ပရီးမီးယားလိဂ် ရဲ့ Hall of Fame စာရင်းဝင်လာတဲ့ ဒီဒီယာ ဒရော့ဘာ

ပရီးမီးယားလိဂ် ရဲ့ Hall of Fame စာရင်းဝင်လာတဲ့ Didier Drogba
ချဲလ်ဆီး ဂန္တဝင် တိုက်စစ်မှူး ဒီဒီယာ ဒရော့ဘာ ဟာ Premier League Hall of Fame ( ပရီးမီးယားလိဂ် ရဲ့ ဂုဏ်ဆောင် အကျော်အမော် ခန်းမ )ထဲကို စာရင်းသွင်းခံခဲ့
ပါတယ်။
အိုက်ဗရီကို့စ် တိုက်စစ်မှူး ဒီဒီယာဒရော့ဘာဟာ Stamford Bridge ( ချဲလ်ဆီးအိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ချ် ) မှာ ကစားခဲ့စဉ် ကာလအတွင်း သူ့ရဲ့ ကောင်းမွန်တဲ့ စွမ်း
ဆောင်မှုတွေအတွက် ပရီးမီးယားလိဂ် အကျော်အမော် ခန်းမထဲကို စာရင်းသွင်းခံရတာ ဖြစ်ပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 
Promo code (ပရိုမိုကုဒ်)
MMSPORT100
ကိုအသုံးပြု၍
100% ဘောနပ်စ်များ ရယူလိုက်ပါ။
ပရိသတ်များက မဲပေးမှုအပြီးမှာ တိုက်စစ်မှူး ဒရော့ဘာ အပါအဝင် ကစားသမားသစ် ခြောက်ဦးကို ရွေးချယ်ခဲ့ပြီး ဆန္ဒမဲတွေ ပေးခဲ့ကြပါတယ်။
အရင်လက ဝိန်းရွန်နီနဲ့ ပက်ထရစ် ဗီအဲရာတို့ စာရင်းသွင်းခံခဲ့ရပြီးနောက် အခု ဒီတစ်ခေါက်မှာ ချဲလ်ဆီး နဲ့ အိုက်ဗရီကို့စ် ကစားသမားဟောင်း ဒရော့ဘာ ပါဝင်လာခဲ့
တာ ဖြစ်ပါတယ်။
ဂန္တဝင် တိုက်စစ်မှူး ဒရော့ဘာဟာ ကစားသမား ဘဝတလျှောက် ၂၀၀၄ – ၂၀၁၂ နဲ့ ၂၀၁၄ – ၂၀၁၅ ခုနှစ်တွေမှာ ချဲလ်ဆီးအသင်းအတွက် စုစုပေါင်း ၉ ရာသီ ကစားပေး
ခဲ့ပါတယ်။ ဒရော့ဘာဟာ ချဲလ်ဆီးအသင်းမှာ ရှိစဉ်အတွင်း ချဲလ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း ၂၅၄ ပွဲကစားမှာ ၁၀၄ ဂိုးသွင်းယူပြီး ၅၅ ကြိမ် ဂိုးဖန်တီး
မှု ပြုလုပ်ပေးခဲ့ပါတယ်။
ချဲလ်ဆီးအသင်းမှာ ကစားခဲ့တဲ့ ၉ ရာသီအတွင်း ဒရော့ဘာဟာ ၂၀၀၄ – ၂၀၀၅၊ ၂၀၀၅ – ၂၀၀၆၊ ၂၀၀၉ – ၂၀၁၀ နဲ့ ၂၀၁၄ – ၂၀၁၅ ခုနှစ်တွေမှာ ပရီးမီးယားလိဂ်ဖလား
တွေကို စုစုပေါင်း ၄ ကြိမ်တိုင်တိုင် ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် တစ်ဦးချင်းဆု အနေနဲ့ တိုက်စစ်မှူးဟာ ၂၀၀၆ – ၂၀၀၇ နဲ့ ၂၀၀၉ – ၂၀၁၀ ပရီးမီးယားလိဂ်ရာသီ
တွေမှာ ဂိုးသွင်းအများဆုံးအတွက် Golden Boot ( ရွှေဖိနပ်ဆု ) နှစ်ကြိမ် ရရှိခဲ့ပါတယ်။

Didier Drogba with 2014/2015 premier league champion trophy
ပရီးမီးယားလိဂ် ရဲ့ Hall of Fame မှာ ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိကြောင်းနဲ့ ပတ်သက်ပြီး တိုက်စစ်မှူး Didier Drogba
“ပရီးမီးယားလိဂ်ရဲ့ ကျော်ကြားမှုခန်းမထဲကို စာရင်းသွင်းခံရတာ ကျွန်တော့်အတွက် တကယ့်ကို ဂုဏ်ယူမိပါတယ်။ ချဲလ်ဆီးအသင်းနဲ့ အတူ ဖြတ်သန်းခဲ့တဲ့ ကျွန်တော့်
ရဲ့ ကစားသမားဘဝနှစ်တွေဟာ ကျွန်တော့်အတွက် အရမ်းကို ထူးခြားခဲ့ပြီး ဒီအသင်းနဲ့အတူ အနိုင်ရခဲ့သမျှ ကျွန်တော်တို့ရဲ့ အောင်မြင်မှုတွေအတွက် တကယ်ကို ဂုဏ်
ယူမိပါတယ်။ ”
“ ကျွန်တော်ဟာ အံ့ဩစရာကောင်းတဲ့ မန်နေဂျာတွေရဲ့ လက်အောက်မှာ ကောင်းမွန်တဲ့ အသင်းဖော် ကစားသမားတွေနဲ့အတူ ကစားခဲ့ပြီး ထူးချွန်တဲ့ ပြိုင်ဘက်တွေနဲ့
ရင်ဆိုင်ကစားခဲ့ရတာ ဘဝမှာ အမှတ်ရစရာတွေပါပဲ။ ဒါ့အပြင် ပရီးမီးယားလိဂ် ဆုဖလားကြီးကို လေးကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့တဲ့တာကတော့ လုံးဝကို မေ့မရနိုင်
တဲ့ အရမ်းကို ပျော်စရာကောင်းခဲ့တဲ့ အခိုက်အတန့်တွေပါ။ ”
“ အတူတွဲကစားခဲ့ဖူးတဲ့ ကစားသမားကောင်းတွေ၊ ရင်ဆိုင်ကစားခဲ့ဖူးတဲ့ ပြိုင်ဘက်ကစားသမားကောင်းတွေနဲ့ အခုလို Hall of Fame မှာ အတူပါဝင်ခွင့်ရခဲ့ပါတယ်။ ဒီ
အတွက် ကျွန်တော် အရမ်းကို ဂုဏ်ယူမိပါတယ်။ ” လို့ ပြောကြားသွားခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ ဒီဒီယာ ဒရော့ဘာအပြင် Hall of Fame မှာ ပါဝင်ခဲ့ကြတဲ့ နောက်ထပ် ဂန္တဝင်ကြီး ၇ ယောက်ကတော့ အီယန် ရိုက်၊ ပီတာ ချက်မိုက်ကယ်၊ ပေါလ်စခိုး၊
ပက်ထရစ် ဗီအဲယား၊ ဝိန်းရူနီ၊ ဗီးဆန့် ကမ်ပနီနဲ့ ဆာဂျီယို အဂွဲရိုးတို့ပဲ ဖြစ်ပါတယ်။