Mohammed Kudus ကို မျက်စိကျနေတဲ့ ယူနိုက်တက်။

Mohammed Kudus is wanted by Erik Ten Hag
April 28, 2023

အေဂျက် ကွင်းလယ် တိုက်စစ် Mohammed Kudus [ မိုဟာမတ် ကူဒက်စ် ] မျက်စိကျနေတဲ့ ယူနိုက်တက်။

Mohammed Kudus [ မိုဟာမတ် ကူဒက်စ် ] ဟာ  အေဂျက်မှာ အကောင်းဆုံး ခြေစွမ်းပြနေတဲ့ ကွင်းလယ် တိုက်စစ် ကစားသမား တစ်ဦးဖြစ်ပြီး ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ်ဟာ ကူဒက်စ်အတွက် အပြောင်းအရွှေ့ကို ပြန်လည်ကြည့်ရှုဖို့ စီစဥ်နေတာ ဖြစ်ပါတယ်။

မန်ယူ အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီက ဂါနာ လက်ရွေးစင် ကစားသမားကို အီရက်ဒစ်ဗီစီအသင်း ကနေ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အဲဗာတန်လိုပဲ ချဉ်းကပ်မှု မအောင်မြင်ခဲ့ဘဲ အမ်စတာဒမ် အသင်း နဲ့ သဘောတူညီမှုမရရှိခဲ့ပေ။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အေဂျက်ကွင်းလယ်လူ Mohammed Kudus [ မိုဟာမတ် ကူဒက်စ် ] ရဲ့ ပြောင်းရွှေ့ကြေး။

Ten Hag ဟာ Mohammed Kudus [ မိုဟာမတ် ကူဒက်စ် ] နဲ့ အပြောင်းအရွှေ့ မအောင်မြင်ခဲ့တဲ့နောက် Brentford နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အလွတ်အေးဂျင့် ဖြစ်ခဲ့တဲ့ Christian Eriksen ကို အစားထိုးသွားခဲ့ပါတယ်။

အဆိုပါ ကမ်းလှမ်းမှု ပျက်ကွက်ပြီးနောက် တစ်နှစ်အကြာတမှာ မန်ယူအသင်းဟာ မျှော်လင့်ထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၆.၂ သန်း သိသိသာသာ မြင့်တက်လာတဲ့ အေဂျက် ကစားသမားဘက်ကို  ပြန်လည် ကြည့်ရှုဖို့ အဆင်သင့် ဖြစ်နေပါပြီ။

Mohammed Kudus Erik Ten Hag vs Eriksen

ဘရန့်ထ်ဖို့ဒ်ကနေ အလွတ်အေးဂျင့်နဲ့ ရောက်ရှိလာတဲ့ အဲရစ်ဆင်။

အိုးထရက်ဖို့ဒ် အသင်းဟာ အခု နွေရာသီ အပြောင်းအရွှေ့ မှာ Mohammed Kudus [ မိုဟာမတ် ကူဒက်စ် ] ကို ပြောင်းရွှေ့ကြေး ယူရို ၄၅ သန်း (ပေါင် သန်း ၄၀ ) ဝန်းကျင် နဲ့  စာချုပ် ချုပ်ဆိုနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

ယူနိုက်တက်က Mohammed Kudus [ မိုဟာမတ် ကူဒက်စ် ]  လိုမျိုး ကွင်းလယ် တိုက်စစ် လိုအပ်နေတာပါ။

ဒီအပြောင်းအရွှေ့ ဟာ မန်ချက်စတာ ယူနိုက်တက် ပရိတ်သတ်များ မျှော်လင့်‌ထားတဲ့ လက်မှတ်ရေးထိုးမှု အမျိုးအစားတော့ မဟုတ်ပေမယ့် အချိန်အကြာကြီး ဆွေးနွေး ညှိနှိုင်းနေရမယ်ဆိုရင်တော့ အဆင်မပြေနိုင်ပါဘူး။

အချိန်အကြာကြီး ဆွေးနွေး ညှိနှိုင်းမှုက အိုးထရက်ဖို့ဒ် အသင်းအတွက် ဟယ်ရီကိန်း နဲ့ ပတ်သက်ပြီး ဆွေးနွေးနေတဲ့  blockbuster အပြောင်းအရွှေ့ ပုံစံမျိုး ဖြစ်သွားပြီး ဆက်လက် ညှိနှိုင်းဖို့ အရမ်းကို ခက်ခဲသွားမှာ ဖြစ်ပါတယ်။

အထူးသဖြင့် တော့တင်ဟမ် ဟော့ စပါး တိုက်စစ်မှူး ဟယ်ရီကိန်း အပါအဝင် နာပိုလီ ရဲ့ ဗစ်တာ အိုဆီမှင် နဲ့ ဒေါ့မွန် ရဲ့ ဂျူးဒ် ဘယ်လင်ဂမ် တို့ ကိုလည်း အခုလိုပဲ ကလပ်အသင်း နဲ့ ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။

Mohammed Kudus scored 18 goals for Ajax

ဒီရာသီ အသင်းအတွက် ၁၈ ဂိုး သွင်းယူထားတဲ့ ကူဒက်စ်။

အဲရစ် တန်ဟက်ဂ် ဟာ ကွင်းလယ်တိုက်စစ်၊ တောင်ပံတိုက်စစ် ဒါမှမဟုတ် ဗဟို တိုက်စစ်မှူးအဖြစ် ကစားနိုင်တဲ့  ကူဒက်စ် ရဲ့ ဘက်စုံစွမ်းပကားကို တန်ဖိုးထားပြီး ဒါဟာ နယ်သာလန်သား နည်းပြ အဓိက လိုချင်နေတဲ့ နံပါတ် ၁၀ အရည်အချင်းတွေပါပဲ။

ကွင်းလယ်တိုက်စစ် မိုဟာမတ် ကူဒက်စ် က အသင်းနဲ့ အံဝင်ဂွင်ကျ ဖြစ်မယ်လို့ ယုံကြည်နေတဲ့ တန်ဟက်ဂ်။

ပြီးခဲ့တဲ့ နွေရာသီတုန်းက မန်ချက်စတာ Mohammed Kudus [ မိုဟာမတ် ကူဒက်စ် ] ကို ယူနိုက်တက် အသင်း ရဲ့ ချဉ်းကပ်မှု မအောင်မြင်တဲ့အခါ အဲရစ်ဆင်ကို ခေါ် ယူခဲ့တုန်းက ဒါက ရှင်းရှင်းလင်းလင်း သိသာ ထင်ရှားပါတယ်။

အမှန်တကယ်တော့ ဒါဟာ ချန်ပီယံလိဂ် ၆ ပွဲတွင် ၄ ဂိုး သွင်းယူမှု အပါအဝင် အခုနှစ် ရာသီ ပြိုင်ပွဲစုံ ၃၈ ပွဲမှာ ၁၈ ဂိုး သွင်းယူပြီး နောက်ထပ် ၅ ကြိမ် ဂိုး ဖန်တီးပေးထားတဲ့ ကူဒက်စ် နဲ့ ကိုက်ညီမယ့်အရာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလအတွင်းက အယ်လ်ဂျီမီယန် ဒဂ်ဘလပ် နဲ့ စကားပြောရာမှာ  ကူဒက်စ်က “ ကျွန်တော်က စွယ်စုံရရှိပြီး မတူညီတဲ့ နေရာတွေမှာ ကစားနိုင်ပေမယ့် ကွင်းလယ်မှာ ကစားရတာ အကောင်းဆုံးလို့ ခံစားရပါတယ်။ ”

Mohammed Kudus vs Erik Ten Hag

အဲရစ် တန်ဟက်ဂ်နဲ့ မိုဟာမက် ကူဒက်စ်။

“ မကြာခဏဆိုသလို ဘောလုံးကို ဂိုးအနီးမှာ ကပ်ရတာကြောင့် အဲဒီနေရာမှာ ပိုအန္တရာယ်များပါတယ်။ ကျွန်တော့် အနေနဲ့ တိုက်စစ်မှူးအဖြစ် ကစားခဲ့တုန်းကလိုပဲ အသင်းကို ကူညီဖို့ အနေအထားတိုင်းကို အကောင်းဆုံး လုပ်ဆောင်သွားမှာပါ။ ” လို့ ပြောဆိုခဲ့ပါတယ်။

တန်ဟက်ဂ်ဟာ ဒိန်းမတ်ကလပ် Nordsjaelland မှ ၂၀၂၀ ခုနှစ်မှာ ကစားသမားကို Ajax နည်းပြအဖြစ် ခေါ်ယူခဲ့တဲ့ Mohammed Kudus [ ကူဒက်စ် ] ရဲ့ ကစားဟန်က ယူနိုက်တက် ကစားပုံနဲ့ အံဝင်ခွင်ကျဖြစ်မယ်လို့ ယုံကြည်နေပါတယ်။

တစ်ချိန်တည်းမှာပဲ ယူနိုက်တက်အသင်းဟာ ဗဟိုတိုက်စစ်မှူးတစ်ဦးအတွက် စောင့်ကြည့်နေဆဲဖြစ်ပြီး နွေရာသီအပြောင်းအရွှေ့ကာလမှာ အသင်းရဲ့ တခြားကဏ္ဍများစွာမှာလည်း အားကောင်းလာစေဖို့ စီစဉ်လျက် ရှိနေပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment