနေ ထွက်ခွာဖို့ စိတ်အားထက်သန်နေကာ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အနာဂတ်ကတော့ မရှင်းလင်းသေးပါဘူး။
ဒါကြောင့်မို့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ တိုက်စစ်ပိုင်း အတွက် တခြား ရွေးချယ်စရာတွေကို ရှာဖွေနေပြီး သူတို့ရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် အသင်းတွေဆီကနေ တိုက်စစ်ကို ခေါ်ယူဖို့ သွေးဆောင်ခံရနိုင်ပါတယ်။
ဘရန့်ဖို့ဒ် တိုက်စစ်မှူး Toney [ အိုင်ဗန်တိုနေး ] ကတော့ ရာသီအစပိုင်း ကတည်းက ကောင်းမွန်စွာ စတင်နိုင်ခဲ့ပြီး မကြာခင် ကာလအတွင်းမှာ မန်ချက်စတာ ယူနိုက်တက်အသင်းကနေ သူ့ကို ခေါ်ယူဖို့ ချိတ်ဆက်ခံရဖွယ် ရှိနေပါတယ်။
အင်္ဂလန်သား Toney [ အိုင်ဗန်တိုနေး ] ကို ခေါ် ယူဖို့အတွက် ယူနိုက်တက်က ချိတ်ဆက်နိုင်ပါတယ်။
တချို့သော သတင်းတွေအရ ဘရန့်ဖို့ဒ်အသင်းဟာ သူတို့ရဲ့ ကြယ်ပွင့်တွေကို ဆက်လက်ထိန်းထားဖို့ စိတ်အားထက်သန်နေပြီး ဖြစ်နိုင်ချေရှိတဲ့ ကမ်းလှမ်းသူတွေဆီကနေ စိတ်ဝင်စားမှုကို တားဆီးဖို့ အတွက် စာချုပ်သစ် တစ်ရပ်ကို ကမ်းလှမ်း ချုပ်ဆိုဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။
အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးဟာ အခုရာသီတွင် ဘရန့်ဖို့ဒ်အသင်းအတွက် ၁၀ပွဲ ကစားထားပြီး လိဒ်ယူနိုက်တက်နဲ့ ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မကြာသေးခင်က နောက်ဆုံးကန်ခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဥ်မှာလည်း အသင်းအတွက် အနိုင်ဂိုး ၂ ဂိုးလုံးကို သွင်းယူနိုင်ခဲ့ပါတယ်။
သူဟာ အသင်းအတွက် ၁၀ ပွဲ ကစားထားရာမှာ သွင်းဂိုး ၈ ဂိုးအထိ သွင်းယူထားနိုင်ပြီး ၂ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားနိုင်ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဥ် ၁၀ အပြီးမှာ သူဟာ သွင်းဂိုး ၈ ဂိုးနဲ့ အယ်လိန်း ဟာလန်းနဲ့ ဟယ်ရီ ကိန်းတို့ရဲ့နောက် တတိယနေရာမှာ ရပ်တည်နေပါတယ်။
အံ့ဩစရာကောင်းလောက်အောင် သူ့ရဲ့ ကောင်းမွန်တဲ့ ခြေစွမ်းကြောင့် စက်တင်ဘာလမှာ ကျင်းပခဲ့တဲ့ Nations League ပွဲစဉ်တွေ အတွက် နည်းပြ ဂါရတ်ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းထံ ဆင့်ခေါ်ခြင်း ခံခဲ့ရပါတယ်။ ဒီဆောင်းရာသီမှာ ကာတာကို သွားရောက်မယ့် ကမ္ဘာ့ဖလားအသင်းမှာ နေရာ တစ်နေရာ ရယူနိုင်ခဲ့မယ်ဆိုရင်တော့ တကယ်ကို အထင်ကြီးစရာပါပဲ။
ဘရန့်ဖို့ဒ်အသင်းနဲ့ Toney [ တိုနေး ] ရဲ့ စာချုပ်သက်တမ်း။
အိုက်ဗန်ဟာ Bees [ ဘရန့်ဖို့ဒ်အသင်း ] နဲ့ ၂၀၂၅ ခုနှစ်အထိ ကြာမြင့်မယ့် စာချုပ်သက်တမ်း ရှိနေသေးတာကြောင့် ကလပ်အသင်းဟာ ညှိနှိုင်းဖို့ ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေပြီး ဘယ်လို ကမ်းလှမ်းမှု မဆို တိုက်စစ်မှူးရဲ့ အပြောင်းအရွှေ့ လက်မှတ်ကို ရယူဖို့ ပမာဏများများ တောင်းဆိုရမှာ ဖြစ်ပါတယ်။
မန် ချက်စတာယူနိုက်တက် အသင်းနဲ့အတူ Toney [ အိုင်ဗန်တိုနေး ] ကို စိတ်ဝင်စားတဲ့ တခြား ကလပ်တွေကတော့ နယူးကာဆယ် ယူနိုက်တက်၊ ဝက်စ်ဟမ်း ယူနိုက်တက်နဲ့ လိဒ် ယူနိုက်တက်တို့ ဖြစ်ပြီး ဆိုလိုတာကတော့ စိတ်ဝင်စားတဲ့ ဘယ်အသင်းမဆို သူ့ လက်မှတ်ရဖို့ အတွက် မြန်မြန်ဆန်ဆန် လှုပ်ရှားရပါလိမ့်မယ်။
ယူနိုက်တက်အသင်း အတွက် ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ ပုံစံကောင်းတွေ ရရှိထားပေမယ့် မာရှယ်နဲ့ တိုက်စစ်မှူးကြီး ရော်နယ်ဒိုတို့ရဲ့ အနာဂတ်အပေါ် သံသယတွေ ရှိနေပါတယ်။
ရိုးမားမှ တမ်မီ အေဘရာဟမ် နဲ့ နာပိုလီမှ ဗစ်တာ အိုစီဟင် တို့ အပါအဝင် တခြားသော တိုက်စစ်ကစားသမား တချို့ကိုလည်း ယူနိုက်တက်အသင်းဆီ ချိတ်ဆက်ထားပြီး သူတို့ အနေနဲ့ အနာဂတ်မှာ ကြီးကြီးမားမား ဆုံးဖြတ်ချက် တစ်ခုခု ချမှတ်ဖို့ ရှိနေပြီ ဖြစ်ပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။