Rangers ကို အနိုင်ရခဲ့တဲ့ ဖရန့်ဖက်တို့ရဲ့ ယူရိုပါလိဂ်အောင်ပွဲ

Europa League Final Sevilla 2022
May 19, 2022

Rangers [ ရိန်းဂျားစ်အသင်း ] ကို အနိုင်ရခဲ့တဲ့ ဖရန့်ဖက်အသင်းရဲ့ ၄၂ နှစ်ကြာ ယူရိုပါလိဂ်ချန်ပီယံ အိပ်မက်

ရိန်းဂျားစ်ရဲ့ ပြိုင်ဘက် ဖရန့်ဖက်အသင်းဟာ ရီးရဲလ်ဘက်တစ်၊ ဘာစီလိုနာနဲ့ ဝက်စ်ဟမ်းအသင်းတို့ကို အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ပါတယ်။ သူတို့ဟာ ဖိုင်နယ်မှာ အနိုင်ရရှိခြင်းနဲ့အတူ အသင်းရဲ့ ၄၂ နှစ်ကြာ ယူရိုပါလိဂ်ချန်ပီယံ အိပ်မက် အကောင်အထည်ပေါ် လာခဲ့ပါတယ်။ ဖရန့်ဖက်အသင်းဟာ ဘွန်ဒက်စ်လီဂါမှာ ၄၂ မှတ်နဲ့ အဆင့် ၁၁ နေရာမှာ ပြီးဆုံးသွားခဲ့ပါပြီ။

ဒါကြောင့် ဒီဖိုင်နယ်ပွဲစဥ်ဟာ လာမယ့်ရာသီ ဥရောပချန်ပီယံစ်လိဂ်ပြိုင်ပွဲအတွက် သူတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပါပဲ။

အခြားတစ်ဖက်မှာတော့ ရိန်းဂျားစ်အသင်းဟာ ဖိုင်နယ်ကို တက်လှမ်းရာမှာ ဒေါ့မွန်၊ ရတ်ဒ်စတား ဘဲလ်ဂရိတ်ဒ်၊ ဘရာဂါ နဲ့ အာဘီ လိုက်ပ်ဇစ်တို့ကို အနိုင်ယူခဲ့ပါတယ်။ သူတို့နှစ်သင်းစလုံးရဲ့ ဂိုးသွင်းနှုန်းဟာ မြင့်မားပြီး နှစ်ကျော့ပေါင်း ပျဥ်းမျှ ၇ ဂိုးရှိပါတယ်။  စကော့တလန်ကလပ်အသင်းဟာ ဒီရာသီကို ယူရိုပါလိဂ်ချန်ပီယံ ဆုဖလားနဲ့အတူ အဆုံးသတ်ဖို့ မျှော်လင့်နေ့ကြပါတယ်။ ကံဆိုးစွာနဲ့ပဲ ရိန်းဂျားစ်တို့ရဲ့ အိပ်မက်တွေ အကုန်ပျက်စီးသွားခဲ့ရတာပါ။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ပထမပိုင်းအစမှာ နှစ်ဖက်အသင်းပရိသတ်တွေဟာ Ramon Sanchez Pijuan [ ဆီးဗီးလားကွင်း ] မှာ ကျယ်လောင်စွာ သံပြိုင်အော်ဟစ်အားပေးခြင်းတွေနဲ့အတူ စတင်ခဲ့ကြပါတယ်။ Rangers အသင်းကို အသင်းခေါင်းဆောင် ဂျိမ်းတာဗားနီးယားနဲ့ ဦးဆောင် ဖွဲ့စည်းထားပါတယ်။ ပွဲစဥ် အရှိန်တက်လာတာနဲ့အမျှ ဖရန့်ဖက်အသင်းဟာ အဖွင့်ဂိုးသွင်းဖို့ အခွင့်အရေးကောင်းတွေ ရခဲ့တယ်။

အခွင့်အလမ်းများဖန်တီးရန် ဂျာမန်အသင်းသည် ၎င်းတို့၏ အရှိန်အဟုန်နဲ့ တိုက်စစ်ဆင်လာပြီး ဂိုးပေါက် ခြိမ်း‌‌‌ခြောက်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။ ဖရန့်ဖက်အသင်းရဲ့ တိုက်စစ်ဆင်မှုကို လက်စွမ်းပြ ကာကွယ်ခဲ့ရတဲ့ အလန်မက်ဂရီ‌ဂေါ် ရဲ့ အကောင်းဆုံး‌ လက်စွမ်းတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ သိပ်မကြာခင်မှာပဲ ဖိလစ်‌ကော့စတစ်ရဲ့ ဘော်လီကန်သွင်းမှုဟာ ဂိုးပေါက်နဲ့ အနည်းငယ် လွဲ‌ချော်ခဲ့တာကြောင့် ရိန်းဂျားစ်တို့ ကံ‌ကောင်းသွားတယ်လို့ ဆိုရပါမယ်။

Europa League Final Sevilla 2022

၂၀၂၂ ခုနှစ် ယူရိုပါလိဂ်ဖိုင်နယ်ကျင်းပခဲ့တဲ့ ဆီဗီးလားအိမ်ကွင်း။

ဂိုးမရှိသရေ ရလဒ်

ပွဲကစားချိန် ၃၅ မိနစ်မှာ ဘာရီဆစ်ရဲ့ တည်ကန်ဘောကနေတဆင့် ကွင်းလယ်လူ လန့်ဒ်စထရမ်းရဲ့  အနီကပ် ခေါင်းတိုက်ချက်က တော်တော်လေး စိုးရိမ်ရပေမယ့် ဖရန့်ဖက် ဂိုးသမား ကီဗင်ထရပ်က လှလှပပ ကာကွယ်နိုင်ခဲ့ပါတယ်။ ပထမပိုင်း ၄၅ မိနစ်ပြီးတဲ့အထိ နှစ်သင်းစလုံးမှာ ဂိုးသွင်းနိုင်ခြင်းမရှိခဲ့ဘဲ ဂိုးမရှိသရေနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။

ခေတ္တအနားယူပြီးနောက် ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ နှစ်ဖက်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေက ဆက်တိုက်ဆိုသလို တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း မထင်မှတ်ထားပဲ ပွဲကစားချိန် ၅၇ မိနစ်မှာ ကွင်းလယ်လူ ဂျီဘရေးလ်ဆော့ဖ်နဲ့ နောက်ခံလူ လူးကပ်ဆေးလ်ဗားတို့ရဲ့ အနည်းငယ် နားလည်မှုလွဲတာ‌ကနေတဆင့် ရိန်းဂျားစ် ကွင်းလယ်လူ ဂျိုးအရီဘိုက  အခွင့်အရေးကို အသုံးချပြီး အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

Europa League Final Sevilla 2022

ရိန်းဂျားစ်အသင်းနဲ့ ဖရန့်ဖက်အသင်းတို့ အကြိတ်အနယ် ယှဥ်ပြိုင်နေကြစဥ်။

ရာဖေးလ်ဘော်ရီရဲ့ ချေပဂိုး

ဖရန့်ဖက်အသင်းအတွက် ချေပဂိုးရရှိဖို့ ရုန်းကန်ခဲ့ကြတဲ့အခါမှာတော့ ကွင်းလယ်လူ ကော့စတစ်ရဲ့ ဖြတ်တင်ဘောကနေတဆင့် ရာဖေးလ်ဘော်ရီက ကြိုးစားအားထုတ်မှုက ဂိုးအဖြစ်ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ ဂျာမန်ကလပ်တိုက်စစ်မှူး ရာဖေးလ်ဆန်းတို့စ် ဘော်ရီက ပွဲကစားချိန် ၆၉ မိနစ်မှာအသင်းအတွက် ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်နေဂျာနှစ်ဦးစလုံးဟာ သူတို့ရဲ့ အသင်း‌ကိုယ်စီကို အပြောင်းအလဲ အနည်းငယ် ပြုလုပ်ခဲ့ကြပြီး အနိုင်ရဖို့ ကြိုးစားတဲ့အနေနဲ့ ကစားသမားအသစ်တွေ ထုတ်သုံးခဲ့ပါတယ်။ သို့သော်လည်း ဒုတိယပိုင်း ၄၅ မိနစ်အပြီးမှာ နှစ်ဖက်အသင်းဟာ တစ်ဖက် ၁ ဂိုးစီသရေနဲ့ အချိန်ပိုအဆင့်ကို ရောက်ရှိသွားခဲ့ပြီး ဂိုးရရှိဖို့ ပြတ်ပြတ်သားသား အခွင့်အရေးတွေ မဖန်တီးနိုင်ခဲ့ကြပါဘူး။

 

ပထမပိုင်းအချိန်ပိုမှာ နှစ်သင်းစလုံးက တစ်ဖက်အသင်းရဲ့  အမှားအယွင်းတွေကို စောင့်ဆိုင်းရင်း သတိကြီးစွာ ကစားနေခဲ့ကြပါတယ်။ နှစ်ဖက်အသင်း ကစားသမားတွေဟာ မိနစ် ၉၀ အပြင် ပြင်းထန်လာတဲ့ အချိန်ပိုတွေကို  ဖြတ်သန်းလာခဲ့ကြပြီးနောက် ပင်ပန်းနွမ်းနယ်နေကြပြီ ဖြစ်ပါတယ်။

ပင်နယ်တီအဆုံးအဖြတ်

ရိန်းဂျားစ်အသင်းနဲ့ ဖရန့်ဖက်အသင်းတို့ဟာ ပထမပိုင်း အချိန်ပိုအပြီးမှာ ၁-၁ ဂိုးစီနဲ့ သရေရလဒ်ကို မပြောင်းလဲနိုင်ခဲ့ကြပါ။ စတော့တလန်ကလပ်အသင်းဟာ ဒုတိယပိုင်း အချိန်ပိုမှာ အစွမ်းကုန်ကြိုးစားခဲ့ကြပြီး ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးဖို့ အခွင့်အလမ်းကြီး နှစ်ခုရှိခဲ့ပေမယ့် ဂိုးသမား ထရပ်ရဲ့ လက်စွမ်းပြမှုကြောင့် သရေရလဒ်သာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

 

ပွဲကစားချိန် ၁၂၀ စလုံးအပြီးမှာ နှစ်ဖက်အသင်း အနိုင်အရှုံးမပေါ်ခဲ့ဘဲ ပင်နယ်တီအဆုံးအဖြတ်ကို ရောက်ရှိသွားခဲ့ရပါတယ်။ ပင်နယ်တီအဆုံးအဖြတ်မှာ ပထမဦးဆုံးဂိုးကို ရိန်းဂျားစ်အသင်းက နောက်ခံလူ တာဗာနီးယားက ကန်သွင်းပြီး ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။

Europa League Final Sevilla 2022

ယူရိုပါလိဂ်ဆုဖလားနဲ့အတူ အောင်ပွဲခံနေတဲ့ ဖရန့်ဖက်အသင်း။

ရိန်းဂျားစ်အသင်းအတွက် ၄ လုံးမြောက် ပင်နယ်တီအဆုံးအဖြတ်ကို ကွင်းလယ်လူ ရမ်ဆေးက လွဲချော်ခဲ့ပါတယ်။ ဖရန့်ဖက်အသင်းကတော့ အဆုံးအဖြတ် ပင်နယ်တီ ၅ လုံးစလုံးကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ကြပြီး နောက်ဆုံးဂိုးကိုတော့ ဘရာဇီးလ်သား တိုက်စစ်မှူး ရာဖေးလ် ဘော်ရီက သွင်းယူခဲ့ပြီး အသင်းရဲ့ ဒုတိယမြောက် ယူရိုပါလိဂ်ချန်ပီယံဆုဖလားကို ရယူပေးနိုင်ခဲ့ပါတယ်။ ပင်နယ်တီရလဒ်ကတော့ ၅ – ၄ ဂိုးနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။

 

ဒီချန်ပီယံဆုဖလားဟာ အိန့်ထရတ်ချ် ဖရန့်ဖက်အသင်းရဲ့ ဒုတိယအကြိမ်မြောက် ချန်ပီယံဆုဖလား ဖြစ်ပါတယ်။ ဒီဆုဖလားကို လွန်ခဲ့တဲ့ ၄၂ နှစ်ခန့် ၁၉၈၀ ခုနှစ်တုန်းကတစ်ကြိမ် ဆွတ်ခူးခဲ့ဖူးပါတယ်။ ဒီအနိုင်ရရှိမှုက ဖရန့်ဖက်အသင်းအတွက် လာမယ့်ရာသီ ဥရောပ ချန်ပီယံစ်လိဂ် တစ်နေရာအတွက် အာမခံချက် ရရှိသွားပြီ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment