Benzema နဲ့ အာဆင်နယ်နဲ့ အပြောင်းအရွှေ့။

Benzema is wanted by Arsenal WS
January 22, 2024

ဝါရင့် တိုက်စစ်မှူး Benzema [ ဘန်ဇီမာ ]  နဲ့ အာဆင်နယ် အပြောင်းအရွှေ့ သတင်း။

Benzema [ ဘန်ဇီမာ ] ဟာ လက်ရှိမှာ ဆော်ဒီကလပ် အယ်လ်အီတီဟတ် အသင်းနဲ့ အဆင်မပြေ ဖြစ်နေပြီး အသင်းကနေ ထွက်ခွာဖို့ စဥ်းစားနေချိန် အာဆင်နယ် အသင်းနဲ့ အပြောင်းအရွှေ့ ကို ဖာဘရီဇီယို ရိုမန်နို က ထုတ်ဖော်လိုက်ပါတယ်။

အယ်လ်အီတီဟတ် တိုက်စစ်မှူး Benzema [ ကာရင် ဘန်ဇီမာ ] ဟာ အခုလ အတွင်း ဆော်ဒီ ပရိုလိဂ် ကနေ ထွက်ခွာမှာ မဟုတ်ဘူးလို့ အခိုင်အမာ ဆိုထားပေမယ့် အာဆင်နယ်ကို ပြောင်းရွှေ့မှု ကိစ္စ အသက်ဝင်နေဆဲ ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဆော်ဒီမြေမှာ အဆင်မပြေ ဖြစ်နေတဲ့ တိုက်စစ်မှူး ကာရင် ဘန်ဇီမာ။

ပြီးခဲ့တဲ့ နွေရာသီတုန်းက  Benzema [ ကာရင် ဘန်ဇီမာ ] ဟာ ရီးယဲလ်မက်ဒရစ် ကနေ အလွတ် ပြောင်းရွှေ့ကြေး နဲ့ ထွက်ခွာခဲ့ပြီးနောက် ဆော်ဒီမြေမှာ မပျော်မရွှင် ဖြစ်နေကြောင်း သတင်းများ ထွက်ပေါ်နေပြီး အဓိက ကတော့ ထရိန်နင် နောက်ကျတာကနေ စ,ခဲ့တာပါ။

ရာသီဥတု အခြေအနေကြောင့် သူအားလပ်ရက် အပန်းဖြေနေတဲ့ Mauritius မှာ ပိတ်မိနေခဲ့ရတယ်လို့ ဝါရင့် တိုက်စစ်မှူးက ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် ကလပ်ကနေ ထွက်ခွာဖို့ စိတ်ကူးထားတဲ့ ကောလာဟလတွေကြောင့် ပိုပြီး တွန်းအားဖြစ်စေခဲ့ပါတယ်။

Benzema is not happy at Saudi pro league

ဆောဒီမှာ မပျော်တော့တဲ့ ဘန်ဇီမာ။

သောကြာနေ့တုန်းက Benzema [ ကာရင် ဘန်ဇီမာ ] ဟာ သူ့ ရဲ့ အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းခဲ့ပေမယ့် သူ့ ရဲ့ အဖော်ဖြစ်သူက 2022 Ballon d’Or ဆုရှင်ဟာ  ဆော်ဒီကနေ ထွက်ခွာခွင့် ရဖို့ စိတ်အား ထက်သန်နေကြောင်း မက်ဆေ့ခ်ျ ပေးပို့ခဲ့ပါတယ်။

ရိုမန်နိုရဲ့ Benzema [ ကာရင် ဘန်ဇီမာ ] နဲ့ ပတ်သက်လို့ ပြောကြားချက်။

တစ်ဖက်မှာ ဘောလုံး အပြောင်းအရွှေ့ သတင်းကျွမ်းကျင်သူ ရိုမန်နို က ဘန်ဇီမာဟာ အာဆင်နယ်အသင်း ဒါမှမဟုတ် အခြား ထိပ်တန်း ကလပ် အသင်းဆီ ပြောင်းရွှေ့လို့ လမ်းဖွင့်ထားတယ် လို့ သိရပါတယ်။

“အာဆင်နယ်နဲ့ ပတ်သက်ပြီး လောလောဆယ်မှာ ဘာမှမရှိပါဘူး။ ” လို့ ရီးယဲလ်မက်ဒရစ် နဲ့ လိုင်ယွန် တိုက်စစ်မှူးဟောင်း  အကြောင်း ရိုမန်နိုက သူ့ ရဲ့  YouTube ချန်နယ်မှာ  အလေးပေး ပြောကြားခဲ့ပါတယ်။

Benzema is not happy at Saudi

ဂန်းနားနဲ့ အပြောင်းအရွှေ့ ထူးခြားမှုမရှိသေးဘူးလို့ ရိုမန်နိုက ဆိုပါတယ်။

“လက်ရှိကြားနေရတာကတော့ Karim Benzema နဲ့ Al-Ittihad တို့ကြားက အခြေအနေက အတော်လေး တင်းမာနေဆဲပါပဲ။ ဒါကို ဖြေရှင်းဖို့ ဘန်ဇီမာ၊ ကစားသမား နဲ့ နီးစပ်သူများ နဲ့ ကလပ် အသင်းတို့ ကြားမှာ မျက်နှာချင်းဆိုင် တွေ့ဆုံမှု အသစ်များ ရှိနေပါတယ်။ ”

ဘန်ဇီမာက မကြာသေးမီ ရက်ပိုင်းက လေ့ကျင့်ခန်း ပြန်ဆင်းခဲ့ပေမယ့် ကျန်တဲ့ အဖွဲ့တွေနဲ့တော့ မဟုတ်ပါဘူး။ အခြေအနေက တင်းမာနေသေးလို့ တစ်ယောက်တည်း လေ့ကျင့်နေခဲ့တာပါ။” လို့ ပြောဆိုထားပါတယ်။

အာဆင်နယ် ရဲ့ Benzema [ ကာရင် ဘန်ဇီမာ ] အပြောင်းအရွှေ့ စိန်ခေါ်မှု။

လန်ဒန် ကလပ် အာဆင်နယ် အသင်းဟာ လိုင်းကို ကျော်ဖြတ်ကာ သဘောတူညီမှု ရရှိဖို့ ကြီးမားတဲ့ အတားအဆီးများ ကြုံတွေ့ရကြောင်း Romano က သတိပေးခဲ့ပါတယ်။

“ဥရောပကလပ်တွေက ဘန်ဇီမာကို ခေါ်ယူဖို့ ခက်ခဲတာက ငွေကြေးပမာဏကြောင့်ပါ။ ဒီလို ဖြစ်လာအောင်လုပ်ဖို့ တစ်ခုတည်းသော နည်းလမ်းက ဘန်ဇီမာ အနေ နဲ့ သူ့ရဲ့ လစာ လျှော့ချမှု နဲ့ ပတ်သက်လို့ လက်ခံဖို့ပါပဲ။ ”

Benzema to Arsenal within 10 days

ဘန်ဇီမာကို ခေါ် ယူဖို့ ၁၀ ရက်သာ အချိန်ရှိတော့တဲ့ အာဆင်နယ်။

“ဆော်ဒီ ပရိုလိဂ်က လူတွေက ဘန်ဇီမာကို တူညီတဲ့ လိဂ်မှာ ဆက်လက် ရှိနေစေချင်ကြတယ်။ ဒါကြောင့် သူတို့က Benzema အတွက် တခြား ဆော်ဒီ ကလပ်နဲ့ အဖြေရှာဖို့ အတော်လေး ပွင့်လင်းပါတယ်။ ” လို့  ထပ်မံ ပြောကြားခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အာဆင်နယ်အသင်းက ဇွန်လ အထိ အငှား စာချုပ် နဲ့ ခေါ်ယူနိုင်ခြေကို စောင့်ကြည့်နေတာကြောင့် ဒါက ကစားသမား ရဲ့ ပြဿနာကို ဖြေရှင်းနိုင်တဲ့ အပြောင်းအရွှေ့ တစ်ခု အဖြစ် ရှိနေပါတယ်။

နည်းပြ မီကယ် အာတစ်တာ အတွက် တိုက်စစ်မှူး ကာရင် ဘန်ဇီမာ ကို လန်ဒန်အသင်းဆီ ခေါ် ‌ဆောင်နိုင်ဖို့ သတ်မှတ်ရက် (၁၀) ရက်သာ ကျန်ရှိ ပါတော့တယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment