ပရိတ်သတ်တစ်ဦးရဲ့ ဖုန်းကို ပုတ်ချလိုက်ပြီးနောက် တောင်းပန်စကား ဆိုလိုက်တဲ့ ရော်နယ်ဒို

Cristiano Ronaldo
April 10, 2022

 

ရော်နယ်ဒိုက ပရိတ်သတ်တစ်ဦးရဲ့ ဖုန်းကို ပုတ်ချလိုက်ပြီးနောက် တောင်းပန်စကား ဆိုလိုက်ပါတယ်။

 

 

မန်ချက်စတာယူနိုက်တက် ကြယ်ပွင့် ခရစ်စတီယာနို ရော်နယ်ဒိုဟာ အဲဗာတန် ပရိတ်သတ်တစ်ဦးရဲ့ မိုဘိုင်းလ်ဖုန်းကို မြေပြင် ပေါ် ပုတ်ချလိုက်မိတဲ့ အမှားကြောင့် အဲ့

ပရိသတ်ကို တောင်းပန်စကား ဆိုခဲ့ပါတယ်။

 

အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကစားသမားဟာ စနေနေ့က အဲဗာတန်အသင်းကို ၁-၀ ဂိုး နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တစ်လျှောက်မှာ ခြေစွမ်းပျောက်ဆုံးနေ

ခဲ့ပါတယ်။

 

 

 

✅✅✅ 1xBet မှာ ကစားချင်သူတွေအနေနဲ့

Promocode (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြု၍

100% ငွေသွင်းအပိုဆု (ဘောနပ်စ်) ရယူလိုက်ပါ။ 💸💸💸

 

👉အကောင့်ဖွင့်နည်း 👈

How to register in 1XBET? – Myanmar Sports

 

 

 

ပွဲအပြီးမှာတော့ ကွင်းအပြင်ထွက်မယ့် ဥမင်လမ်းကြောင်းမှာ အဲဗာတန်အသင်း ပရိတ်သတ် တစ်ဦး မှတ်တမ်းတင်နေတဲ့ မိုဘိုင်းလ်ဖုန်းကို ဒေါသတကြီးနဲ့ ကြမ်းပြင်

ပေါ် ပုတ်ချပြီး ထွက်သွားလိုက်ပါတယ်။ အဲ့နောက်မှာတော့ သူ့ရဲ့ မှားယွင်းတဲ့ လုပ်ရပ်အတွက် လူမှုကွန်ရက် စာမျက်နှာမှာ ‌ပြန်လည်တောင်းပန်ခဲ့ပြီး အဲ့ဒီ ပရိတ်သတ်

ကိုလည်း Old Trafford ကွင်းကို ပွဲလာအားပေးဖို့ ဖိတ်ခေါ် လိုက်ပါတယ်။

 

 

Cristiano Ronaldo

 

 

ရော်နယ်ဒိုက သူ့ရဲ့ အင်စတာဂရမ် မှာ အခုလိုပဲ ရေးသားခဲ့ပါတယ်။

 

ခက်ခဲတဲ့ အခိုက်အတန့်တွေမှာ စိတ်ခံစားချက်ကို ထိန်းချုပ်ဖို့ဆိုတာက လွယ်ကူတဲ့ အရာတော့ မဟုတ်ပါး။ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ ကျွန်တော်တို့အနေနဲ့  ဒီလိုလှပတဲ့

အားကစားနည်းကို နှစ်သက်သဘောကျတဲ့ လူငယ်တွေအားလုံးအတွက် လေးစားမှု၊ စိတ်ရှည်သည်းခံမှုတွေကို ပြသပြီး စံနမူနာအဖြစ်ရှိနေရမှာပါ။ ကျနော့်ရဲ့ ဒေါသ

ထွက်ပြီး ပေါက်ကွဲခဲ့တဲ့လုပ်ရပ်အတွက် တောင်းပန်ပါတယ်။ ဖြစ်နိုင်ရင်တော့ အခုလို မျှတတဲ့ကစားမှုနဲ့ အားကစားဆန်မှုရဲ့ လက္ခဏာတစ်ရပ်အနေနဲ့ အိုးထရက်ဖို့ဒ်

မှာ ဘောလုံးပွဲလာကြည့်ဖို့အတွက် အဲဒီ အဲဗာတန် ပရိသတ်ကို ကျွန်တော် ဖိတ်ခေါ်ချင်ပါတယ်။ ” လို့ ရေးသားပြီး တောင်းပန်ထားပါတယ်။

 

 

Cristiano vs everton

 

 

ဒါပေမယ့် ပရိသတ်က မန်ချက်စတာယူနိုက်တက် ကစားပုံနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ပွဲတစ်ပွဲကို ကြည့်ချင်မှာလားလို့ သံသယဖြစ်စရာ ရှိပါတယ်။

 

သရဲနီတွေဟာ ဖလားပြိုင်ပွဲအားလုံးကနေ ထွက်ခဲ့ရပြီး လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံးလေးသင်းစာရင်းဝင်ဖို့ ရုန်းကန်နေရတဲ့ အခြေအနေဆိုးကို ဖြတ်

သန်းနေရပါတယ်။  ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့ရင် ရော်နယ်ဒိုဟာ ဥရောပရဲ့ ထိပ်တန်းကလပ်ပြိုင်ပွဲတွေမှာ ပါဝင်ခွင့်မရှိတော့တာ ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ်

ဖြစ်လာမှာပါ။

 

 

ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ သူ့ရဲ့လက်ရှိစာချုပ်အရ တစ်နှစ်ကျန်ရှိနေပါသေးတယ်။ လာမယ့်ရာသီ ယူရိုပါလိဂ်မှာ ဆင်းကန်ရမယ့် ဂန္တဝင်တိုက်စစ်မှူးကို မျှော်

မှန်းဖို့ ခက်ခဲနေတာကြောင့် သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ထင်မြင်ချက်များစွာ ကျန်ရှိနေပါသေးတယ်။

 

ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းကျန်ရှိနေသေးတာကို မြင်တွေ့ချင်တယ်လို့ The Sun အားကစားမီဒီယာက ဖော်ပြခဲ့ပါတယ်။ ဒါ

ပေမယ့် သူဟာ အိုးလ်ထရက်ဖို့ဒ်မှာ ကြီးမားတဲ့ နွေရာသီ အပြောင်းအရွှေ့မတိုင်ခင်မှာ ကလပ်အသင်းများစွာနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်ထားခဲ့ပါတယ်။

 

 

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment