Kendry Paez ရဲ့ ချဲလ်ဆီးနဲ့ လေ့ကျင်းရေး အစီအစဥ်။

Kendry Paez will join Chelsea first team training WS
December 15, 2023

ချဲလ်ဆီး အသင်း နဲ့ Kendry Paez [ ကန်ဒရီ ပါယက်ဇ် ] ရဲ့ ပထမဆုံး လေ့ကျင့်ရေး အစီအစဥ်။

Kendry Paez [ ကန်ဒရီ ပါယက်ဇ် ] ဟာ လာမယ့် ၂၀၂၅ အပြောင်းအရွှေ့ မတိုင်ခင် ကလပ်ရဲ့ ပထမ အသင်း နဲ့ လေ့ကျင့်ရေး အစီအစဥ်မှာ စ,တင် ပါဝင်မယ်လို့ သိရပါတယ်။

ချယ်ဆီးအသင်းမှ ခေါ်ယူထားတဲ့ Kendry Paez ဟာ ၂၀၂၅ ခုနှစ် သူ့ ရဲ့ တရားဝင် ချဲလ်ဆီး ကစားသမား မဖြစ်ခင် လာမယ့် အပတ်မှာ ကလပ် ရဲ့ ပထမ အသင်း နဲ့ လေ့ကျင့်သွားမှာ ဖြစ်တယ် လို့ The Telegraph မှ ဖော်ပြခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ချဲလ်ဆီးကစားသမား ဖြစ်ဖို့ အသက် ၁၈ နှစ် ပြည့်အောင် စောင့်ရဦးမယ့် ကန်ဒရီ ပါယက်ဇ်။

အသက် ၁၆ နှစ်အရွယ်ရှိ ပြီဖြစ်သည့် Kendry Paez [ ကန်ဒရီ ပါယက်ဇ် ] ဟာ အခုနှစ် အစောပိုင်းမှာ ချယ်လ်ဆီး အသင်းဆီ ပြောင်းရွှေ့ ဖို့ သဘောတူညီမှု ရရှိခဲ့ပေမယ့် အသက် ၁၈ နှစ် ပြည့်တဲ့အထိ စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

သို့သော်လည်း Kendry Paez  အနေနဲ့ သူ့ ရဲ့ ကလပ်အသစ်မှာ လေ့ကျင့်ခွင့် ရရှိထားပြီ ဖြစ်ပြီး သူဟာ ရှေ့လျှောက် ဒီအသင်းနဲ့ လေ့ကျင်းရေး အစီအစဥ်တွေ ဆက်တိုက် လုပ်သွားမယ်လို့ သိရပါတယ်။

Kendry Paez is now 16 years old.

အသက် ၁၆ နှစ်သာ ရှိသေးတဲ့ ပါယက်ဇ်။

ဒီအတွက် အကြောင်းပြချက်က လူငယ် ကစားသမား အနေနဲ့ သူ့ရဲ့ အမြဲတမ်း ပြောင်းရွှေ့မှု မတိုင်ခင် ကွင်းတွင်းရော အပြင်မှာပါ စနစ်တကျ ဖြစ်စေဖို့ ကြိုတင် လေ့ကျင့်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။

အီကွေဒေါ ကြယ်ပွင့် Kendry Paez [ ကန်ဒရီ ပါယက်ဇ် ] ရဲ့ ပြောင်းရွှေ့ကြေး။

တကယ်လို့ ချဲလ်ဆီး အသင်း ရဲ့ လက်ရှိ ညံ့ဖျင်းတဲ့ ပုံစံတွေက သူပြောင်းရွှေ့လာတဲ့ အချိန်အထိ ဆက်လက် ဖြစ်နေဦးမယ်ဆိုရင်တော့ သူ့ကို အသင်းနဲ့ ချက်ချင်း ပါဝင်ပူးပေါင်းကူညီဖို့ တောင်းဆိုမှာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းက ကန်ဒရီ ပါယက်ဇ် ကို ခေါ်ယူဖို့ အလားအလာရှိတဲ့ အပိုပရိုဂရမ်များ ပါရှိသည့် ယူရို ၁၀ သန်းနဲ့အတူ ကနဦးကြေး ယူရို ၁၀ သန်း ပေးချေခဲ့ကြောင်း သိရပါတယ်။

