နည်းပြ ရှောင်ဒိုက်ကို ထုတ်ပယ်လိုက်တဲ့ ဘန်လေအသင်း
အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် ဘန်လေအသင်းဟာ သူ့တို့ရဲ့ နည်းပြ ရှောင်ဒိုက်ကို ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။
ဒိုက်ဟာ ဘန်လေအသင်းကို ