Hakim Ziyech က ရော်နယ်ဒိုအသင်းဖော် ဖြစ်လာမည်။

Hakim Ziyech will join to Al Nassr
June 21, 2023

ရော်နယ်ဒို ရဲ့ နောက်ဆုံး ကြယ်ပွင့် အသင်းဖော် ဖြစ်လာမယ့် Hakim Ziyech [ ဟာကင် ဇိယက်ရှ် ]။

Hakim Ziyech [ ဟာကင် ဇိယက်ရှ် ] ဟာ မကြာခင် Al-Nassr အသင်းမှာ ခရစ္စတီယာနို ရော်နယ်ဒို  နဲ့ ပူးပေါင်းမှာ ဖြစ်ကြောင်း အပြောင်းအရွှေ့ ကျွမ်းကျင်သူFabrizio Romano က ကြေငြာခဲ့ပြီး ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ကာတာမှာ ကျင်းပခဲ့တဲ့ 2022 ကမ္ဘာ့ဖလား မတိုင်မီက မန်ယူ အသင်းကနေ အပြန်အလှန် သဘောတူချက်နဲ့ ထွက်ခွာလာပြီးနောက် Al-Nassr အသင်း နဲ့ အတူ ရှိနေခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အပြောင်း‌အရွှေ့ ကိစ္စရပ်တွေ အများကြီး ရှိနေသေးတဲ့ ဆော်ဒီ ပရိုလိဂ်။

ပေါ်တူဂီ စူပါစတား ခရစ္စတီယာနို ရော်နယ်ဒို ရောက်ရှိလာမှုဟာ ဆော်ဒီ ပရိုလိဂ်မှာ ထင်ပေါ် ကျော်ကြားမှု၊ အဓိက ရင်းနှီးမြှုပ်နှံမှု အတွက် အထောက်အကူတွေ အများကြီး ဖြစ်စေခဲ့ပါတယ်။

တိုက်စစ်မှူး Karim Benzema နဲ့ ကွင်းလယ်လူ N’Golo Kante တို့ နှစ်ဦးစလုံးဟာ အခု နွေရာသီမှာ အလွတ် ပြောင်းရွှေ့ကြေး နဲ့ ချန်ပီယံ ကာကွယ်ပေးမယ့် Al-Ittihad အသင်း နဲ့ ပူးပေါင်းခဲ့ကြပါတယ်။

Hakim Ziyech Ronaldo

အယ်လ်နာဆာ အသင်းခေါင်းဆောင် ရော်နယ်ဒို။

အဆိုပါ အပေးအယူများ လျင်မြန်စွာ ပေါ်ပေါက်လာပေမယ့် ဆော်ဒီ ပရိုလိဂ် ကလပ် အသင်းများ နဲ့ ပတ်သက်တဲ့ နောက်ထပ် အပြောင်းအရွေ့ ကိစ္စရပ်များ အများအပြား ရှိနေပါသေးတယ်။

လန်ဒန် ကလပ် ချဲလ်ဆီးအသင်းကနေ ထွက်ခွာတော့မယ့် Hakim Ziyech [ ဟာကင် ဇိယက်ရှ် ]။

အဲ့ဒီ အထဲမှာ အဓိကအားဖြင့် ပိုင်ရှင် Todd Boehly ဟာ Pro League ထိပ်တန်းကလပ် လေးခုမှာ အစုရှယ်ယာများ ပိုင်ဆိုင်ထားတဲ့ Saudi PIF နဲ့ ချိတ်ဆက်ထားပြီး ဖြစ်ပါတယ်။

ရိုမီလူ လူကာကူ၊ Edouard Mendy နှင့် Callum Hudson-Odoi တို့သည် ယခု နွေရာသီတွင် ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့ရန် ချိတ်ဆက်နေသည့် ချယ်လ်ဆီးအသင်း ကစားသမား သုံးဦး ဖြစ်ပါတယ်။

Hakim Ziyech at Morocco

မော်ရိုကို လက်‌ရွေးစင် ဇိယက်ရှ်။

ယင်း အပေးအယူများ အနက်မှ ပြီးမြောက်မည် ဆိုသည်ကို မသိရသေးသော်လည်း Ziyech သည် လန်ဒန်အသင်းမှ ထွက်ခွာမည် ဖြစ်ကြောင်း Romano က အတည်ပြုခဲ့ပါတယ်။

ဆော်ဒီကလပ် Al-Nassr မှာ Hakim Ziyech [ ဇိယက်ရှ် ] နဲ့ ရော်နယ်ဒို တို့ လက်တွဲဖို့  ကိစ္စကို

ရိုမန်နိုက “Al Nassr ဟာ Hakim Ziyech နဲ့ ကလပ် အသင်းဝင်ဖို့ နှုတ်အားဖြင့် အပြည့်အ၀ နားလည် သဘောပေါက်ထားပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ စည်းကမ်းချက်များကို သဘောတူထားပါတယ်။ “

“ အားလုံးစီစဉ်ပြီးသွားရင် Ziyech က ဇွန်လ 2026 အထိ လက်မှတ်ထိုးမှာပါ။ ချဲလ်ဆီးအသင်းနဲ့လည်း သဘောတူညီမှုရထားပြီး ပြင်ဆင်ဖို့ စောင့်နေပါတယ်။ စစ်ဆေးပြီးမှ စာချုပ်ချုပ်ဖို့ ကိစ္စဆောင်ရွက်မှာပါ။ ” လို့ ပြောဆိုထားပါတယ်။

ရော်နယ်ဒိုသည် ဆော်ဒီပရိုလိဂ် 16 ပွဲတွင် 14 ဂိုး သွင်းယူထားသော်လည်း 2022/23 ရာသီနှောင်းပိုင်းတွင် Al-Nassr အသင်းအတွက် ကစားပေးခြင်း မရှိဘဲ စိတ်ပျက်ခဲ့ရသည့် အချိန်များတွင် သူသည် အဆိုပါ သဘောတူညီချက်ကို ကြိုဆိုမည် ဖြစ်သည်။

Hakim Ziyech at Chelsea

ချဲလ်ဆီးမှာ ရုန်းကန်နေရတဲ့ ဇိယက်ရှ်။

ချဲလ်ဆီး တောင်ပံတိုက်စစ် ကစားသမား Hakim Ziyech [ ဟာကင် ဇိယက်ရှ် ] ဟာ 2020 နွေရာသီတွင် အေဂျက်အသင်းမှ ယူရိုသန်း 40 ဖြင့် ရောက်ရှိလာပြီး ကတည်းက ချယ်လ်ဆီးအသင်း နဲ့ အဆင်မပြေ ဖြစ်နေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီက သူ ဟာ ပရီးမီးယားလိဂ် မှာ 18 ပွဲသာ ကစားခဲ့ပြီး ၊ အဓိက အားဖြင့် အသင်းအတွက် 3 နှစ်ကြာ နေထိုင် ခဲ့ ပြီး ပြိုင်ပွဲ အရပ်ရပ် မှာ 107 ပွဲ ပါဝင် ကာ 14 ဂိုး သွင်း နဲ့ 13 ဂိုး ဖန်တီး ပေးထား ပါတယ် ။

သူဟာ ဇန်နဝါရီမှာ PSG ကို ပြောင်းဖို့ နီးစပ်ခဲ့ပေမယ့် ချဲလ်ဆီးအသင်း နဲ့ ဆက်ဆံရေးကို ပိုမိုဆိုးရွားစေခဲ့တဲ့ ချဲလ်ဆီးအသင်းမှာ စီမံခန့်ခွဲရေးဆိုင်ရာ အမှားအယွင်းကြောင့် သဘောတူညီမှု ပျက်သွားခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့ လက်တွဲမယ့် Al-Nassr ကို ဒီ ပြောင်းရွှေ့ မှု က ရလဒ်ပါပဲ။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment