Lautaro Martinez -ကမ္ဘာ့ တတိယမြောက် အကောင်းဆုံး တိုက်စစ်မှူး။

Lautaro Martinez is now the world's THIRD best forward WS
April 23, 2024

ကမ္ဘာ့ တတိယမြောက် အကောင်းဆုံး တိုက်စစ်မှူး - Lautaro Martinez [ လော်တာရို မာတီနက်ဇ်] ။

Lautaro Martinez [ လော်တာရို မာတီနက်ဇ် ] ဟာ ဒီရာသီ အင်တာ မီလန် အသင်းနဲ့ အတူ အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး စကူဒက်တို သူရဲကောင်း ဖြစ်လာခဲ့ပြီးနောက် အခုအခါ ကမ္ဘာ့ တတိယမြောက် အကောင်းဆုံး တိုက်စစ်မှူး ဖြစ်လာခဲ့ပါတယ်။

အင်တာမီလန် ရဲ့ Scudetto သူရဲကောင်း Lautaro Martinez ဟာ ယခုအခါ ကမ္ဘာ့ တတိယမြောက် အကောင်းဆုံး ရှေ့တန်းကစားသမား ဖြစ်လာကြောင်း ကစားသမား ‌ဒေတာ ကျွမ်းကျင်သူ SciSports က ဖော်ပြခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

စီးရီးအေး ချန်ပီအတွက် အကောင်းဆုံး ခြေစွမ်းပြခဲ့တဲ့  Lautaro Martinez [ လော်တာရို မာတီနက်ဇ် ]။

တိုက်စစ်မှူး Lautaro Martinez [ လော်တာရို မာတီနက်ဇ် ] ဟာ အခုရာသီမှာ အင်တာမီလန်အသင်းအား စကူဒက်တို – စီးရီးအေချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးရာမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။

Nerazzurri – အင်တာ မီလန် အသင်းဟာ  ဧပြီ ၂၂ ရက်နေ့က မီလန်ဒါဘီပွဲစဥ်မှာ ပြိုင်ဘက် အေစီမီလန်ကို ၂-၁ ဂိုးဖြင့် အနိုင်ယူကာ သူတို့ရဲ့ ၂၀ ကြိမ်မြောက် Scudetto – စီးရီးအေ ချန်ပီယံဖလား ကို ရယူနိုင်ခဲ့ပါတယ်။

Lautaro Martinez scored 23 Serie a goals for Inter Milan

စီးရီးအေမှာ ၂၃ ဂိုး သွင်းယူထားတဲ့ တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်။

ဒီမှာ အသင်းရဲ့ ပင်တိုင် တိုက်စစ်မှူး Lautaro Martinez [ လော်တာရို မာတီနက်ဇ် ] က စီးရီးအေ ၂၉ ပွဲမှာ ၂၃ ဂိုး သွင်းယူကာ ကစားသမား ဘဝရဲ့ တစ်ဦးချင်း အကောင်းဆုံး ရာသီကို ဖြတ်သန်းနေပါတယ်။

ဂျူဗင်တပ်စ်မှ ဒူဆန် ဗလာဟိုဗစ် ဟာ ၁၆ ဂိုး နဲ့ လိဂ်ရဲ့ ဒုတိယ ဂိုးသွင်း အများဆုံးအဖြစ် ရပ်တည်နေပြီး လော်တာရိုကတော့ ၂၃ ဂိုးနဲ့ Capocannoniere – စီးရီးအေ‌ ရွှေဖိနပ်ဆုကို ရရှိဖို့ သေချာလုနီးပါး ဖြစ်နေပါပြီ။

အင်တာ မီလန် အတွက် Lautaro Martinez [ လော်တာရို မာတီနက်ဇ် ] ရဲ့ စွမ်းဆောင်ရည်များ။

အာဂျင်တီးနား တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ဟာ ၂၀၁၈ ခုနှစ်မှာ အင်တာ မီလန်ကို ရောက်ရှိလာပြီးကတည်းက ပြိုင်ပွဲစုံ ၂၇၇ ပွဲမှာ ၁၂၈ ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

သူဟာ ပြီးပြည့်စုံတဲ့ တိုက်စစ် ကစားသမားတစ်ဦးဖြစ်ပြီး ဂိုးသွင်းနိုင်သလို ဂိုးဖန်တီးမှုလည်း ကောင်းကောင်းလုပ်နိုင်သူပါ။ အင်တာမီလန်မှာ ကစားချိန်အတွင်း စုစုပေါင်း ဂိုးဖန်တီးမှု ၄၂ ကြိမ် ပြုလုပ်ထားပြီး ဂိုးပါဝင်ပတ်သက်မှု ၁၇၀ ဂိုး အထိ ရှိနေပါတယ်။

Lautaro Martinez won Serie A Champions 2021

အင်တာမီလန်နဲ့အတူ ၂၀၂၁ စီးရီးအေ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ လော်တာရို မာတီနက်ဇ်။

လော်တာရိုဟာ စီးရီးအေမှာ အကောင်းဆုံး တိုက်စစ်မှူး အဖြစ် ရပ်တည်နေပြီး SciSports ၏ အထူး SciSkill ကိန်းဂဏန်း စံနမူနာအရ အာဂျင်တီးနားသားဟာ အခုအခါ ကမ္ဘာ့ တတိယ အကောင်းဆုံး တိုက်စစ်မှူးဖြစ်လာခဲ့ပါတယ်။

ကမ္ဘာ့ အကောင်းဆုံး ထိပ်တန်း တိုက်စစ် ကစားသမား ၁၀ ဦး

မန်ချက်စတာစီးတီးမှ အယ်လိန် ဟာလန်းဟာ SciSkill ရမှတ် ၁၃၉.၃ ဖြင့် အကောင်းဆုံး အဆင့်သတ်မှတ်ထားပြီး အာဆင်နယ်မှ ဂါဘရီယယ် ဂျီးဆပ်စ် က ဒုတိယ ၁၃၃.၉ မှတ် နှင့် လော်တာရိုကတော့ ၁၂၆.၂ မှတ်နဲ့  တတိယ နေရာမှာ ရှိနေပါတယ်။

ထိပ်ဆုံးငါးယောက် ရဲ့ စတုတ္ထ နေရာမှာ ဘိုင်ယန်မြူးနစ် ကြယ်ပွင့် ဟယ်ရီကိန်းက ၁၂၂.၀ နဲ့ မန် စီးတီး ရဲ့ ဂျူလီယန် အယ်လ်ဗာရက်ဇ် ၁၂၁.၅ မှတ် ဖြစ်ပါတယ်။

ထိပ်တန်း ၁၀ ယောက် စာရင်းထဲမှာ ရိုဘတ် လီဝန် ဒေါစကီး၊ သောမတ်စ် မူလာ၊ အိုလီ ဝေါ့တ်ကင်းစ်၊ ဟောင်မင်ဆွန် နဲ့ တီမို ဝါနာ တို့ အဆင့်အလိုက် ပါဝင်နေပါတယ်။

Lautaro Martinez Haaland vs Gabriel Jesus

ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးအဆင့်သတ်မှတ်ခံထားရတဲ့ ဟာလန်း နဲ့ ဂါဘရီယယ် ဂျီးဆပ်စ်။

အသက် ၂၆ နှစ်အရွယ် လော်တာရို မာတီနက်ဇ်ဟာ အခုအခါ အင်တာ မီလန်အတွက် စီးရီးအေ ချန်ပီယံ နှစ်ကြိမ် ( ၂၀၂၁ ခုနှစ် ကွန်တီ ‌လက်အောက်မှာ ၁ ကြိမ် ) ဆွတ်ခူးရာမှာ အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။

အခုအချိန်မှာလည်း တိုက်စစ်မှူး လော်တာရို မာတီနက်ဇ် ဟာ အင်တာ မီလန် အသင်းကို စီးရီးအေ ချန်ပီယံ စကူဒက်တို ဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခြင်းအတွက် ဂုဏ်ပြုပေးရမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment