အနားယူရမှာကြောက်နေတယ်ဆိုတဲ့ ဘောလုံး နတ်ဘုရားကြီး

December 7, 2021

 

ဇလာတန် အီဘရာဟီမိုဗစ်ဟာ အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့

စီစဉ်နေပြီး အနားယူရမှာ ကြောက်ရွံ့နေတယ်လို့ သိရပါတယ်။

 

 

ဇလာတန် အီဘရာဟီမိုဗစ်ဟာ သူ့ဘဝတစ်လျှောက်လုံး မျှော်လင့်ထားတဲ့

မျှော်လင့်ချက်တွေကို လျစ်လျူရှုခဲ့ပြီး လက်ရှိ အီတလီ စီးရီးအေ အမှတ်ပေးဇယားထိပ်မှ

အေစီမီလန်အသင်းနှင့် ရှေ့ဆက်သွားချင်နေပါတယ်။

 

 

 

ယူနိုက်တက်၊ PSG၊ နှင့် ဘာစီလိုနာတို့ရဲ့ တိုက်စစ်မှူးဟောင်း ဇလာတန် အီဘရာဟီမိုဗစ်က

အေစီမီလန်နဲ့ စာချုပ်သက်တမ်းတိုးလိုတဲ့ ဆန္ဒကို ဖွင့်ဟပြီး အနားယူရမှာကို

ကြောက်တယ်လို့ ဝန်ခံခဲ့ပါတယ်။

 

 

✅✅✅ 1xBet မှာ ကစားချင်သူတွေအနေနဲ့

Promocode (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြု၍

100% ငွေသွင်းအပိုဆု (ဘောနပ်စ်) ရယူလိုက်ပါ။ 💸💸💸

 

👉အကောင့်ဖွင့်နည်း 👇👇👇

 

 

 

 

ကြီးကျယ်ခမ်းနားတဲ့ ဆွီဒင်သားကြီးဟာ ရိုဆိုနီရီအတွက် စီးရီးအေ ၉ ပွဲမှာ ၆ ဂိုးသွင်း၊

၂ ဂိုးဖန်တီးပေးထားပါတယ်။ သူဟာ အသက် ၄၁ နှစ်အရွယ်ဆိုပေမယ့် ကြံ့ခိုင်မှု

အားကောင်းနေဆဲဖြစ်ပါတယ်။

 

 

အီဘရာဟီမိုဗစ် ရဲ့ ဂိုးတွေ ၊ ဦးဆောင်မှုတွေနဲ့ တီထွင်ဖန်တီးမှုတွေ ဟာ သူတို့ရဲ့ ရာသီအစ

အားကောင်းတဲ့ နေရာမှာ ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

 

 

ပြီးတော့ တိုက်စစ်မှူးကြီးက စီးရီးအေဘီလူးကြီးတွေနဲ့ နောက်ထပ်ရာသီတစ်ခုကို

ဖြတ်သန်းချင်တယ်လို့ ပြောခဲ့သလို သူ့ရဲ့ ဂိုးသွင်းဆာလောင်မှုဟာလည်း

အားမလျော့သွားပုံပေါ်ပါတယ်။

 

 

“ကျွန်တော်တတ်နိုင်သမျှကြာအောင်ကစားချင်ပါတယ်။ ခန္ဓာကိုယ်ထဲ သွေးလည်ပတ်မှုရှိနေသရွေ့

ကျွန်တော် ဆက်ကစားမှာပါ” လို့ တိုက်စစ်မှူးကြီးက Sky Sports News မှတဆင့်

အီတလီစကားပြောရှိုး Che Tempo Che Fa ကို ပြောကြားခဲ့ပါတယ်။

 

 

“ကျွန်တော်ဘောလုံးလောက ကနေ အနားယူပြီးရင် ဘာဖြစ်မယ်မှန်းမသိသေးဘူး၊ ရပ်တန့်ဖို့တော့

နည်းနည်းကြောက်မိတယ်။ ဘာဆက်ဖြစ်မလဲ ငါတို့တွေ့ရမှာပါ၊ ဒါပေမယ့် ငါဆက်ကစားချင်သေးတယ်။

အဲ့တော့ နောင်တရစရာလည်း မရှိပါဘူး။”

 

 

အီဘရာဟီမိုဗစ်ဟာ မယ်လ်မိုအသင်း အတွက် ၁၉၉၉ ခုနှစ်မှာ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ပွဲဦးထွက်ကို

ကစားခဲ့ပြီးကတည်းက ကျော်ကြားတဲ့ ဒီဘောလုံး ကစားတဲ့အသက်မွေးဝမ်းကျောင်းကို နှစ်သက်ခဲ့တာဖြစ်ပါတယ်။

 

 

သူဟာ ဥရောပ ထိပ်သီး အသင်းကြီးတွေ မှာ ကစား ခဲ့ပြီး ကလပ်သွင်းဂိုး ၅၀၀ ကျော်အပါအဝင်

ကစားသမားဘ၀သွင်းဂိုး ၅၇၀ ဂိုးကို သွင်းယူထားပါတယ်။

 

 

 

သူဟာ မယ်လ်မိုအသင်းအပြင် အေဂျက်၊ ဂျူဗင်တပ်၊ အင်တာမီလန်၊ ဘာစီလိုနာ၊ ပဲရစ်စိန့်ဂျာမိန်း၊

မန်ချက်စတာယူနိုက်တက်နှင့် LA Galaxy တို့အတွက် ကစားပေးခဲ့ပါတယ်။

 

 

သရဲနီအသင်းမှာ သူ့ရဲ့တစ်နှစ်ခွဲရာသီဟာ ပရီးမီးယားလိဂ်မှာ သူ့ရဲ့တစ်ခုတည်းသောအတွေ့အကြုံပါပဲ။

 

 

တိုက်စစ်မှူးကြီးကို အဲ့အချိန်တုန်းက မန်နေဂျာ ဟိုဆေး မော်ရင်ညိုက PSG အသင်းကနေ

အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မှတ် ရေးထိုးခဲ့ပြီး လိဂ်ဖလားနဲ့  ယူရိုပါလိဂ်ဖလားတို့ကို

ဆွတ်ခူးနိုင်ခဲ့ပြီး သရဲနီအသင်းမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။

 

 

ဆွီဒင်ကြယ်ပွင့်ဟာ ပရီးမီးယားလိဂ် ၂၈ ပွဲမှာ ၁၇ ဂိုး သွင်းယူကာ 5 ဂိုးဖန်တီးမှုအပြင်

ယူရိုပါလိဂ် ၁၁ ပွဲမှာ အိမ်ကွင်း ၅ ဂိုးနဲ့ ၄ ကြိမ်ဖန်တီးပေးခဲ့ပါတယ်။

 

 

ကံမကောင်းစွာပဲ၊ အန်ဒါလက်ခ်ျနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ခံစားရတဲ့ ဆိုးရွားတဲ့

ဒူးအရွတ်ဒဏ်ရာကြောင့် သူ့ရဲ့ပရီးမီးယားလိဂ်ရာသီကို တိုတောင်းစေခဲ့ပါတယ်။

 

 

တိုက်စစ်မှူးဟာ ဒဏ်ရာကနေ အချိန်အတော်ကြာမှ ပြန်လည်သက်သာလာပြီး

LA Galaxy အသင်းကို မပြောင်းခင် ယူနိုက်တက်အတွက် ၅ ပွဲသာ ကစားခွင့်ရခဲ့ပါတယ်။

 

 

သူ့ရဲ့ အမေရိကကို ပြောင်းရွှေ့လာမှုဟာ ပြင်သစ်၊ စပိန်နဲ့ အီတလီတို့မှာ လိဂ်ဖလားတွေအပြင်

ပြည်တွင်းဖလားမျိုးစုံကို ဆွတ်ခူးနိုင်ခဲ့တဲ့ အံ့မခန်းကစားသမားဘဝရဲ့ နောက်ဆုံးအခန်းဖြစ်လာမယ်လို့

လူအများက ယုံကြည်ခဲ့ကြပါတယ်။

 

 

ဒါပေမယ့် သူဟာ ၂၀၂၀ ဇန်န၀ါရီအပြောင်းအရွှေ့မှာ အေစီမီလန်ကို စိတ်လှုပ်ရှားစွာ

ပြန်လာဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

 

 

ရိုဆိုနီရီကို ပြန်ရောက်ကတည်းက ပီအိုလီလက်အောက်မှာ စီးရီးအေ ၄၆ ပွဲကစားပြီး

၃၁ ဂိုး သွင်းယူထားပါတယ်။

 

 

အီဘရာဟီမိုဗစ်ဟာ အီတလီဘီလူးကြီးများနဲ့ နောက်ထပ်စာချုပ်သစ်ချုပ်ဆိုလိုတဲ့ ဆန္ဒကို

ထုတ်ဖော်ပြောဆိုထားတာကြောင့် သူ့ရဲ့ ဖိနပ်‌တွေကို ချိတ်ဆွဲထိန်းသိမ်းထားဖို့

အဆင်သင့်မဖြစ်သေးပါဘူး။

 

 

“ကျွန်တော့်ကို သက်တမ်းတိုးပေးဖို့ ဒီမှာ မီလန်ကို ဖိအားပေးကြရအောင်၊ မီလန်မှာ

တစ်သက်လုံး ဆက်နေဖို့ ကျွန်တော် မျှော်လင့်ပါတယ်”

“ကျနော့်မှာ အောင်မြင်နိုင်တဲ့ ရည်မှန်းချက်တွေရှိနေသေးပြီး နောက်ထပ် ဖလားတွေကို

အနိုင်ယူချင်ပါသေးတယ်။” လို့ အီဘရာဟီမိုဗစ်က ပြောကြားခဲ့ပါတယ်။

 

 

 

 

Leave A Comment