Maguire ရဲ့ အပြောင်းအရွှေ့ အက်ပ်ဒိတ်။

Maguire will stay at United until January WS
September 5, 2023

ယူနိုက်တက် နောက်ခံလူ Maguire [ ဟယ်ရီ မက်ဂွိုင်းယား ] အတွက် အပြောင်းအရွှေ့ အက်ပ်ဒိတ်။

Maguire [ ဟယ်ရီ မက်ဂွိုင်းယား ] ရဲ့ လက်ရှိ ‌အပြောင်းအရွှေ့ သတင်း နဲ့ ပတ်သက်ပြီး အပြောင်းအရွှေ့ ဆရာကြီး ဖာဘရီဇီယို ရိုမန်နိုက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

Fabrizio Romano က Maguire [ ဟယ်ရီ မက်ဂွိုင်းယား ] ရဲ့ အနာဂတ် နဲ့ ပတ်သက်တဲ့ ဆော်ဒီကို ပြောင်းရွှေ့မယ့် ကောလဟာလ မှန်သမျှကို တုံ့ ပြန် ပြောဆိုလိုက်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

မက်ဂွိုင်းယားက တန်ဟက်ဂ် လိုချင်တဲ့ ‌ခံစစ်မှူးမျိုး မဟုတ်ပါ။

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်းဟာ အသင်းမှာ နေရာဆုံးရှုံးခဲ့ပြီးနောက် နွေရာသီ အပြောင်းအရွှေ့ ကာလမှာ ပြင်းထန်တဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဘောလုံးကို သက်တောင့်သက်သာ နဲ့ သွက်သွက်လက်လက် ကိုင်နိုင်တဲ့ ခံစစ် ကစားသမားများကို လိုချင်တဲ့ Erik ten Hag ရဲ့ ပုံစံ နဲ့ မကိုက်ညီဘဲ Harry Maguire ဟာ နည်းပြ ရဲ့ ပထမဆုံး ရာသီကို တာဝန်ယူရချိန်မှာ ခက်ခဲသွားတာကို တွေ့ရှိခဲ့ရပါတယ်။

Maguire at England

အင်္ဂလန် လက်ရွေးစင် နောက်ခံလူ မက်ဂွိုင်းယား။

အပြောင်းအရွှေ့ကာလမှာ အသင်း နဲ့ Maguire ရဲ့ အနာဂတ် နည်းပါးသွားခြင်းနဲ့အတူ အဲရစ် တန်ဟက်ဂ် ရဲ့ ခံစစ် အားဖြည့်ဖို့ အသုံးစရိတ်အတွက် သူ့ကို ရောင်းထုတ်ပြီး ပြောင်းရွှေ့ကြေး ရှာဖွေဖို့ ကြိုးပမ်းခဲ့ပါတယ်။

ဘယ်အသင်းကိုမှ ပြောင်းဖို့ မဖြစ်နိင်သေးတဲ့ Maguire [ ဟယ်ရီ မက်ဂွိုင်းယား ]။

တစ်ဖက် သူ့ ရဲ့ စွမ်းဆောင်ရည် နဲ့ ခြေစွမ်းတွေ အပေါ် အလေးအနက် စိတ်ဝင်စားမှုမှာ နည်းပါးပြီး ကလပ် အသင်းတွေက သူ့ ရဲ့ လုပ်ခလစာ တောင်းဆိုမှုများကိုသာ သတိထားဖွယ် ရှိနေပါတယ်။

ဝက်စ်ဟမ်း အသင်းဟာ ယူနိုက်တက် အသင်း နဲ့ သဘောတူ စာချုပ်ချုပ်ဆိုဖို့ စီမံခဲ့သော်လည်း နောက်ဆုံးတွင် ရှုံးနိမ့်ခဲ့ပြီး မက်ဂွိုင်းယားဟာ Deadline Day ရောက်ရှိလာသဖြင့် အိုးလ်ထရက်ဖို့ဒ်မှာသာ ဆက်လက်ရှိနေခဲ့ပါတယ်။

Maguire vs Arsenal

မက်ဂွိုင်းယားဟာ အာဆင်နယ်နဲ့ ပွဲမှာ လူစားဝင် ကစားသမားဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် အပြောင်းအရွှေ့အတွက် လမ်းဖွင့်ထားဆဲဖြစ်ပြီး၊ Ten Hag ဟာ အာဆင်နယ်နဲ့ပွဲမှာ ကြံ့ခိုင်မှုမပြည့်မီသော ဗစ်တာလင်ဒီလော့ဖ်ကို ရွေးချယ်ပြီးနောက် အင်္ဂလန် လက်ရွေးစင် ရဲ့ အနာဂတ် နဲ့ ပတ်သက်လို့ ထင်ကြေးပေးမှုများ ထွက်ပေါ်လာခဲ့ပါတယ်။

ဖာဘရီဇီယို ရိုမန်နို ရဲ့ အဆိုအရ Maguire [ ဟယ်ရီ မက်ဂွိုင်းယား ] ဟာ ဇန်နဝါရီအထိ အစားထိုး ခေါ်ယူနိုင်ခြင်း မရှိသောကြောင့် ဆော်ဒီအာရေးဗီးယား ဒါမှမဟုတ် တူရကီသို့ ထွက်ခွာဖို့ မဖြစ်နိုင်ကြောင်း သိရပါတယ်။

Romano က  Maguire [ ဟယ်ရီ မက်ဂွိုင်းယား ] နဲ့ ပတ်သက်လို့ ဘာပြောထားသလဲ။?

ရိုမန်နို က သူ့ ရဲ့ YouTube ချန်နယ်မှာ “ဟယ်ရီမက်ဂွိုင်းယားနဲ့ ပတ်သက်ပြီး မေးခွန်းတွေ အများကြီးပါ။ အာဆင်နယ် နဲ့ ပွဲမှာ ဘာလို့ ပွဲထွက်စာရင်းထဲ မပါရတာလဲ။ ပြီးတော့ နည်းပြက ကြံ့ခိုင်မှု မပြည့်ဝတဲ့ Lindelof လို ကစားသမားမျိုးကို အသုံးပြုခဲ့တယ်။ ”

” လက်ရှိအချိန်မှာတော့ ဟယ်ရီမက်ဂွိုင်းယားဟာ အပြောင်းအရွှေ့ ဈေးကွက် နဲ့ မသက်ဆိုင်ပါဘူး။  ဒါ့ကြောင့် မတူညီတဲ့ တိုက်ကြီး ဒါမှမဟုတ် နိုင်ငံအသီးသီးမှာ စျေးကွက်ဖွင့်ထားဆဲ ကလပ်အသင်းတွေ နဲ့ လည်း ဘာမှ ဆက်ဖြစ်မှာ မဟုတ်ပါဘူး။ ”

” အခုအချိန်မှာတော့ Maguire အတွက် အရာအားလုံး တိတ်ဆိတ်နေပါတယ်။ သူဟာ သူ့နေရာ အတွက် တိုက်ပွဲဝင်ချင်ပါတယ်။ သူ့ အတွက် လွယ်ကူတဲ့ အခိုက်အတန့်တော့ မဟုတ်ပါဘူး၊ ဒါကို ကျွန်တော်တို့ ကောင်းကောင်း သိပါတယ်။ ”

Maguire Fabrizio Romano talks about him.

မက်ဂွိုင်းယားနဲ့ ပတ်သက်လို့ ရိုမန်နိုရဲ့ ပြောဆိုချက်။

ဝက်စ်ဟမ်း အသင်း ဘက်က ပေါင် သန်း ၃၀ နဲ့ သဘောတူညီမှု ပျက်သွားပြီးနောက် အပြောင်းအရွှေ့ ကာလ နောက်ဆုံးရက်တွေမှာ အငှား စာချုပ်နဲ့ ပြန်လည် အသက်သွင်းဖို့ ကြိုးစားခဲ့တာကိုလည်း သိခဲ့ရပါတယ်။ ”

” ဒါပေမယ့်လည်း မန်ချက်စတာ ယူနိုက်တက် အတွက်ကတော့ အပြောင်းအရွှေ့ရဲ့ နောက်ဆုံး ရက်တွေမှာ အငှား စာချုပ် နဲ့ နောက်ထပ် နောက်ခံလူကို ခေါ် ယူဖို့ ဆိုတာ မဖြစ်နိုင်သလောက် အခြေအနေမလို့ ဒါဟာ ‘ နိုး ‘ ပါပဲ။ ”

“ဒါနဲ့ အခု အချိန်မှာတော့ မက်ဂွိုင်းယား အတွက် အရာအားလုံးက လုံးဝကို ငြိမ်သက်နေပါတယ်။ ယူနိုက်တက်ဘက်က ကစားသမားဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်အထိ အနည်းဆုံး ဆက်ရှိနေမယ်လို့ အတည်ပြုခဲ့ပါတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment