Smith Rowe အာဆင်နယ် ကစားသမားဘဝ အနာဂတ်။

Smith Rowe future is not sure at Arsenal WS
April 4, 2024

အာဆင်နယ်မှာ အနာဂတ် မသေချာ ဖြစ်နေတဲ့ Smith Rowe [ စမစ်သ် ရိုး ]။

Smith Rowe [ စမစ်သ် ရိုး ] ဟာ အာဆင်နယ် အသင်းမှာ အကောင်းဆုံး ပုံစံနဲ့ တောက်ပနေပေမယ့် ဒါက သူ့ ရဲ့ လက်ရှိ အာဆင်နယ် ကစားသမား ဘဝကို ကယ်တင်ဖို့ လုံလောက်ပါ့မလား ဆိုတာ ‌စိုးရိမ်စရာ ရှိနေပါတယ်။

ဂန်းနားတို့ အနေနဲ့ ဆယ်စုနှစ် ၂ ခု အတွင်း သူတို့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဖလားအတွက် ကြိုးပမ်းနေချိန် ကွင်းလယ်လူ Smith Rowe [ စမစ်သ် ရိုး ] ဟာ ဟာ အကောင်းဆုံး ကစားသမားတွေထဲက ၁ ဦး ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

ဒဏ်ရာတွေ နဲ့ အနားယူရချိန် များခဲ့တဲ့ Smith Rowe [ စမစ်သ် ရိုး ]။

ဧပြီလ ၃ ရက် ဗုဒ္ဓဟူးနေ့အထိ သူဟာ မန်နေဂျာ Mikel Arteta လက်အောက်  တစ်ရာသီလုံး ပရီးမီးယားလိဂ်ပွဲ ၂ ပွဲသာ ကစားခဲ့ရပြီး သူ့ ရဲ့ တိုးတက်မှုကို မစစ်‌ဆေးနိုင်ဘဲ ဒဏ်ရာများ ပြန်လည် ရရှိခဲ့ပါတယ်။

ကာလကြာရှည် ပေါင်ခြံဒဏ်ရာက သူ့ကို ပြီးခဲ့တဲ့ရာသီ အများစုမှာ အနားယူခဲ့ရပြီး ဒီရာသီ အစောပိုင်းက ရှက်ဖီး  ကို ၅-၀ ဂိုး နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပါဝင်ခဲ့ပြီး ဒူးဒဏ်ရာကြောင့် အနားယူခဲ့ရပါတယ်။

Smith Rowe was struggling with injuries

ဒဏ်ရာတွေနဲ့ ရုန်းကန်နေခဲ့ရတဲ့ စမစ်သ်ရိုး။

ဒါက အာဆင်နယ် ကစားသမားဘဝက အမြဲတမ်း ရှေ့တစ်လှမ်းတိုးပြီး နှစ်လှမ်း နောက်ဆုတ်နေပုံရတဲ့ Smith Rowe [ စမစ်သ် ရိုး ]  အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ပါပဲ။

လူတန် နဲ့ ပွဲမှာ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့တဲ့ Smith Rowe [ စမစ်သ် ရိုး ]။

အာတီတာ နည်းပြ အဖြစ် အစောပိုင်း ကာလမှာ အကောင်းဆုံး ပေါ် ထွက် လာခဲ့တဲ့ Hale End အကယ်ဒမီ ထွက် ၁ ဦး အတွက် ပွဲချိန်မရှိခြင်းက အာဆင်နယ် ပရိသတ်‌တွေကို စိတ်ပျက်စေခဲ့ပါတယ်။

ဒါပေမယ့် ပွဲတွေ ထူထပ်လာပြီး မြန်မြန်ဆန်ဆန် နဲ့ မန်နေဂျာက သူ့လူစာရင်းကို အလှည့်ကျ လုပ်ဖို့ ရည်ရွယ်ချက်နဲ့ ထောက်ခံသူတွေဟာ ဗုဒ္ဓဟူးနေ့ည က သူတို့ရဲ့ ဆန္ဒကို ရရှိခဲ့ပါတယ်။

Smith Rowe vs Luton Town

လူတန်တောင်နဲ့ ပွဲစဥ်က စမစ်သ်ရိုး။

လူတန်တောင် နဲ့ ပွဲမှာ Smith Rowe [ စမစ်သ် ရိုး ] ပါဝင်ခဲ့ပြီး သူ့ ရဲ့ ပံပိုး ကူညီမှုတွေ ဟာ အရေးပါခဲ့ပြီး သူ့ ရဲ့ အရည်အချင်းတွေ ကို နည်းပြအား အချိန် နှင့် တပြေးညီ သတိပေးချက် တစ်ခု ဖြစ်ခဲ့ပါတယ်။

လူတန်တောင် အသင်းကို ၂-၀ ဂိုး နဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီး မှာ အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေး ဇယားထိပ်မှာ ဦးဆောင်နေပြီး လီဗာပူးလ်က တစ်ပွဲကျန် နဲ့ ဒုတိယ နေရာမှာ ရပ်တည်နေပါတယ်။

ကွင်းလယ်လူ စမစ်သ် ရိုး အတွက် နွေရာသီ ရောင်းချမှု အလားအလာ။

နည်းပြက အခု ရာသီ တစ်လျှောက်လုံး မှာ တိုက်စစ်ပိုင်း အတွက် Leandro Trossard၊ Gabriel Martinelli နှင့် Gabriel Jesus တို့ကို လှည့်ပတ် အသုံးပြုခဲ့ပြီး အခု Smith Rowe ပြန်ကစားနိုင်ရင် ရွေးချယ်စရာ တစ်ခု အဖြစ် ရှိနေမှာပါ။

လက်တွေ့ကျကျမှာ သူက အဲဒီ ကစားသမားတွေရဲ့ နောက်ကွယ်မှာ ရှိနေဆဲဖြစ်ပေမယ့် ချန်ပီယံပြိုင်ပွဲမှာ သူပါဝင်နိုင်ဖို့ ယုံကြည်ရကြောင်း သူ့ရဲ့ မန်နေဂျာကို ဗုဒ္ဓဟူးနေ့က ပြသဖို့ လုံလောက်ပါတယ်။

Smith Rowe Arsenal are considering to sell players

ကစားသမားတွေ ရောင်းချဖို့ စီစဥ်နေတဲ့ အာဆင်နယ်။

သို့သော်လည်း သူ၏အနာဂတ်နှင့် ပတ်သက်၍ ရေရှည်မသေချာမှုများ ရှိနေသေးပြီး  ပြိုင်ဆိုင်မှုများစွာဖြင့် Arteta လက်ထက်မှာ ပွဲထွက် ၁၁ ယောက် အသင်းအတွက် ပုံဖော်နိုင်မှာ မဟုတ်ပါဘူး။

သူ့ ရဲ့ လက်ရှိ စာချုပ်ဟာ ၂၀၂၆ ခုနှစ်အထိ ကျန်ရှိနေသေးပြီး Smith Rowe ဟာ အာဆင်နယ်မှာ ပုံမှန် ကစားလိုနေပေမယ့် သူ့ ရဲ့ နောက်ထပ် ကစား သမားဘဝက တခြား အသင်းတွေမှာ လည်း ဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment