Lukaku90 ကို ချဲလ်ဆီးဆီ ပြန်ပို့ချင်နေတဲ့ အင်တာ။

Lukaku90 Inter Milan to send him back to Chelsea
February 20, 2023

တိုက်စစ်မှူး Lukaku90 [ ရိုမလူ လူကာကူ ] ကို အသင်းဟောင်းဆီ ပြန်ပို့ချင်နေတဲ့ အင်တာ မီလန်။

Lukaku90 [ ရိုမလူ လူကာကူ ] ကို အင်တာ မီလန်အသင်း အနေနဲ့ ရာသီကုန်မှာ သူ့ရဲ့ အသင်းဟောင်း ဖြစ်တဲ့ ချဲလ်ဆီး အသင်းဆီ ပြန်လည် စေလွှတ်ဖွယ် ရှိတယ်လို့ Corriere dello Sport က ဖော်ပြခဲ့ပါတယ်။

Nerazzurri [ အင်တာ မီလန် ] အသင်းဟာ အခု ရာသီတွင် အငှား ခေါ် ယူထားသော တိုက်စစ်မှူး ရဲ့ ခြေစွမ်း နဲ့ ကြံ့ခိုင်မှု အပေါ် အားမလိုအားမရ ဖြစ်နေကြောင်း သတင်းများထွက်ပေါ်နေပြီး သူတို့ရဲ့စိတ်ရှည်မှုမှာလည်း အားနည်းလာပါပြီ။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အသင်းဟောင်း ချဲလ်ဆီးဆီ ပြန်ရောက်ဖို့ နီးစပ်နေတဲ့ တိုက်စစ်မှူး Lukaku90 [ ရိုမလူ လူကာကူ ]။

အင်တာ မီလန် အသင်းဟာ ရိုမလူ လူကာကူ ကို ၂၀၂၃ – ၂၀၂၄ ခုနှစ် ရာသီ အထိ ဆက်ထားဖို့ ဆန္ဒရှိ မရှိကို အပြီးသတ် ဆုံးဖြတ်ချက် မချရသေးသော်လည်း ချဲလ်ဆီးဆီ ပြန်ပို့ဖို့ ပိုမို အားသန်လျက် ရှိနေပါတယ်။

ရိုမလူ လူကာကူ ဟာ ပြီးခဲ့တဲ့ နွေရာသီက ချယ်လ်ဆီး အသင်း ကနေ  တစ်ရာသီစာ အငှား နဲ့ အင်တာ မီလန်ဆီ ပြန်လည် ရောက်ရှိလာသော်လည်း သူ့ရဲ့ ကြံ့ခိုင်မှု နဲ့ ပုံစံကောင်း ပြန်ရဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။

Lukaku90 was in good form at inter 2019 - 2021

လူကာကူဟာ အင်တာမီလန်နဲ့အတူ ပထမရာသီမှာ တော်တော်လေးခြေစွမ်းကောင်းခဲ့ပါတယ်။

သူဟာ ဒီရာသီ အင်တာ မီလန်အတွက် ပွဲကစားချိန် ၆၀၃ မိနစ်ပဲ ကစားခဲ့ပြီး ၇ ပွဲကို စ,တင် ၁၁ ယောက် ပွဲထွက် လူစာရင်းမှာ  ပါဝင် ကစားခဲ့ပါတယ်။ သူ့ အနေနဲ့  ဒီရာသီမှာ ၃ ဂိုးသာ သွင်းယူထားပါတယ်။

ရို မလူ လူကာကူ ဟာ အသင်း နဲ့ အတူ ပါဝင် ကစားချိန်မှာတော့ သူ့ရဲ့ စွမ်းဆောင်ရည်တွေက မျှော်မှန်းထား တာထက်ကို အတော်လေး နည်းပါးနေခဲ့တာ တွေ့ရပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးပေါက်ပျောက်ခဲ့တဲ့ လူကာကူ။

သူသည် မကြာခဏ ဆိုသလို နှေးကွေးနေပုံ ရပြီး သူ့ရဲ့  ဘောလုံး အထိန်းအသိမ်း လှုပ်ရှားမှုတွေ လေးလံကာ San Siro မှာ သူ့ရဲ့ ပထမဆုံး ရာသီတုန်းက ပြသခဲ့တဲ့ သူ့ရဲ့ စွမ်းဆောင် ရည်တွေ နဲ့ ဂိုးသွင်းနှုန်းတွေက လက်ရှိနဲ့ တော်တော်လေး ကွားခြားနေပါပြီ ဖြစ်ပါတယ်။

လူကာကူဟာ ကြံ့ခိုင်မှု မပြည့်ဝ၊ အံမဝင်တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို သွားရောက်ခဲ့ပြီး ဘယ်လ်ဂျီယံ အသင်းကို အုပ်စု အဆင့်ကနေ ဖယ်ထုတ်ခဲ့တဲ့ ခရိုအေးရှား ကို ၀ -၀ နဲ့ သရေကျခဲ့တဲ့ ပွဲမှာ သူဟာ ဂိုးပေါက် ပျောက်ခဲ့ပါတယ်။

Lukaku90 didn't score any goal at WC 2022

ကမ္ဘာ့ဖလားမှာ ခြေစွမ်းပျောက်ခဲ့တဲ့ လူကာကူ။

ဘယ်လ်ဂျီယံသား အနေနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ နှစ်နှစ်ကြာ ကစားခဲ့တဲ့ ကာလအတွင်း သူ့ရဲ့ ပုံစံ၊ ကြံ့ခိုင်မှု နဲ့ ပတ်သက်ပြီး  မကြာခဏ ဆိုသလို လှောင်ပြောင်မှုတွေ  ခံခဲ့ရပါတယ်။

ဒါပေမယ့်လည်း အန်တိုနီယို ကွန်တီလက်ထက် ၂၀၁၉ ခုနှစ် ကနေ  ၂၀၂၁ ခုနှစ်အထိ အင်တာမီလန် အသင်းမှာ တောက်ပခဲ့တဲ့ နှစ်နှစ်တာ ကာလအတွင်း အဲ့ဒီ အရာအားလုံးကို သူ့နောက်မှာ ထားခဲ့ပုံရပါတယ်။

ချဲလ်ဆီး ကနေ ပြောင်းလာပြီးကတည်းက Lukaku90 [ လူကာကူ ] ဟာ ရုန်းကန်နေခဲ့ရပါတယ်။

အသက် ၂၉ နှစ်အရွယ် ကစားသမားဟာ ၂၀၂၁ ခုနှစ် နွေရာသီမှာ အင်တာမီလန်ကနေ ပြောင်းရွှေ့ကြေး ယူရို ၁၁၅ သန်းနဲ့ ချဲလ်ဆီးအသင်းကို ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီမှာ ကြံ့ကြံ့ခံပြီး တူချယ်လက်ထက် ရှစ်ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။

သူ့ရဲ့ကြံ့ခိုင်မှုလည်း စတင်ကျဆင်းလာခဲ့ပြီး အင်တာမီလန်မှာ သူ့ရဲ့ပထမ နှစ်နှစ်တာလုံး ကစားခဲ့တဲ့ ပွဲတွေထက် ၂၀၂၁ ခရစ္စမတ်မတိုင်ခင် ကစားခဲ့တဲ့ ချဲလ်ဆီးအတွက် နောက်ထပ်ပွဲတွေကို လွဲချော်ခဲ့ပါတယ်။

Lukaku90 has not played any games before Christmas 2021

ချဲလ်ဆီးမှာ ပွဲထွက်ခွင့် နည်းခဲ့ပါတယ်။

လူကာကူရဲ့ ကစားသမား ဘဝတစ်လျှောက် ကစားခဲ့တဲ့ အကောင်းဆုံး ကလပ်အသင်းဆီ ပြန်လည် ရောက်ရှိလာပြီး သူ့ရဲ့ ကစားသမားဘဝကို ပြန်လည် အသက်သွင်းဖို့ မျှော်လင့်ခဲ့ပါတယ်။

ဒါပေမယ့် အခုအချိန်အထိ ဘယ်လ်ဂျီယံသားအတွက် အဆင်မပြေသေးပါဘူး။ သူ့ရဲ့လုပ်ခ လစာ မြင့်မားတာကြောင့် သူ့အနေနဲ့ သိသိသာသာ တိုးတက်မလာဘူးဆိုရင် အင်တာမီလန်ဘက်က သူ့ကိုသက်တမ်းတိုးဖို့ အတော်တွန့်ဆုတ်နေပါပြီ။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment