Rayan Cherki ကို ပစ်မှတ်ထားနေတဲ့ ယူနိုက်တက်။
လိုင်ယွန် ကြယ်ပွင့် Rayan Cherki [ ရာယန် ချာကီ ] ကို ခေါ် ယူဖို့ ပစ်မှတ်ထားနေတဲ့ ယူနိုက်တက်။
Rayan Cherki [ ရာယန် ချာကီ ] ဟာ Sir Jim Ratcliffe အနေနဲ့ ယူနိုက်တက် ပိုင်ရှင်သစ် အဖြစ် ကလပ်ကို ရောက်ရှိဖို့ ပြင်ဆင်နေချိန် မန် ယူနိုက်တက် ရဲ့ ခေါ် ယူဖို့ ရေဒါမှာ ပါဝင်နေပါတယ်။
အမှန်တကယ်တော့ အသက် ၂၀ နှစ် အရွယ် ကစားသမား Rayan Cherki [ ရာယန် ချာကီ ] ကို ပရီးမီးယားလိဂ် ကို ပြောင်းရွှေ့ ဖို့ ချိတ်ဆက်နေတာ အတော်လေးကို ကြာနေပါပြီ။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
ပိုင်ရှင်သစ် Ratcliffe ရောက်ရှိမှု နဲ့အတူ Rayan Cherki [ ရာယန် ချာကီ ] ရဲ့ အပြောင်းအရွှေ့။
အင်္ဂလန် ဘီလီယံနာကြီး Ratcliffe ရဲ့ ယူနိုက်တက်ဆီ မကြာမီ ရောက်ရှိလာမှု နဲ့အတူ Rayan Cherki [ ရာယန် ချာကီ ] ကို အဓိက အပြောင်းအရွှေ့ ပစ်မှတ် အဖြစ် သရဲနီ တွေက သတ်မှတ်ခဲ့တာကို မြင်တွေ့ ခဲ့ ရပါတယ်။
မန်ချက်စတာ ယူနိုက်တက်က ပြင်သစ်သားကို ခေါ် ယူဖို့ စိတ်ဝင်စားနေတာ ကြာပြီ ဖြစ်ပြီး Ratcliffe က Cherki ကို ၂၀၂၄ မှာ Old Trafford ဆီ ခေါ်ဆောင်သွားချင်တယ်လို့ သိရပါတယ်။
Ratcliffe ဟာ လက်ရှိမှာ Ligue 1 ကလပ် OGC Nice အသင်းရဲ့ ပိုင်ရှင် ဖြစ်ပြီး ပြင်သစ်ရှိ သူ့ ရဲ့ ချိတ်ဆက်မှုများသည် Cherki ကို ခေါ် ယူဖို့ အထောက်အကူ ဖြစ်နိုင်ပါတယ်။
ဒီရာသီ လိုင်ယွန် အတွက် Rayan Cherki [ ရာယန် ချာကီ ] ရဲ့ စွမ်းဆောင်ရည်။
ညာတောင်ပံ ကစားသမားအဖြစ် ကစားနိုင်တဲ့ ကွင်းလယ် တိုက်စစ် ကစားသမားဟာ ဒီရာသီမှာ လိုင်ယွန် အသင်းအတွက် ၁၇ ပွဲ ကစားထားခဲ့ပေမယ့် ဒီရာသီမှာ သူ့ ရဲ့ ပထမဆုံး ဂိုးကို သွင်းယူနိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ဂိုးဖန်တီးမှု ၂ ကြိမ်တော့ ပြုလုပ်ထားပါတယ်။
လူငယ် ကြယ်ပွင့် Rayan Cherki [ ရာယန် ချာကီ ] ဟာ အခု ရာသီ လိုင်ယွန် အတွက် နံပါတ် ၁၀ နေရာမှာ ကစားထားပေမယ့် ဘရူနို ဖာနန်ဒက်စ် နဲ့ မေဆင် မောင့် တို့ ရှိနေခြင်းကြောင့် ယူနိုက်တက် ဆီ ပြောင်းမယ်ဆို ညာဘက်ခြမ်းမှာ ကစားရဖွယ် ရှိနေပါတယ်။
အန်တိုနီက လက်ရှိ အိုးထရက်ဖို့ဒ် အသင်းမှာ အဲ့နေရာကို ရယူထားပေမယ့် ဒီရာသီ ဂိုးသွင်းယူထားနိုင်ခြင်း မရှိသေးပါဘူး။ သူ သွင်းယူခဲ့တဲ့ နောက်ဆုံး သွင်းဂိုးကတော့ ဧပြီလ တုန်းက ဖြစ်ပါတယ်။
မန်ယူနိုက်တက်က တိုက်စစ်မှူး အသစ် လိုချင်နေပါတယ်။
ပြင်သစ်သား Cherki [ ရာယန် ချာကီ ] ဟာ ယူနိုက်တက် ရဲ့ ရေဒါမှာ ရှိနေစဉ် Erik ten Hag က ရာစ်မူးစ် ဟော့ချလန်း အား ပံ့ ပိုး ကူညီပေးဖို့ အတွက် ခေါ် ယူမှုမှာ ဗဟို တိုက်စစ်မှူးသစ် တစ်ဦးကို မျက်စိကျနေပါတယ်။
Timo Werner၊ Serhou Guirassy နှင့် Donyell Malen တို့ အားလုံး ချိတ်ဆက်ထားပြီး ဖြစ်နေချိန် အသင်းရဲ့ ကြယ်ပွင့်ဟောင်း မေဆင် ဂရင်းဝုဒ် ကို ပြန်လည် ခေါ် ယူခြင်းက လည်း ရွေးချယ်မှု တစ်ခု ဖြစ်ပါတယ်။
သူဟာ လက်ရှိ မှာ လာလီဂါ ကလပ် Getafe အသင်းမှာ အငှား ကစားနေပြီး ဘုတ်အဖွဲ့ဝင် တချို့ နဲ့ အမျိုးသမီးအသင်း အများစုက ကလပ် အနီးတဝိုက် မှာ သူ့ကို မလိုချင်ကြကြောင်း သိရပါတယ်။
ရီးယဲလ် မက်ဒရစ် နဲ့ ဘာစီလိုနာတို့က ဂရင်းဝုဒ် ကို ခေါ် ယူဖို့ ကောလဟာလတွေ ထွက်နေချိန် တကယ်လို့ ရွေးချယ်စရာ ဖြစ်လာပါက ဂီတာဖေး အနေနဲ့ သူ့ ကို အပြီးသတ် ခေါ်ယူလိုကြောင်း သိရပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။