Luka Jovic ကို ခေါ်ယူလိုက်တဲ့ ဖီအိုရင်တီးနားအသင်း
[ လူကာဂျိုဗစ် ] Luka Jovic ဟာ ရီးယဲလ်မက်ဒရစ်ကနေ ဖီအိုရင်တီးနားကို ပြောင်းရွှေ့သွားပါပြီ။
Luka Jovic [ လူကာဂျိုဗစ် ] ဟာ အီတလီကလပ် ဖီအိုရင်တီးနားအသင်းကို ပြောင်းရွှေ့ဖို့ အသင်းကနေ ထွက်ခွာသွားပြီလို့ ရီးယဲလ်မက်ဒရစ်အသင်းကနေ အတည်ပြု ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
ဂျိုဗစ်ဟာ လော့စ်ဘလန်ကို့စ် [ ရီးယဲလ်မက်ဒရစ် ] အသင်းကနေ စိတ်ပျက်ဖွယ် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားခဲ့ပြီး စီးရီးအေ ကလပ်ဖြစ်တဲ့ ဖီအိုရင်တီးနားအသင်းဆီ ပြောင်းရွှေ့သွားတာ ဖြစ်ပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
[ လူကာ ဂျိုဗစ် ] Luka Jovic ရဲ့ ပြောင်းရွှေ့ကြေး
တိုက်စစ်မှူးကို ၂၀၁၉ ခုနှစ်မှာ Eintracht Frankfurt [ ဖရန့်ခ်ဖက် ] အသင်းကနေ ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ နဲ့ ခေါ်ယူခဲ့တာကို ကြည့်ခြင်းအားဖြင့် အခုလို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခွင့်ပြုလိုက်ရတာဟာ တကယ်ကို စိတ်ပျက်စရာပါပဲ။
လူကာဟာ အသင်းသစ် ဖီအိုရင်တီးနား အသင်းနဲ့ နှစ်နှစ်စာချုပ် ချုပ်ဆိုထားတယ်လို့ သိရှိရပါတယ်။ ကစားသမားရဲ့ လုပ်ခ လ,စာကို တရားဝင် ထုတ်ပြန်ထားခြင်းမရှိသေးပေမယ့် ရီးယဲလ်မက်ဒရစ်အသင်းက သူ့ရဲ့ လ,စာကို တစ်ဝက် ပေးဆောင်မှာ ဖြစ်ပါတယ်။
မက်ဒရစ်အသင်းရဲ့ Luka Jovic နဲ့ ပတ်သက်ပြီး ထုတ်ပြန် ကြေညာချက်
ရီးယဲလ်မက်ဒရစ်အသင်းရဲ့ တရားဝင် ဝဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ထုတ်ပြန်ချက်တစ်ခုမှာ အခုလို ရေးသားဖော်ပြထားပါတယ်။ စပိန်ကလပ်အသင်းက ” ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဖီအိုရင်တီးနားတို့ဟာ တိုက်စစ်မှူး လူကာဂျိုဗစ်ရဲ့ အပြောင်းအရွှေ့အတွက် သဘောတူညီခဲ့ကြပါပြီ။ “
“ သူဟာ ရီးယဲလ်မက်ဒရစ်အသင်းမှာ ပါဝင်ခဲ့တဲ့အချိန်အတွင်းမှာ သူ့ရဲ့လုပ်ဆောင်မှုနဲ့ ဇွဲလုံ့လအတွက် သူ့ကိုကျေးဇူးတင်ပါတယ်။ ချန်ပီယံလိဂ် ၁ ကြိမ်၊ လိဂ်ဖလား ၂ ကြိမ်နဲ့ စပိန်စူပါဖလား ၂ ကြိမ်တို့ကို ရရှိခဲ့ပါတယ်။ “
“ သူဟာ ရီးယဲလ်မက်ဒရစ်အသင်းမှာ ပါဝင်ခဲ့တဲ့အချိန်အတွင်းမှာ သူ့ရဲ့လုပ်ဆောင်မှုနဲ့ ဇွဲလုံ့လအတွက် သူ့ကိုကျေးဇူးတင်ပါတယ်။ ချန်ပီယံလိဂ် ၁ ကြိမ်၊ လိဂ်ဖလား ၂ ကြိမ်နဲ့ စပိန်စူပါဖလား ၂ ကြိမ်တို့ကို ရရှိခဲ့ပါတယ်။ “
တိုက်စစ်ကစားသမား Luka Jovic [ ဂျိုဗစ် ] ရဲ့ မက်ဒရစ်မှာ ရှုံးနိမ့်မှု
မက်ဒရစ်အသင်းဟာ ၂၀၁၉ ခုနှစ်မှာ ခရစ္စတီယာနို ရော်နယ်ဒိုနေရာ အစားထိုးဖို့ ဂျိုဗစ်ကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဖရန့်ဖက်အသင်းမှာ စိတ်လှုပ်ရှားစရာကောင်းပြီး ခြေစွမ်းကောင်းတွေရှိခဲ့တဲ့ ရာသီကို ဖြတ်သန်းပြီး ပြိုင်ပွဲစုံ ၄၈ ပွဲ ကစားကာ ၂၇ ဂိုး သွင်းယူပြီး မက်ဒရစ်ကို ရောက်ရှိလာခဲ့ပါတယ်။
ဒါပေမယ့် မက်ဒရစ်ကို ရောက်လာချိန်မှာတော့ သူ့ရဲ့ ခြေစွမ်းကောင်းတဲ့ ပုံစံဟောင်းကို ရရှိဖို့ ဘယ်တုန်းကမှ မနီးစပ်ခဲ့ပါဘူး။ ဖရန့်ခ်ဖက် တိုက်စစ်မှူးဟောင်းဟာ မက်ဒရစ်ကို ရောက်ရှိလာပြီးနောက် ဆိုးဆိုးရွားရွား ရုန်းကန်ခဲ့ရပါတယ်။
ဒါကြောင့်မို့ ၁၈ လ အကြာမှာ သူရင်းနှီးတဲ့ ကလပ်အသင်းမှာ ကောင်းမွန်တဲ့ ဂိုးသွင်းပုံစံတွေ ပြန်လည် ရရှိစေဖို့ အသင်းဟောင်း ဖရန့်ခ်ဖက်ဆီ အငှားခံခဲ့ရပါတယ်။ သို့ပေမယ့် ၁၈ ပွဲမှာ ၄ ဂိုးပဲ သွင်းနိုင်တာက သူ့ရဲ့ ဂိုးသွင်းမှု စံချိန်ဟောင်းကို ချိုးဖျက်ဖို့ ခက်ခဲမယ် ဆိုတာ သက်သေတစ်ခုပါပဲ။
မက်ဒရစ်ရဲ့ တိုက်စစ်ပိုင်းကို ဘယ်လောက်ထိ အကျိုးပြုသလဲ?
၂၀၂၁ ခုနှစ် နွေရာသီမှာ တိုက်စစ်မှူး လူကာ ဂျိုဗစ်ဟာ ဘာနေဗျူး [ ရီးယဲလ်မက်ဒရစ် ] ဆီ ပြန်လာခဲ့ပြီး ကာရင် ဘင်ဇီမာရဲ့ အရန် ကစားသမားအဖြစ် အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ပါဝင်ခဲ့ပါတယ်။ မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၉ ပွဲမျာ ဂိုးဖန်တီးမှု (၃) ကြိမ်နဲ့ သွင်းဂို (၁) ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
အမှန်တကယ်တော့ လူကာ ဂျိုဗစ်ဟာ သိသိသာသာ လုပ်ခ လ,စာနဲ့အတူ မက်ဒရစ်အသင်းမှာ စာချုပ်သက်တမ်း ၃ နှစ် ကျန်ရှိနေပါသေးတယ်။ ဆိုတော့ မက်ဒရစ်အသင်းအနေနဲ့ အလုပ်ကောင်းကောင်း မဖြစ်တဲ့ ဒီကစားသမားအတွက် လုပ်ခ လစာ ဆုံးရှုံးမှုကို ဖြတ်တောက်ဖို့ ကစားသမားကို ဖီအိုရင်တီးနားအသင်းဆီ ပြောင်းရွှေ့ဖို့ ခွင့်ပြုပေးလိုက်ရတာ ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ဘာနေဗျူးမှာ သူ့ကို ပေးချေရတဲ့ လုပ်ခ လ,စာဟာ ဈေးကြီးလွန်းတဲ့ ဟာကွက်တစ်ခုဖြစ်ပြီး လာမယ့် နှစ်နှစ်အတွင်း လော့စ် ဘလန့်ကို့စ်အသင်းက ပေးချေရမယ့် အရာတစ်ခု ဖြစ်ပါတယ်။
လော့စ် ဘလန့်ကို့စ် အသင်းမှာ လူကာ ဂျိုဗစ်ရဲ့ စွမ်းဆောင်ရည်
၂၀၁၉ ခုနှစ်မှာ ဖရန့်ဖက်ကနေ ရောက်ရှိလာတဲ့ ဂျိုဗစ်ဟာ မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံ ၅၁ ပွဲကို သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ထားပါတယ်။ သူဟာ အသင်းနဲ့အတူ ချန်ပီယံလိဂ် (၁) ကြိမ်၊ လာလီဂါ (၂) ကြိမ် နဲ့ စပိန် စူပါဖလား (၂) ကြိမ်တို့ကို ဆွတ်ခူးထားနိုင်ပါတယ်။
ကလပ်အသင်းနဲ့အတူ ဆုဖလားဆွတ်ခူးထားနိုင်ခြင်းတော့ မရှိသေးပါဘူး။ Goodison Park [ အဲဗာတန် အသင်း ] မှာ ဘရာဇီးလ်သားရဲ့ စာချုပ်ဟာ ၂၀၂၄ ခုနှစ်အထိ သက်တမ်းရှိနေပါသေးတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။