ထိပ်တန်းလိဂ် ၅ ခုမှာ ဖလားတွေ ရယူနိုင်တဲ့ ပထမဆုံး နည်းပြ Carlo Ancelotti

Carlo Ancelotti
May 1, 2022

ကာလို အန်ဆယ်လော့တီဟာ မနေ့က လာလီဂါဖလားကို ရယူခဲ့ပြီးနောက် ထိပ်တန်းလိဂ် ၅ ခုမှာ

အမှတ်ပေးဖလားတွေ ရယူနိုင်တဲ့ ပထမဆုံး နည်းပြ ဖြစ်လာခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီဟာ ဒီနေ့မှာတော့  ဥရောပဘောလုံးလောကရဲ့  အဓိက လိဂ် ၅ ခုစလုံးမှာ အမှတ်ပေးဖလားတွေကို အနိုင်ရထားတဲ့ သမိုင်းတလျှောက် ပထမဆုံးနည်းပြ ဖြစ်လာခဲ့ပါတယ်။

 

နည်းပြကြီး Carlo Ancelotti [ ကာလို အန်ဆယ်လော့] ဟာ ရီးယဲလ်မက်ဒရစ် အသင်းကို လာလီဂါ ဖလားရရှိအောင် စွမ်းဆောင်ပေးပြီးနောက် အဓိက လိဂ် ၅ ခုလုံးမှာ အမှတ်ပေး ချန်ပီယံဆုဖလားတိုင်းကို ရရှိခဲ့တဲ့ ပထမဆုံးနည်းပြဖြစ်လာချိန်မှာတော့ ဝမ်းသာလွန်းလို့ မျက်ရည်တောင် ကျခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

တော်ဝင်မက်ဒရစ်အသင်းရဲ့ အောင်ပွဲ

Los Blancos  [ ရီးယဲလ်မက်ဒရစ် အသင်း ] ဟာ မနေ့ညနေက လာလီဂါမှာ RCD Espanyol အသင်းကို ၄-၀ ဂိုး နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဲ့ပွဲစဥ်မှာ  ရိုဒရီဂို၊ မာကို အဆန်စီယို နဲ့ ကာရင် ဘန်ဇီမာတို့ရဲ့ သွင်းဂိုးတွေနဲ့ ရီးယဲလ်  မက်ဒရစ် အသင်းအတွက် နိုင်ပွဲ ကို တံဆိပ်ခတ် သွားစေခဲ့ပါတယ်။

 

ဒါကြောင့် ရီးယဲလ်မက်ဒရစ် အသင်းဟာ နောက်ထပ် လေးပွဲကစားဖို့ ကျန်နေပါသေးပေမယ့် စပိန်ရဲ့ ချန်ပီယံသရဖူကို ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အန်ဆယ်လော့တီရဲ့ မက်ဒရစ်အသင်းဟာ ဒီရာသီ ကစားပြီးခဲ့တဲ့ ၃၄ ပွဲမှာ ၃ ပွဲသာ ရှုံးနိမ့်ထားခဲ့ပြီး ၈၁ မှတ်နဲ့ ရာသီမကုန်ဆုံးခင်မှာပဲ အမှတ်ပေးဖလားကို အခက်အခဲမရှိ ဆွတ်ခူးသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

 

ဘာနေဗျူးအသင်းဟာ ပြီးခဲ့တဲ့ ရာသီက လာလီဂါသရဖူကို အက်သလက်တီကိုမက်ဒရစ်အသင်းအား လွှဲ‌ပြောင်းပေးခဲ့ရပြီးနောက် ဒီ ၂၀၂၂ ခုနှစ်မှာတော့  သူတို့ရဲ့ သရဖူကို ပြန်လည် ရယူနိုင်ခဲ့ပါတယ်။

 

ဒီ လာလီဂါ ဖလား အနိုင်ရမှုဟာ Los Blancos မန်နေဂျာ အန်ဆယ်လော့တီအတွက် တကယ်ကို အရေးကြီးတဲ့ အနိုင်ရရှိမှုတစ်ခု ဖြစ်ပါတယ်။

Carlo Ancelotti

အက်စပန်ညိုနဲ့ ပွဲအပြီး လာလီဂါဖလားကို ဆွတ်ခူးပြီးနောက် အသင်းသားတွေရဲ့ ဂုဏ်ပြုချီးကျူးမှုကို ခံခဲ့ရတဲ့ အန်ဆယ်လော့တီ။

