Gabriel Moscardo နဲ့ ချဲလ်ဆီး အပြောင်းအရွှေ့။

Gabriel Moscardo will be signed by Chelsea from Corinthians WS
November 28, 2023

လူငယ် ကွင်းလယ်လူ Gabriel Moscardo [ ဂါဘရီယယ် မော်စကာဒို ] နဲ့ ချဲလ်ဆီး အပြောင်းအရွှေ့။

Gabriel Moscardo [ ဂါဘရီယယ် မော်စကာဒို ] ဟာ လက်ရှိ ဘရာဇီးလ် လိဂ် Corinthians အသင်းမှာ ခြေစွမ်းပြနေပြီး ချဲလ်ဆီး အသင်းက သူ့ကို ခေါ် ယူဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ Corinthians ကြယ်ပွင့် ကစားသမား Gabriel Moscardo ကို ယူရို ၂၆ သန်း နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်တယ်လို့ ဘရာဇီးလ်နိုင်ငံ မှ သတင်းတွေ အရ သိရပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ပရီးမီးယားလိဂ် အသင်းကြီးတွေ နဲ့ ချိတ်ဆက်မှု ရှိခဲ့တဲ့ ဂါဘရီယယ် မော်စကာဒို။

အသက် 18 နှစ် အရွယ် Moscardo သည် တောင်အမေရိကရှိ စီနီယာ အသင်းဆီ ရောက်ရှိသွားပြီးနောက် အာဆင်နယ် နဲ့ လီဗာပူးတို့ကလည်း သူ့ကို ခေါ်ယူ ဖို့ စိတ်ဝင်စားနေပြီး ပရီးမီးယားလိဂ် အသင်းများ နဲ့ အချိန် အတော်ကြာ ချိတ်ဆက်နေခဲ့ပါတယ်။

ဒါပေမယ့်လည်း ချယ်ဆီး အသင်း အနေနဲ့ ကွင်းလယ် ကစားသမားကို ခေါ် ယူဖို့ ပြိုင်ဆိုင်မှု မှာ အနိုင်ရခဲ့ကြောင်း Corinthians တင်ဆက်သူ နဲ့ ကစားသမားဟောင်း Neto က ပြောကြားခဲ့ပါတယ်။

Gabriel Moscardo at Corinthians

ပရီးမီးယားလိဂ် အသင်းတွေနဲ့ ချိတ်ဆက်မှု ရှိခဲ့တဲ့ မော်စကာဒို။

YouTube ပေါ်ရှိ ရှိုးတစ်ခု မှာ Chelsea အသင်းဟာ Gabriel Moscardo [ ဂါဘရီယယ် မော်စကာဒို ] ကို ခေါ် ယူ ဖို့ ယူရို ၂၆ သန်း နဲ့ သဘောတူညီမှု ရရှိခဲ့ကြောင်း Neto မှ ထုတ်ဖော် ပြောကြားခဲ့ ပါတယ်။

ကွင်းလယ်လူ Gabriel Moscardo [ မော်စကာဒို ] ရဲ့ ပြောင်းရွှေ့ကြေးက အသင်းရဲ့ စံချိန်တင် ရောင်းချမှု။

ဖော် ပြပါ သဘောတူညီချက် ဟာ ဘရာဇီးလ် ဆယ်ကျော်သက် ကွင်းလယ်လူကို Corinthians ရဲ့ နောက်ဆုံး ပွဲစဉ်မှာ မကစားရခြင်း အကြောင်းရင်း ဖြစ်ကြောင်း လည်း ဝန်ခံခဲ့ပါတယ်။

ချဲလ်ဆီးအသင်း ဘက်က Gabriel Moscardo အတွက် အပို ဆုကြေးများ အပါအဝင်  ယူရို ၂၅ သန်း နဲ့ ကမ်းလှမ်းထားကြောင်း Goal Brasil မှ သတင်းပေးပို့ချက် မှာ ပါရှိပါတယ်။

Gabriel Moscardo played 23 games for Corinthians

မော်စကာဒိုဟာ ကိုရီသီယန်စ် အတွက် စီနီယာပွဲ ၂၃ ပွဲ ကစားထားပါတယ်။

သတင်းတွေ အရတော့ ချဲလ်ဆီး အသင်းဟာ ကမ္ဘာ့ ဘောလုံး လောကရဲ့ အလားအလာ အကောင်းဆုံး လူငယ် ကွင်းလယ် ကစားသမား တစ်ဦး ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပုံပါပဲ။

Moscardo ဟာ Corinthians အသင်းအတွက် စီနီယာ ပွဲစဥ်  ၂၃ ပွဲ ကစားထားပြီး ပြောင်းရွှေ့ကြေး ယူရို ၂၆ သန်း ဟာ ဘရာဇီးလ် ကလပ် အသင်း အတွက် ကလပ် စံချိန်တင် ရောင်းချမှု ဖြစ်မယ်လို့ သတင်းတွေ ထွက်နေပါတယ်။

လူငယ် ကြယ်ပွင့် Gabriel Moscardo [ မော်စကာဒို ] ဟာ ချဲလ်ဆီးအသင်း ရဲ့ အံ့မခန်း ခေါ်ယူမှုပါ။

တကယ်လို့ Moscardo သာ ချဲလ်ဆီးအသင်း နဲ့ အပြောင်းအရွှေ့ ပြီးမြောက်ခဲ့မယ် ဆိုရင် သူဟာ ပြီးခဲ့တဲ့ နှစ်အတွင်း ကလပ်အသင်းဆီ ပြောင်းရွှေ့တဲ့ နောက်ဆုံး အံသြဖွယ် ကွင်းလယ် ကစားသမား ဖြစ်လာမှာ ဖြစ်ပါတယ်။

အန်ဇို ဖာနန်ဒက်ဇ်၊ မွိုက်စ် ကိုက်ဆယ်ဒို၊ ရိုမီယို လာဗီယာ၊ လက်စ်လေ အူဂိုချူကူ၊ ချူကူမယ်ကာ၊ ကာဆာဒယ်၊ အန်ဒရေ ဆန်းတို့စ် နဲ့ အဲလက်ခ်စ် မာတို့စ် တို့ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ကာလ ၃ ခုမှာ ကလပ်ဆီ ရောက်ရှိလာကြပြီး ကွန်နာ ဂါလယ်ဂါ လည်း ကလပ်မှာ ကျန်ရှိနေပါသည်။

Gabriel Moscardo is best sign for Chelsea

ကိုရီသီယန်စ် လူငယ် ကြယ်ပွင့် ဂါဘရီယယ် မော်စကာဒို။

ခရစ္စတိုဖာ အန်ကွန်ကူ နဲ့ ကိုးလ် ပါလ်မာ တို့ဟာ မကြာသေးမီက အပြောင်းအရွှေ့ ကာလ များအတွင်း ခေါ်ယူခဲ့ပြီး နှစ်ဦးစလုံးဟာ ကွင်းလယ် တိုက်စစ်ပိုင်းမှာ ကစားနိုင်စွမ်း ရှိကြပါတယ်။

ဒါ့အပြင် ဘရာဇီးလ် ကွင်းလယ် ကစားသမား အန်ဂျလို ဂါဘရီရယ် နဲ့ ဒီဗစ် ဝါရှင်တန် တို့သည်လည်း အခု နွေရာသီမှာ အပြောင်းအရွှေ့မှာ ချယ်လ်ဆီး အသင်းဆီ ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှာ ဂါဘရီရယ် ကို Strasbourg တွင် အငှားချထားပြီး လူငယ် ကစားသမား ဝါရှင်တန်ကတော့ ချယ်လ်ဆီး အသင်း အတွက် ပြိုင်ဆိုင်မှု ပြင်းထန် တဲ့ ပွဲတစ်ပွဲ ကို မစတင် ရသေး ပါဘူး ။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment