Milan Skriniar ကို ခေါ်ယူနိုင်ဖို့ အခွင့်အရေး။

အင်တာမီလန် နောက်ခံလူ Milan Skriniar [ မီလန် စခရီနီယာ ] ကို ခေါ်ယူဖို့ အခွင့်အရေး။
Milan Skriniar [ မီလန် စခရီနီယာ ] ကြောင့် စိတ်ပျက်လက်ပျက် ကျန်ခဲ့တဲ့ ကလပ်အသင်းတွေ ထဲမှာ ချဲလ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ပါဝင်သွားဖွယ်ရှိတယ်လို့ အီတလီသတင်းတွေအရ သိရပါတယ်။
အင်တာ မီလန် နောက်ခံလူ မီလန် စခရီနီယာဟာ ပြီးခဲ့သော ခြောက်လတာ ကာလအတွင်း ကလပ် အများအပြားရဲ့ ဆန်ခါတင် စာရင်းတွင် ပါဝင်နေပြီး ဇွန်လတွင် ကလပ်အသင်းနှင့် စာချုပ်သက်တမ်းvကုန်ဆုံးမည်ဆိုသော အချက်ကြောင့် Nerazzurri မှ ထွက်ခွာနိုင်တယ်လို့ ထင်ကြေးပေးခဲ့ကြပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
အင်တာမီလန်အသင်း မှာ ရေရှည် အနာဂတ် မျှော်မှန်းထားပုံရတဲ့ Milan Skriniar[ မီလန် စခရီနီယာ ]။
နောက်ခံလူကို ပရီးမီးယားလိဂ် အသင်းတွေထဲက စိတ်ဝင်စားမှုများစွာ ရှိခဲ့ပြီး ချဲလ်ဆီးအသင်းဟာ အဆိုပါ ကစားသမားနဲ့ အနီးကပ် ချိတ်ဆက်မှု အများဆုံး ရှိနေတဲ့ ပရီးမီးယားလိဂ် အသင်းတစ်သင်း ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်နဲ့ မန်ချက်စတာ စီးတီးအသင်းတို့ကလည်း ကစားသမားကို အလားအလာရှိတဲ့ အပြောင်းအရွှေ့နဲ့ဲ့ဆက်စပ်နေကြတဲ့ ပရီးမီးယားလိဂ် အသင်းတွေပဲ ဖြစ်ပါတယ်။ ဒါအပြင် PSG ဟာလည်း သူတို့ရဲ့ နောက်တန်းကို အားဖြည့်ဖို့ နောက်ခံလူကို မျက်စိကျခဲ့ကြပါသေးတယ်။

အင်တာမှာ ပျော်ရွှင်နေတဲ့ စခရီနီယာ။
“ စခရီနီယာ နဲ့ နှစ်ရှည် စာချုပ်သစ်အတွက် သဘောတူညီမှု ရဖို့ အတွက် ကျွန်တော် တကယ်ကို ယုံကြည်မှုရှိပြီး အကောင်းမြင်ပါတယ်။ သူ့ အေးဂျင့်တွေနဲ့ အဆက်အသွယ်ရပြီး လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ တံဆိပ်ခတ်ခံရဖို့ မျှော်လင့်ပါတယ်။ ” ဟု အင်တာမီလန် စီအီးအို ဘတ်ပီ မာရိုတာက ပြောကြားခဲ့ပါတယ်။
အီတလီကလပ် အသင်းက ဆလိုဗက်ကီးယား လက်ရွေးစင် ဗဟိုခံစစ် ကစားသမား Milan Skriniar [ မီလန် စခရီနီယာ ] ကို နှစ်ရှည်စာချုပ်နဲ့ အသင်းခေါင်းဆောင်ရဲ့ ဂုဏ်သိက္ခာကိုလည်း ကမ်းလှမ်းဖို့ စီစဉ်နေပါတယ်။
ဘာကြောင့် Milan Skriniar [ မီလန် စခရီနီယာ ] အင်တာကနေ မထွက်ခွာရတာလဲ။
အားကစား သတင်းဌာန Foot Mercato ရဲ့ အစီရင်ခံစာအရ နောက်ခံလူ မီလန် စခရီနီယာဟာ အင်တာမီလန်ကနေ ထွက်ခွာမှာ မဟုတ်တဲ့ အဓိက အကြောင်းရင်းတစ်ခု ရှိနေပါတယ်။
အဲ့ဒါကတော့ သူ့ရဲ့ ဇနီးဟာ လက်ရှိမြို့နဲ့ နိုင်ငံမှာ အတည်တကျ ဖြစ်လို့ ဘယ်မှမပြောင်းချင်တာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူမဟာ နောက်ခံလူကို လက်ရှိနေရာမှာပဲ ဆက်နေဖို့ တွန်းအားပေးခဲ့ပါတယ်။

စခရီနီယာနဲ့ သူ့ရဲ့ ဇနီး
မီလန်စခရီနီယာကလည်း အင်တာမီလန်အသင်းမှာ ပျော်ရွှင်နေပါတယ်။ အသင်းက ပြည်တွင်းမှာ အနည်းငယ် ရုန်းကန်နေရပြီး ၂၀၂၀/၂၁ မှာ ရရှိခဲ့တဲ့ စီးရီးအေ ချန်ပီယံဆုကို ပြန်လည်ရယူဖို့ အခွင့်အရေး နည်းပေမယ့် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို ရောက်ရှိသွားခဲ့ပါပြီ။
ဒါ့အပြင် အင်တာမီလန်ကနေ ကမ်းလှမ်းတဲ့ ပက်ကေ့ခ်ျဟာ သူ့အတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်နေပါတယ်။ သူ့အနေနဲ့ တစ်နှစ်ကို ယူရို ၇ သန်း ဝန်းကျင်တန်ဖိုးရှိတဲ့ လေးနှစ်စာချုပ်ကို PSG က ကမ်းလှမ်းထားတာထက် နည်းပါးပေမယ့် လက်ရှိ ရရှိသည်ထက် နှစ်ဆပိုများနေပါတယ်။
စခရီနီယာနဲ့ အသင်းရဲ့ သဘောတူညီမှုဟာ တိုက်စစ်မှူး ရိုမီလူ လူကာကူ ပြီးရင် အင်တာမီလန် သမိုင်းမှာ ဒုတိယ အကြီးဆုံး သဘောတူညီမှုကြီး တစ်ခုလည်း ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းကို ငြင်းပယ်ခဲတဲ့ မီလန် စခရီနီယာ။
Gazzetta dello Sport ရဲ့ အဆိုအရ စခရီနီယာဟာ ဘာစီလိုနာအတွက် ခေါ်ယူဖို့ ရွေးချယ်မှုကို မစဉ်းစားဘဲ ပီအက်စ်ဂျီကို ပြောင်းရွှေ့လိုခြင်း ဒါမှမဟုတ် အင်တာမီလန်မှာ စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိနေခဲ့တာဖြစ်ပါတယ်။
အဲ့ဒီတုန်းက ဂျတ်ရတ် ပီကေးရဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီး အသင်းကနေ ထွက်ခွာဖို့ စီစဉ်ထားတာကြောင့် နူးကမ့်မှာ နောက်ထပ်နောက်ခံလူတစ်ဦးအတွက် နေရာလွတ်ရှိပေမယ့် သူတို့ကို ငြင်းပယ်ခဲ့ဖူးတာကြောင့် အဆိုပါ နောက်ခံလူဟာ စခရီနီယာမဟုတ်ဘဲ တခြားတစ်ယောက်ယောက် ဖြစ်နေမှာပါ။

ဘာစီလိုနာနဲ့ တွေဆုံခဲ့စဥ်က စခရီနီယာ။
PSG အသင်းဟာ အနာဂတ်မှာ သူ့ကို ပြင်သစ်မြို့တော်ဆီ ခေါ်ဆောင်ဖို့ ပြင်းပြင်းထန်ထန် စိတ်ဝင်စားနေဆဲ ဖြစ်ပြီး ပြင်သစ်ချန်ပီယံအသင်းဟာ မီလန် စခရီနီယာရဲ့ အပြောင်းအရွှေ့ကို အတော်လေး စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
အီတလီကလပ် အင်တာမီလန်အသင်းမှာ Milan Skriniar [ မီလန် စခရီနီယာ ] ကို ကမ်းလှမ်းထားတဲ့ စည်းကမ်းချက်တွေနဲ့ ကိုက်ညီတဲ့ အကြောင်းအရာကြောင့် ချဲလ်ဆီး၊ မန်ချက်စတာ ယူနိုက်တက်၊ ဒါမှမဟုတ် PSG ကို ပြောင်းရွှေ့ဖို့ အနည်းငယ်သာ လိုအပ်နေပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။