Lionel Messi ဘာကာကို ပြန်လာတောမည်။

ဇန်နဝါရီမှာ Lionel Messi [ လီယို မက်ဆီ ] ဘာကာကို ပြန်လာနိုင်ပါတယ်။
Lionel Messi [ လီယို မက်ဆီ ] ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ သူ့ ရဲ့ အသင်းဟောင်း ဘာစီလိုနာ အသင်းဆီ အငှား နဲ့ ပြန်လာနိုင် bတယ် လို့ AS က ဖော်ပြခဲ့ပါတယ်။
အဲ့ဒါက MLS ကလပ် ဖြစ်တဲ့ အင်တာ မိုင်ယာမီ အသင်းဟာ MLS ဖလားအတွက် play-offs သို့ မရောက်ရှိနိုင်တဲ့ အရာတစ်ခု အပေါ် အခြေခံ ထားတဲ့ သဘောတူညီချက် တစ်ခု ဖြစ်ပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
ရလဒ်တွေ ဆိုးရွားနေတဲ့ အင်တာ မိုင်ယာမီ။
တကယ်တော့ အင်ဂျင်တီးနား စူပါစတား Lionel Messi [ လီယို မက်ဆီ ] အနေနဲ့ သူကိုယ်တိုင်က နူးကမ့် မှာ လုပ်ဆောင်သင့်တဲ့ တာဝန်တွေ မပြီးဆုံး သေးဘူးလို့ ခံစားရတာကြောင့် အသင်းဟောင်းဆီ ပြန်လာဖို့ စိတ်ဝင်စားပုံ ရပါတယ်။
လက်ရှိ အချိန်မှာတော့ အင်တာ မိုင်ယာမီက အသက် ၃၆ နှစ် အရွယ် ကမ္ဘာ့ဖလား ချန်ပီယံ သူရဲကောင်း ဟာ ဒဏ်ရာကြောင့် ခြေစွမ်းကျဆင်းနေပြီး MLS ဖလားအတွက် play-offs ကို ဖြတ်ကျော်ဖို့ မဖြစ်နိုင်ဘူးလို့ ထင်နေတာပါ။

ကမ္ဘာ့ဖလား ချန်ပီယံ မက်ဆီ။
ဒေးဗစ် ဘက်ခမ်း ရဲ့ အသင်းဟာ အမှတ်ပေး ဇယား ရဲ့ အဆင့် ၁၄ နေရာမှာ ရပ်တည်နေပြီး ၃ ပွဲကစားရန် ကျန်ရှိနေပါတယ်။ အဆင့် ၈ နှင့် အဆင့် ၉ နေရာများသည် ရာသီကုန်တွင် အရည်အချင်း ပြည့်မီမှာပါ။
တစ်ပွဲ ပို ကစားထားပြီး အမှတ်ပေး ဇယား ရဲ့ အဆင့် ၉ နေရာကို သိမ်းပိုက်ထားတဲ့ Montreal Impact အသင်း နဲ့ အင်တာ မိုင်ယာမီ အသင်းတို့ ကွာဟချက်ကတော့ ၅ မှတ် ဖြစ်ပါတယ်။
လက္ခဏာ အားလုံးက Lionel Messi [ လီယို မက်ဆီ ] အတွက် ဘာကာဆီ ညွှန်ပြနေပါတယ်။
အင်တာမိုင်ယာမီ ရဲ့ တွဲဖက်ပိုင်ရှင် Jorge Mas က အခု သီတင်းပတ် အစောပိုင်းမှာ Lionel Messi [ လီယို မက်ဆီ ] အနေနဲ့ ဘာစီလိုနာမှ ထွက်ခွာသွားခြင်းက သူ့ရဲ့ တကယ့် စိတ်ဆန္ဒ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
“ငယ်ငယ်က သူ့ကို ကြိုဆိုခဲ့တဲ့ ကလပ်ကို နှုတ်ဆက်စကား မပြောနိုင်ခဲ့ဘူး။ အခြေအနေတွေက လီယို လိုချင်တဲ့ ပုံစံ မဟုတ်ဘူး လို့ ကျွန်တော် ထင်ပါတယ်။ လာမယ့် နှစ်တွေမှာ သူ့ ကို ရနိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ပေးမယ်လို့ ကျွန်တော်ပြောခဲ့တယ်။ “

အင်တာ မိုင်ယာမီ အသင်းခေါင်းဆောင် မက်ဆီ။
“ဘာစီလိုနာမှာ သူ့ပရိသတ်တွေကို နှုတ်ဆက်ခွင့်ရဖို့ အခွင့်အရေးပေါ့။ အင်တာမီယာမီ အသင်း နူးကမ့်ကို သွားမယ် ဒါမှမဟုတ် အဲ့လို ချစ်ကြည်ရေး ပွဲမျိုး စီစဉ်ပေးမယ်။ ” လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
အာဂျင်တီးနား ဂန္ထဝင်ဟာ ဘာစီလိုနာ အသင်းမှာ ပွဲပေါင်း ၇၇၈ ပွဲ ကစားခဲ့ပြီး ၆၇၂ ဂိုး သွင်းကာ ၃၀၃ ကြိမ် ဂိုး ဖန်တီးပေးခဲ့ပါတယ်။ အရေအတွက် ၃ ခု စလုံးဟာ ကလပ်အတွက် သမိုင်းဝင် မှတ်တမ်းများအဖြစ် ရပ်တည်ခဲ့ပါတယ်။
အသင်းဟောင်းဆီ ပြန်လာနိုင်တဲ့ Lionel Messi [ လီယို မက်ဆီ ]။
နည်းပြ ဇာဗီ ဟာနန်ဒက်ဇ် ဟာ ကမ္ဘာ့ဖလား ချန်ပီယံ Lionel Messi [ လီယို မက်ဆီ ] ရဲ့ အသင်းဖော်ဟောင်း တစ်ဦး ဖြစ်ပြီး တိုက်စစ် ကစားသမားကို ဘာစီလိုနာဆီ ပြန်လည် ခေါ်ဆောင်လိုကြောင်း ပြောကြားခဲ့ပါတယ်။
သို့သော်လည်း Lionel Messi ရဲ့ ပြန်လာမှုက ငွေကြေး အခက်အခဲဖြစ်နေတဲ့ ဘာစီလိုနာအတွက် ကလပ်ဥက္ကဋ္ဌ Joan Laporta ပုံစံ မျိုးစုံနဲ့ ဆွဲဆောင်ခဲ့ပေမယ့် အင်တာမီယာမီကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဘာစီလိုနာနဲ့အတူ အောင်မြင်မှုတွေ အများကြီး ရရှိခဲ့တဲ့ မက်ဆီ။
Catalunya မှာ Lionel Messi ဟာ အသက် 13 နှစ်အထိ လူငယ်အကယ်ဒမီမှာ ကစားခဲ့တဲ့ Newell’s Old Boys နဲ့ စာချုပ်ချုပ်ဖို့ အမေရိက ကနေ ထွက်ခွာနိုင်တယ်ဆိုတဲ့ ကောလဟာလတွေလည်း ရှိနေပါတယ်။
ဒါပေမယ့်လည်း AS ရဲ့ အဆိုအရတော့ လီယို မက်ဆီ ဟာ အောင်မြင်မှုတွေ အများကြီး ရယူနိုင်ခဲ့တဲ့ သူ့ ရဲ့ အသင်းဟောင်း ဘာစီလိုနာကို ပြန်လာဖို့ အလားအလာရှိတယ်လို့ ဆိုပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။