မိုဒရစ်ရဲ့ ခြေစွမ်း ဘာကြောင့် ကောင်းမွန်နေရတာလဲဆိုတာ ပြောပြလာတဲ့ ကိုဗဆစ်

ကိုဗဆစ်က မိုဒရစ်ရဲ့ ခြေစွမ်း ဘာကြောင့် အရမ်းကောင်းရတာလဲ ဆိုတဲ့ လျှို့ဝှက်ချက်ကို ထုတ်ဖော်လိုက်ပါတယ်။
ချဲလ်ဆီအသင်း ကွင်းလယ်ကစားသမား မတ်တီယို ကိုဗဆစ်ဟာ အင်္ဂါနေ့က ရီးယဲလ်မက်ဒရစ် အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် မတိုင်ခင်က သူ့ရဲ့
ခရိုအေးရှား နိုင်ငံလက်ရွေးစင် အသင်းဖော် လူကာ မိုဒရစ်ရဲ့ အောင်မြင်တဲ့ ကစားသမားဘဝအကြောင်းတွေကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ချဲလ်ဆီးကွင်းလယ်လူက တော့တင်ဟမ်ဟော့စပါးကို မပြောင်းက လက်ရှိ ရီးယဲလ် မက်ဒရစ် ကြယ်ပွင့် မိုဒရစ်ဟာ သူ့ရဲ့ ( ကိုဗဆစ်ရဲ့ ) အကြိုက်ဆုံးအသင်း Dinamo
Zagreb ( ဒိုင်နမို ဇာဂရက် ) အသင်းမှာ ကန်ခဲ့စဥ်ကတည်းက သူ့ရဲ့ idol ( အိုက်ဒေါ ) ဖြစ်တယ်လို့ ဖွင့်ဟပြောဆို ခဲ့ပါတယ်။


1xBet မှာ ကစားချင်သူတွေအနေနဲ့
Promocode (ပရိုမိုကုဒ်)
MMSPORT100
ကိုအသုံးပြု၍
100% ငွေသွင်းအပိုဆု (ဘောနပ်စ်) ရယူလိုက်ပါ။ 


အကောင့်ဖွင့်နည်း 
How to register in 1XBET? – Myanmar Sports
ချဲလ်ဆီးအသင်းနဲ့ ခရိုအေးရှား လက်ရွေးစင် အသင်း ကွင်းလယ်ကစားသမား ကိုဗဆစ်က
“ မိုဒရစ်ကို ရပ်တန့် ထိန်းချုပ်ဖို့က အတော်လေး ခက်ခဲပါတယ်။”
“သူဟာ အံ့သြစရာကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။ ကျွန်တော် ငယ်ငယ်က ကျွန်တော် အကြိုက်ဆုံးကလပ် Dinamo Zagreb အသင်းအတွက် သူ ကစားပေး
တုန်းက သူ့ရဲ့ ကစားပုံတွေကို စ,ပြီး သဘောကျခဲ့တာပါ။
“ သူဟာ အခုအချိန်နဲ့အမျှ အမြဲတမ်းကောင်းနေခဲ့ပါတယ်။ သူ့ကို ကျွန်တော်သိနေသရွေ့တော့ သူက အံ့သြစရာကောင်းတဲ့ အဆင့်မှာပဲ ရှိနေပါသေးတယ်။ သူက
ဘောလုံးကို အရမ်းချစ်တယ်။ သူက ပရော်ဖက်ရှင်နယ်တစ်ယောက်ပါ။ သူဒီလိုသာ ဆက်သွားနေမယ်ဆိုရင် သူ့အနေနဲ့ နောက်ထပ် အနည်းဆုံး ၃၊ ၄ နှစ်လောက်
ကောင်းကောင်း ခြေစွမ်း ပြနိုင်ပါသေးတယ်။ ”
“ သူနဲ့ ကစားရတာ တော်တော်လေး ကောင်းပါတယ်၊ ဒါပေမယ့် ရှုံးတဲ့အခါလည်း ရှိမှာပေါ့။ ကျွန်တော် သူ့ကို ကျွန်တော့်အသင်းမှာ အမြဲရှိနေစေချင်ပါတယ်။ ဒီ
အခိုက်အတန့်မှာ ကျွန်တော်တို့ အချင်းချင်း ပြိုင်ဘက်အနေနဲ့ ပြန်တွေ့တဲ့အခါ ကျရင်တော့ ကျွန်တော်တို့ရဲ့ အကောင်းဆုံးပုံစံ ခြေစွမ်းတွေကို ပြသဖို့ အဆင်သင့်
ပါပဲ။ ”
“ စတန်းဖို့ဒ်ဘရစ်ချ် အိမ်ကွင်း ပထမအကျော့မှာ ရီးယဲလ်မက်ဒရစ်ကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ငါတို့ ချဲလ်ဆီးအသင်းက ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်မှာပါ။ ”
“ ဟုတ်ပါတယ်၊ ငါတို့မှာ [တိုးတက်ဖို့] အခွင့်အလမ်းတွေရှိပါတယ်။ ငါတို့ မနက်ဖြန်မှာအကောင်းဆုံးကို ပြသဖို့ စိတ်အားထက်သန်နေတယ်။ ” လို့ အင်္ဂါနေ့ည ရီးယဲ
လ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ရမယ့် ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။