Kendry Paez The Blues reportedly paid an initial fee of €10 million

လာမယ့် အပတ်မှာ ချဲလ်ဆီး ပထမအသင်းနဲ့ ထရိန်နင်ဆင်းမယ့် ကန်ဒရီ ပါယက်ဇ်။

မန်ချက်စတာ ယူနိုက်တက် နဲ့ ဒေါ့မွန် အသင်း တို့ကလည်း ကစားသမားကို ခေါ် ယူဖို့ စိတ်ဝင်စားနေခဲ့ကြတာကြောင့် ချဲလ်ဆီး အသင်း အနေနဲ့ ဒါကို ကာကွယ်နိုင်ဖို့ ပါယက်ဇ် နဲ့ စာချုပ် ကို အမြန်ဆုံး ချုပ်ဆို နိုင်ခဲ့ပါတယ်။

ဒီ နှစ်အနည်းငယ် အတွင်း အီကွေဒေါ ကြယ်ပွင့် Kendry Paez [ ကန်ဒရီ ပါယက်ဇ် ]  အတွက် တန်ကြေးက လက်ရှိ စျေးနှုန်းရဲ့ နှစ်ဆ တန်ဖိုးရှိလိမ့် မယ်လို့ အကြံပြုထားတာက တကယ်တမ်းတော့ လက်တွေ့ မကျပါဘူး။

လူငယ် ကစားသမား Kendry Paez [ ကန်ဒရီ ပါယက်ဇ် ]  ရဲ့ မှတ်တမ်းများ။

သူ့မျိုးဆက် ရဲ့ အခမ်းနားဆုံး အရည်အချင်းရှိသူများထဲမှ တစ်ဦးအနေနဲ့ ပါယက်ဇ်ဟာ ဆယ်ကျော်သက် အရွယ် ဖြစ်ပေမယ့် စံချိန်များစွာ တင်နိုင်ခဲ့တာကတော့ အံ့အားသင့်စရာ ဖြစ်ရပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့မှာ ပါယက်ဇ်ဟာ တောင်အမေရိက ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဂိုးသွင်းနိုင်တဲ့ အသက် အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

Kendry Paez scored against Bolivia

ဘိုလီဗီးယား ဘက်ကို ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပါယက်ဇ်။

အသက် ၁၆ နှစ် နဲ့ ၁၆၁ ရက်သာ ရှိသေးတဲ့ Independiente del Valle ကြယ်ပွင့်ဟာ  ဘိုလီးဗီးယား ကို ၂-၁ ဂိုး နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ အဖွင့်ဂိုးကို သွင်းယူခဲ့ပြီး အဲ့ဒီပွဲဟာ အီကွေဒေါ လက်ရွေးစင် စီနီယာအသင်းအတွက် သူ့ရဲ့ ဒုတိယမြောက် ပွဲပါပဲ။

ဒါ့အပြင် Paez ဟာ အသက် ၁၅ နှစ် အရွယ်မှာ အသင်းရဲ့ ပွဲဦးထွက်မှာ ဂိုးသွင်းပြီးနောက် အီကွေဒေါ စီးရီးအေ ရဲ့ အသက် အငယ်ဆုံး ကစားသမား နဲ့ အသက် အငယ်ဆုံး ဂိုးသွင်းသူ ဖြစ်လာခဲ့ပါတယ်။

မကြာခင် ချဲလ်ဆီး ကြယ်ပွင့် ဖြစ်လာတော့မယ့် ပါယက်ဇ် ဟာ ၂၀၂၃ ခုနှစ် အစောပိုင်းက ယှဉ်ပြိုင် ကစားခဲ့တဲ့ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလား သမိုင်း တစ်လျှောက် အသက် အငယ်ဆုံး ဂိုးသွင်းသူလည်း ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment