Enzo Fernandez နဲ့ လီဗာပူးလ် အပြောင်းအရွှေ့။

အာဂျင်တီးနား လူငယ် ကွင်းလယ်လူ Enzo Fernandez [ အန်ဇို ဖာနန်ဒက်ဇ် ] ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ လီဗာပူးလ်။
Enzo Fernandez [ အန်ဇို ဖာနန်ဒက်ဇ် ] ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲတုန်းက ခြေစွမ်းတွေကြောင့် ထိပ်တန်းအသင်း တော်တော်များများက ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး လီဗာပူးလ် အသင်း အနေနဲ့ ကမ္ဘာ့ဖလား ကြယ်ပွင့်ကို ခေါ် ယူဖို့ ကြိုးစာရာမှာ စိန်ခေါ်မှု အသစ်တွေ နဲ့ ရင်ဆိုင်နေရပါတယ်။
အန်ဖီးကွင်းဆီ ခေါ်ယူလိုတဲ့ လီဗာပူးလ်ရဲ့ ရည်မှန်းချက်ကို စမ်းသပ်တဲ့ အနေနဲ့ မကြာသေးခင် က သတင်းတွေ အရ PSG အသင်း ဟာ ကမ္ဘာ့ဖလား ချန်ပီယံ ကြယ်ပွင့်ကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
အာဂျင်တီးနားသား အန်ဇို ဖာနန်ဒက်ဇ်လို ဗဟို ကွင်းလယ်တစ်ဦး လိုအပ်နေတဲ့ လီဗာပူးလ်အသင်း။
မကြာသေးခင် ကာလတုန်းက ကာတာ ကမ္ဘာ့ဖလာမှာ သူ့ရဲ့ နိုင်ငံအတွက် ထူးချွန်စွာ စွမ်းဆောင်ခဲ့တဲ့ ကွင်းလယ် ကစားသမားဟာ ဆုဖလားတွေ ရယူဖို့ ကြီးမားတဲ့ ကလပ် အသင်းတွေနဲ့ ချိတ်ဆက်လျက် ရှိနေပါတယ်။

ဖာနန်ဒက်ဇ်ဟာ ကမ္ဘာ့ဖလားမှာ အကောင်းဆုံး ခြေစွမ်းပြခဲ့ပါတယ်။
ဒေါ့မွန်ရဲ့ လူငယ် ကွင်းလယ်လူ ဂျုဒ် ဘယ်လင်ဂမ်ကို အန်ဖီးသားတွေ ခေါ် ယူဖို့ စိတ်ဝင်စားနေတာက ဘောလုံး လောကရဲ့ အဆိုးဆုံး လျှို့ဝှက်ချက် ဖြစ်ပေမယ့် သူတို့က ဘင်ဖီကာရဲ့ ကမ္ဘာ့ဖလား ကြယ်ပွင့် Enzo Fernandez [ အန်ဇို ဖာနန်ဒက်ဇ် ] နဲ့ လည်း ချိတ်ဆက်ထားတယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း အခုအခါ အားကစား သတင်း ဌနာ RMC ရဲ့ အဆိုအရ PSG အသင်းဟာ ဖီဖာ ကမ္ဘာ့ဖလား ကာတာ ၂၀၂၂ ပြိုင်ပွဲရဲ့ လူငယ် ကစားသမား ဆုရှင် အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ် ယူဖို့ ချိတ်ဆက် နေပြီး သူတို့ရဲ့ ရေဒါ စက်ကွင်းမှာ သူ့ကို ခေါ်ဆောင်ဖို့ အရှိန်အဟုန်နဲ့ သတင်းတွေ ထွက်ပေါ်လျက် ရှိနေပါတယ်။
ပဲရစ်ဆိန့် ဂျာမိန်း အသင်းရဲ့ ကွင်းလယ် ကစားသမားတွေ ရွေးချယ်မှုမှာ ကြယ်ပွင့် ကစားသမားတွေ ပြည့်နှက်နေပြီး ဖြစ်ပါတယ်။ – သို့ပေမယ့် ပဲရစ်သားတွေဟာ သူတို့ရဲ့ အဆင့်ကို ပိုမို တိုးတက် နက်ရှိုင်းစေချင်တာကြောင့် နောက်ထပ် ကြယ်ပွင့်တွေ ခေါ် ယူဖို့ ရည်မှန်းချက် ရှိနေပါတယ်။

အန်ဇို ဖာနန်ဒက်ဇ်ကို အကောင်းဆုံး လူငယ် ကစားသမားဆုနဲ့ အတူ တွေ့ရစဥ်။
ကွင်းလယ်ကစားသမား Enzo Fernandez ကို ခေါ်ယူဖို့ ထိပ်တန်းအသင်းတွေက ချိတ်ဆက်နေကြပါတယ်။
အမှန်တကယ်ပါပဲ။ လီဂူး ၁ ချန်ပီယံ အသင်းဟာ ပြီးခဲ့တဲ့ နှစ် အနည်းငယ် အတွင်း တကယ် အားကောင်းတဲ့ ကွင်းလယ် ကစားသမား တချို့ကို ခေါ် ဆောင်လာခဲ့ပေမယ့် ကလပ် အသင်းဟာ နေရာ အလိုက်ကို အားကောင်းစေဖို့ နက်နက်ရှိုင်းရှိုင်း ရှာဖွေဖို့ကိုပဲ အမြဲ ကြိုးစားနေတာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ အက်သလက်တီကို မက်ဒရစ်၊ မန်ချက်စတာ စီးတီး၊ မန်ချက်စတာ ယူနိုက်တက်၊ တော့တင်ဟမ် ဟော့ စပါး၊ ချဲလ်ဆီး၊ အာဆင်နယ်နဲ့ အင်တာမီလန်စတဲ့ အသင်းတွေဟာ လူငယ်ကစားသမားကို ချိတ်ဆက်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။
ဘင်ဖီကာကွင်းလယ် ကစားသမားကို အထူးသဖြင့် ကစားကွက် ဖန်တီးသူအဖြစ် မကြာခဏ အသုံးပြုလေ့ ရှိပေမယ့် ပိုမို အဆင့်မြင့်တဲ့ ကွင်းလယ်တိုက်စစ် နေရာမှာလည်း အသုံးပြုပါသေးတယ်။

ဘင်ဖီကာ ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်။
ဖာနန်ဒက်ဇ်ဟာ စာချုပ် ဖျက်သိမ်းကြေး ယူရို သန်း ၁၂၀ ရှိတယ်လို့ ယုံကြည်ရပေမယ့် ဘင်ဖီကာ အသင်းဟာ သူ့ကို River Plate အသင်း ကနေ ပြီးခဲ့တဲ့ နွေရာသီက မှသာ ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး ဆောင်းရာသီ အပြောင်းအရွှေ့မှာ သဘောတူညီမှု ရရှိဖို့ကတော့ မဖြစ်နိုင်လောက်ပါဘူး။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။