အန်ဆယ်လော့တီရဲ့ နည်းပြဘဝ

အန်ဆယ်လော့တီဟာ သူ့ရဲ့ အကြီးတန်းမန်နေဂျာဘ၀ကို ၁၉၉၅ ခုနှစ်မှာ Reggiana အသင်းနဲ့ စတင်ခဲ့ပြီး ၂၀၀၃ – ၂၀၀၄ ရာသီမှာ အေစီမီလန်အသင်းနဲ့အတူ အီတလီ ဆီးရီးအေ ဖလားကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။ အဲ့ဒီနောက်  ခြောက်နှစ်အကြာမှာတော့ အီတလီလူမျိုး နည်းပြကြီးဟာ ချယ်လ်ဆီးအသင်းနဲ့အတူ အင်္ဂလန် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ပါတယ်။

 

အသက် ၆၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အန်ဆယ်လော့တီဟာ ပြင်သစ်မှာ PSG အသင်းနဲ့အတူ အောင်မြင်မှုတွေရယူခဲ့ပြီး ၂၀၁၂-၂၀၁၃ ရာသီမှာ လီဂူး 1 ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင်  ၂၀၁၆ – ၂၀၁၇ ရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ဂျာမန် ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ အခု မကြာသေးခင်က  ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ဆွတ်ခူးလိုက်နိုင်တဲ့ လာလီဂါချန်ပီယံဆုဖလားကတော့ သူ့ကို သမိုင်းသစ်ရေးထိုးစေခဲ့တဲ့ စံချိန်တင် ဆုဖလားပဲ ဖြစ်ပါတယ်။

 

သူ့လိုမျိုး ဥရောပမှာရှိတဲ့ ထိပ်တန်းလိဂ်ငါးခုမှာ အမှတ်ပေးဖလား ရဖူးတဲ့ တခြား မန်နေဂျာ တစ်ဦးတစ်ယောက်မျှ မရှိသေးပါ။

Real Madrid laliga champions 2022

လာလီဂါ ချန်ပီယံဖလားနဲ့အတူ အောင်ပွဲခံနေကြတဲ့ ရီးရဲလ်မက်ဒရစ်အသင်း

ကမ္ဘာ့အကောင်းဆုံး မန်နေဂျာ

အီတလီသား နည်းပြ Carlo Ancelotti [ ကာလို အန်ဆယ်လော့] ဟာ သူ့ခေတ်သူ့အခါမှာ အကောင်းဆုံးမန်နေဂျာတွေထဲက တစ်ယောက်အဖြစ် သူ့အဆင့်အတန်းကို မြှင့်တင်လိုက်ပါတယ်။ မှတ်သားထိုက်တာက သူဟာ ဥရောပ ချန်ပီယံလိဂ် ဆုဖလား ၃ လုံး အပါအဝင် တခြား အဓိက ဆုဖလားတွေလည်း ရရှိထားသူ ဖြစ်ပါတယ်။

 

အန်ဆယ်လော့တီသည် ရာသီအစတွင် လော့စ်ဘလန်ကို့စ်ကို သုံးနှစ်စာချုပ်ဖြင့် တာဝန်ယူခဲ့သည်။ သူဟာ ရီးရဲယ်မက်ဒရစ်အသင်းကို  ၂၀၁၃ ကနေ ၂၀၁၅ အထိ တာဝန်ယူကိုင်တွယ်ခဲ့ပြီး  ဘာနေဗျူးကို နောက်တစ်ကြိမ် ပြန်လာဖို့ အဲဗာတန်နည်းပြအဖြစ်ကနေ နုတ်ထွက်ခဲ့ပါတယ်။ အန်ဆယ်လော့တီဟာ အခုလို လာလီဂါဖလားကို ရယူပြီးချိန်မှာတော့ နောက်ထပ် တာဝန်တစ်ရပ်အဖြစ် ဥရောပချန်ပီယံလိဂ်ဖလားအတွက် အာရုံစိုက်ရဦးမှာ ဖြစ်ပါတယ်။

 

အန်ဆယ်လော့တီရဲ့ တော်ဝင်မက်ဒရစ်အသင်းဟာ လာမယ့်အပတ် မန်စီးတီးအသင်းနဲ့ ချန်ပီယံစ်လိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဥ်ကို Bernabeu [ ဘာနေဗျူး ] မှာ လက်ခံ ကစားရမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

Leave A Comment