Maguire [ မက်ဂွိုင်းယား ] နဲ့ ယူနိုက်တက်တို့ အနာဂတ်။
အက်စတွန် ဗီလာအသင်းနဲ့ သတင်းထွက်နေတဲ့ ယူနိုက်တက် နောက်ခံလူ Harry Maguire [ ဟယ်ရီ မက်ဂွိုင်းယား ] ။
Maguire [ ဟယ်ရီ မက်ဂွိုင်းယား ] ဟာ အက်စတွန် ဗီလာအသင်းကို ပြောင်းရွှေ့တော့မယ့် ပုံစံမျိုးအဖြစ် မန်ချက်စတာ ယူနိုက်တက်အသင်း ဖန်တစ်ဦးက သက်သေ တစ်ခု တွေ့ရှိခဲ့ပါတယ်။
အဲရစ် တန်ဟက်ဂ် မန်နေဂျာသစ် အဖြစ် ရောက်ရှိလာကတည်းက ဟယ်ရီ မက်ဂွိုင်းယားရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အနာဂတ်ဟာ မရေမရာဖြစ်နေခဲ့ပြီး အခု ဆိုရှယ် မီဒီယာမှာ ဖန်တစ်ဦးဟာ သူ့ရဲ့ ထွက်ခွာတော့မယ့် ” သက်သေ အထောက်အထား ” ကို တွေ့ရှိခဲ့ပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
ဗဟို ခံစစ်မှူးအဖြစ် မက်ဂွိုင်းယားနေရာ တာဝန်ယူနေရတဲ့ လုခ်ရှော။
ဟယ်ရီ မက်ဂွိုင်းယားဟာ ၂၀၁၉ ခုနှစ် သြဂုတ်လမှာ လက်စတာ ကနေ ပေါင်သန်း ၈၀ (ယူရို ၈၇ သန်း) နဲ့ ယူနိုက်တက်သို့ ရောက်ရှိလာခဲ့ပြီး ဗဟို နောက်ခံလူ တစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ကြေး နဲ့ ပြောင်းရွှေ့လာခဲ့ပြီး ဇန်နဝါရီမှာ နည်းပြ ဆိုးလ်ရှားက သူ့ကို အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
ဒါပေမယ့် သူကတော့ လီဆန်ဒရို မာတီနက်ဇ် နဲ့ ရာဖေးလ် ဗာရန်း တို့ နောက် အဲရစ် တန်ဟက် လက်ထက်မှာ ခြေစွမ်း ကျဆင်းသွားခဲ့ပြီး ဘယ်နောက်ခံလူ လုခ်ရှော ဟာ မက်ဂွိုင်းယား အရန်ခုံကနေ စောင့်ကြည့်နေရချိန်မှာ ဗဟိုခံစစ် နေရာမှာတောင် တာဝန်ယူ ကစားနေရပါပြီ။
လီဆန်ဒရို မာတီနက်ဇ် အနေနဲ့ အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလား အနိုင်ရရှိမှုတွင် ပါဝင်ခဲ့ပြီး ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်လည်ရောက်ရှိလာပြီးနောက် ရှောဟာ နော်တင်ဟမ် ဖောရက်စ်၊ ဝုဗ်စ် တို့ကို Clean Sheet နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဥ်တွေမှာ ခံစစ်မှူးအဖြစ် ပါဝင်လာခဲ့ပါတယ်။
ဂန္တဝင် နောက်ခံလူဟောင်း ရီယို ဖာဒီနန် ပြောတဲ့ " ကျွန်တော်သာ Harry Maguire ဆိုရင်... "
“ ကျွန်တော်သာ ဟယ်ရီ မက်ဂွိုင်းယားဆိုရင် အခုအချိန်မှာ အသင်းသစ်ကို ရှာဖွေနေပါပြီ။ သူက အင်္ဂလန်အတွက် အပြစ်ကင်းစင်တယ်။ မန် ချက်စတာ ယူနိုက်တက်မှာက သူ့အတွက် အဆင်မပြေပါဘူး။ ”
“ ဒီ မန်နေဂျာအသစ်က သူကို ထိပ်တန်း ဗဟို နောက်ခံလူ နှစ်ယောက်ထဲက တစ်ယောက်ဖြစ်မှာမဟုတ်ဘူးဆိုတာကို ပြသနေပါတယ်။ ကျွန်တော်ပုံမှန် ကစားခွင့် ရနိုင်တဲ့ ကလပ် အသစ်တစ်ခုကို ရှာမှာပါ။ ”
“ ပြီးရင်တော့ ကျွန်တော့်ရဲ့ ဘောလုံးကို ပျော်ရွှင်စွာကစားဖို့ ကျွန်တော့်အေးဂျင့်ကို ပြောပြချင်ပါတယ်။ ” လို့ ယူနိုက်တက် ဗဟို နောက်ခံလူဟောင်း ရီယိုဖာဒီနန်က အားကစား သတင်း ဌာန BT Sport ကို ပြောကြားခဲ့ပါတယ်။
ပရိတ်သတ်တစ်ဦး ရဲ့ မက်ဂွိုင်းယားနဲ့ ပတ်သက်ပြီး သက်သေ။
ဟယ်ရီမက်ဂွိုင်းယားဟာ မကြာသေးခင်က အက်စတွန် ဗီလာ လေ့ကျင့်ရေးစခန်း အနီးရှိ စားသောက်ဆိုင် တစ်ခုမှာ သူ့ရဲ့ အေးဂျင့်နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒါဟာ ပရိတ်သတ် တစ်ဦးရဲ့ ဖော်ပြချက်ကြောင့် Harry Maguire [ မက်ဂွိုင်းယား ] ဟာ ဒီလို တကယ် လုပ်ဆောင်ခဲ့ပုံပါပဲ။
“ Harry Maguire ဟာ ဒီနေ့ ဗီလာ လေ့ကျင့်ရေး စခန်းနားက စားသောက်ဆိုင်မှာ သူ့ရဲ့ အေးဂျင့်နဲ့တွေ့ခဲ့ပါတယ်။ ” လို့ စားသောက်ဆိုင်နဲ့ မလှမ်းမကမ်း နေရာက ရိုက်ကူးထားတဲ့ ကစားသမားရဲ့ ပုံနဲ့အတူ သူက ရေးသားခဲ့ပါတယ်။
ယူနိုက်တက်ဟာ မက်ဂွိုင်းယားအတွက် ယူရို ၈၇ သန်း ပေးချေမှုလိုမျိုး မည်သည့်အရာမှ ရရှိမှာ မဟုတ်ပေမယ့် မကြာသေးခင်က ကာတာမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အတွက် ခြေစွမ်းကြောင့် တန်ကြေးက ယူရို ၃၄ သန်း ပတ်ဝန်းကျင် ရှိနေပါသေးတယ်။
အက်စတွန်ဗီလာ အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နောက်မှာ ၁၃ မှတ် အကွာနဲ့ အဆင့် ၆ ဆင့် အထိ ကွာဟနေပြီး အမှတ်ပေး ဇယားရဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပါတယ်။
ဒါပေမယ့်လည်း သူတို့ဟာ ထိပ်တန်း နာမည်ကြီး ကစားသမားတွေကို ဆွဲဆောင်ထားနိုင်ဆဲ ဖြစ်ပြီး ဖိလစ်ပီ ကော်တင်ဟိုက ပြီးခဲ့တဲ့ နွေရာသီက ဘာစီလိုနာကနေ ယူရို သန်း ၂၀ နဲ့ အပြီးသတ် ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။