Joe Hugill ရဲ့ ယူနိုက်တက်နဲ့ စာချုပ်သစ်။

ယူနိုက်တက် ကြယ်ပွင့် Joe Hugill [ ဂျိုးဟူဂီလ် ] အတွက် အနာဂတ် စာချုပ်သစ်။
Joe Hugill [ ဂျိုးဟူဂီလ် ] ဟာ သူ့ ရဲ့ အနာဂတ်ကို အဲရစ် တန်ဟက်ဂ် ရဲ့ မန် ယူနိုက်တက် အသင်းဆီ ပုံအပ်ဖို့ ပြင်ဆင်နေပြီး အခု သီတင်းပတ်မှာ စာချုပ်သစ် ချုပ်ဆိုဖို့ မျှော်လင့်ထားကြောင်း သိ ရ ပါတယ်။
မန် ယူနိုက်တက် ကြယ်ပွင့် Joe Hugill [ ဂျိုးဟူဂီလ် ] ဟာ အခု ရာသီ ပထမ အသင်းမှာ မပါဝင်ရသေးပေမယ့် ရာသီကြို ခရီးစဉ်မှာ ပါဝင်ခဲ့ပြီး သူ့ ရဲ့ စွမ်းဆောင်ရည်တွေက နည်းပြ Ten Hag ကို သဘောကျစေခဲ့ပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
မကြာခင် ယူနိုက်တက် အသင်း နဲ့ စာချုပ်သစ်ချုပ်ဆိုဖွယ် ရှိနေတဲ့ Joe Hugill [ ဂျိုးဟူဂီလ် ]။
အသက် 19 နှစ်အရွယ် ဗဟို တိုက်စစ်မှူး Joe Hugill [ ဂျိုးဟူဂီလ် ] ဟာ ပရီးမီးယားလိဂ် ၂ မှာ မန်ယူ U 21 နဲ့ အတူ သူ့ရဲ့ အပြုသဘောဆောင်တဲ့ ပုံစံကို ဆက်လက် ပြသခဲ့ပြီး ဖြစ်ပါတယ်။
သူဟာ ယူနိုက်တက် ယူ ၂၁ အသင်းနဲ့အတူ ၄ ပွဲကစား၊ ၃ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားပါတယ်။ EFL ဆုဖလား ပြိုင်ပွဲမှာလည်း Stockport အသင်းဘက်ကို ဂိုးသွင်းယူခဲ့ပါတယ်။

ယူနိုက်တက်လူငယ် တိုက်စစ်မှူး ဂျိုး ဟူဂီလ်။
The Daily Mail ရဲ့ ဖော်ပြချက်အရ Joe Hugill [ ဂျိုးဟူဂီလ် ] ဟာ ကလပ်အသင်း နဲ့ ၃ နှစ်သက်တမ်းရှိပြီး နောက် ရာသီတစ်ခု ရွေးချယ်ခွင့်ရှိသည့် စာချုပ်သစ် တစ်ရပ်ကို အခု တစ်ပတ် မှာ ချုပ်ဆိုနိုင်ဖွယ် ရှိကြောင်း သိရပါတယ်။
တိုက်စစ်မှူး Joe Hugill [ ဂျိုးဟူဂီလ် ] ကို ခေါ် ယူချင်နေတဲ့ ဆန်းဒါးလန်း။
ဆယ်ကျော်သက် လူငယ် တိုက်စစ်မှူးဟာ လက်ရှိမှာ ပထမအသင်း နဲ့ လေ့ကျင့်နေတာ ဖြစ်ပြီး ဒါဟာ တစ်ရာသီ အငှားထက်စာရင် သူ့ရဲ့ တိုးတက်မှု အတွက် ပိုကောင်းတဲ့ ရွေးချယ်မှု တစ်ခုလို့ နည်းပြ အဲရစ် တန် ဟက်ဂ် က ယုံကြည်နေပါတယ်။
တစ်ဖက်က တွေးကြည့်မယ်ဆိုရင်လည်း လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ Joe Hugill [ ဂျိုးဟူဂီလ် ] ကို ပထမ အသင်း အတွေ့အကြုံ ရရှိစေဖို့ အသင်ကနေ ထွက်ခွာခွင့် ပြုမယ်လို့လည်း မျှော်လင့်ရပါတယ်။

Joe Hugill vs Stockport
ချန်ပီယံရှစ်ကလပ် ဆန်းဒါးလန်း အသင်းဟာ အရင်က သူတို့ ရဲ့ Stadium of Light ( ဆန်းဒါးလန်း အသင်း ) မှာ ကစားခဲ့တဲ့ Joe Hugill ကို ခေါ်ယူရန် ပြိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
အမှန်တကယ်တော့၊ Black Cats ( ဆန်းဒါးလန်း အသင်း ) ဟာ အခုနှစ် အစောပိုင်းက သူ့ကို အငှားဖြင့် ခေါ်ယူရန် ကြိုးစားခဲ့ပေမယ့် အဲ့ဒီ ကမ်းလှမ်း မှုက ငြင်းပယ်ခံခဲ့ရပါတယ်။
ဂျိုး ဟူဂီလ် ရဲ့ ယူနိုက်တက် အသင်း နဲ့ အနာဂတ်။
ဆန်းဒါးလန်း အသင်းမှာ Amad Diallo ရဲ့ ပြင်းထန်တဲ့ အငှား စွမ်းဆောင်ရည်ကို ပြသပြီးနောက်မှာ ယူနိုက်တက် အသင်းဟာ သူ့ ရဲ့ ကစားပုံကို ပိုပြီး တိုးတက်စေရန် အတွက် တိုက်စစ်မှူးကို အဲ့ အသင်းဆီပဲ ပြန်ပို့ဖို့ အဆင်သင့် ဖြစ်နိုင်ပါတယ်။
နေရာ အရပ်ရပ်မှာ အစီရင်ခံစားများ အရ လူငယ် တိုက်စစ်မှူး ကို လက်မှတ်ထိုး ခေါ် ယူဖို့ လိဂ်ဝမ်း ကလပ်အသင်း များစွာမှ စိတ်ဝင်စားမှု ရှိကြောင်း သိရှိရပါတယ်။

ဆန်းဒါးလန်း လူငယ်တိုက်စစ်မှူး ဂျိုး ဟူဂီလ်။
နယ်သာလန်သား နည်းပြ အဲရစ် တန် ဟက်ဂ် က သူ့ ရဲ့ ရည်မှန်းချက်မှာ ပထမ အသင်း နဲ့ ပေါင်းစည်းဖို့ အဆင်ပြေနိုင်တဲ့ လူငယ် ကစားသမားများ ပိုမိုရရှိစေဖို့ပဲ ဖြစ်ပါတယ်။
ဒီအချက်က လူငယ် တိုက်စစ်မှူး Joe Hugill [ ဂျိုး ဟူဂီလ် ] အနေနဲ့ ယူနိုက်တက် အသင်း နဲ့ အတူ အနာဂတ်မှာ အခွင့်အရေးများ ပိုမိုရရှိရန် တံခါးဖွင့်ပေးထားကြောင်း သက်သေပြနေပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။