Amrabat ရဲ့ ယူနိုက်တက်နဲ့ အထူး စာချုပ်အပိုဒ်။

Amrabat had SPECIAL contract clause
September 13, 2023

ယူနိုက်တက် နဲ့ ကွင်းလယ်လူ Amrabat [ ဆိုဖီယန် အမ်မရာဘတ် ] ရဲ့  အထူး စာချုပ်အပိုဒ်။

Amrabat [ ဆိုဖီယန် အမ်မရာဘတ် ] ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ သူ့ ရဲ့ အငှား စာချုပ် နဲ့ အမြဲတမ်း ပြောင်း‌‌ရွှေ့ ခြင်းမျိုး မဖြစ်ပေါ် ပါက သူ့ ရဲ့ ဖီအိုရင်တီးနား စာချုပ် မှာ ထည့်သွင်းထားတဲ့ “အထူးအပိုဒ်” ပါရှိပါတယ်။

ကွင်းလယ်လူ Amrabat [ ဆိုဖီယန် အမ်မရာဘတ် ] ဟာ  နွေရာသီ အပြောင်းအရွှေ့ ကာလ နှောင်းပိုင်းတွင် အိုးထရက်ဖို့ဒ် အသင်းဆီ ယာယီ အပြောင်းအရွှေ့ နဲ့ ကစားဖို့ စာချုပ် အပြီးသတ်နိုင်ခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အမ်မရာဘတ်အတွက် ပြောင်း‌‌ရွှေ့ကြေး တစ်ဝက်ကို ဇန်နဝါရီမှာ ပေးဆောင်ရမယ့် ယူနိုက်တက်။

တကယ်တော့ နည်းပြ Erik ten Hag ရဲ့ အသင်းက Amrabat [ ဆိုဖီယန် အမ်မရာဘတ် ] ကို ပရီမီယာလိဂ် အသင်းထံ တိကျပြတ်သားစွာ ခေါ်ယူနိုင်စေမည့် ရန်ပုံငွေများကို အာမခံ မပေးနိုင်ခဲ့တာကြောင့် အပြောင်းအရွှေ့ ကြန့်ကြာနေခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်း ဟာ ဒီရာသီမှာ မော်ရိုကို ကြယ်ပွင့် ကစားသမား Amrabat [ ဆိုဖီယန် အမ်မရာဘတ် ] အတွက် ယူရို ၁၀ သန်း ပေးချေခဲ့ပြီး တစ်ဝက်ကို ဇန်န၀ါရီလမှာ ပေးချေရမှာ ဖြစ်ပါတယ်။

Amrabat at Morroco

မော်ရိုကိုကြယ်ပွင့် အမ်မရာဘတ်။

အတိအကျ ပြောရရင် အသင်း နဲ့ ကစားသမား အကြား စာချုပ်သက်တမ်း ကုန်ဆုံးတဲ့အထိ သူ့ကို ဆက်ထိန်းထားမယ်ဆိုရင် တစ်ဝက်ကို ဇန်နဝါရီမှာ ပေးချေရမှာ ဖြစ်ပါတယ်။

ဖီအိုရင်တီးနားမှာ တစ်နှစ် အလိုအလျောက် သက်တမ်းတိုခွင့် ရှိတဲ့ ကွင်းလယ်လူ Amrabat [ အမ်မရာဘတ် ] ။

မန် ယူနိုက်တက် အသင်းဘက်က သူ့ ကို ဆက်လက် ထိန်းသိမ်းလိုပါက  ရာသီ အပြီးတွင် Fiorentina အသင်းဆီက ယူရို 25 သန်း နဲ့ Amrabat ကို အပြီးသတ် ၀ယ်ရန် ရွေးချယ်ခွင့် စာချုပ် သဘောတူညီချက်မှာ  ပါရှိပါတယ်။

အသက် 27 နှစ်အရွယ် အမ်မရာဘတ် ရဲ့ ဖီအိုရင်တီးနား နဲ့ လက်ရှိစာချုပ်သည် 2024 ခုနှစ်အထိ သက်တမ်းရှိနေပြီး ရာသီကုန်တာနဲ့ အလွတ်အေးဂျင့် တစ်ဦး ဖြစ်လာမှာ ဖြစ်တာကြောင့် ရှုပ်ထွေးစေမယ့် အစီအစဉ် တစ်ခု ဖြစ်မှာပါ။

Amrabat at Fiorentina

ဖီအိုရင်တီးနား ကွင်းလယ်လူ အမ်မရာဘတ်။

သို့သော်လည်း အဆိုပါ အခြေအနေကို Mirror က ရှင်းပြခဲ့ပါတယ်။ အကယ်၍ မန်ချက်စတာ ယူနိုက်တက် အနေနဲ့ အငှား စာချုပ်မှာ ဝယ်ယူမှု ရွေးချယ်ခွင့်ကို မလုပ်ခဲ့ဘူး ဆိုကြပါစို့။

ဒါဆိုရင် Amrabat အနေနဲ့ သူ့ ရဲ့  Fiorentina သဘောတူညီချက်မှာ သူ့ ရဲ့ စာချုပ်သက်တမ်းကို တစ်နှစ် အလိုအလျောက် သက်တမ်းတိုးမည် ဖြစ်ကြောင်း ဖော်ပြသည့် အပိုဒ်တစ်ပိုဒ် ပါရှိပါတယ်။

ဘာ့ကြောင့် Man Utd က Amrabat ကို စာချုပ် သက်တမ်း မတိုးတဲ့ အခကြေးငွေ ပေးဆောင်ရမှာလဲ?။

တရားဝင်အားဖြင့်၊ Florence တွင် Amrabat ရဲ့ စာချုပ်သည် 2024 ခုနှစ် အထိ သက်တမ်း ကျန်ရှိနေပေမယ့် လက်တွေ့ မှာ ဒါဟာ Fiorentina အနေနဲ့ လာမယ့် နွေရာသီမှာ သူ့အတွက် အခကြေးငွေ ပေးဆောင်နိုင်လိမ့်မယ် ဆိုတဲ့ သဘောတူညီချက် တစ်ခု ဖြစ်ပါတယ်။

မော်ရိုကို လက်ရွေးစင် ကစားသမားဟာ မန် ယူနိုက်တက် အသင်းအတွက် ပွဲဦးထွက် မကစားရသေးဘဲ ကျောဒဏ်ရာကြောင့် လက်ရှိနိုင်ငံတကာ ပွဲစဥ်တွေကို လွဲချော်ခဲ့ပါတယ်။

Amrabat will fit with Man United

မကြာခင် ယူနိုက်တက်အသင်းမှာ အံဝင်ဂွင်ကျဖြစ်လာမယ့် အမ်မရာဘတ်။

နောက်ဆုံး ထွက်ရှိထားတဲ့ သတင်းတွေအရ မော်ရိုကို ကြယ်ပွင့်  Amrabat [ ဆိုဖီယန် အမ်မရာဘတ် ] ဟာ စနေနေ့မှာ ကန်မယ့် ဘရိုက်တန် နဲ့ ပွဲမှာ ယူနိုက်တက် အသင်း အတွက် အံဝင်ခွင်ကျ ဖြစ်မယ်လို့ သိရပါတယ်။

နောက်တစ်နေ့ ဗုဒ္ဓဟူးနေ့မှာ ကန်မယ့် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ် အသင်းနဲ့ စတင် ကစားရမယ့် သူ့ ရဲ့ စွမ်းဆောင်ရည် အပေါ် သံသယစိတ်တွေကို အလိုအလျောက် သက်ရောက်စေမယ့် ပုံပေါ်ပါတယ်။

အဲ့ဒီ ဂျာမနီ ခရီးစဥ် ပြီးတာနဲ့ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဥ်အဖြစ် Burnley အဝေးကွင်း၌ ရင်ဆိုင်ရမှာ ဖြစ်ပြီး လိဂ်ဖလားနှင့် လိဂ်ပွဲစဉ်များအဖြစ် အိမ်ကွင်းမှာ ခရစ္စတယ်ပဲလေ့စ် နဲ့ နှစ်ပွဲဆက် ကန်ရမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment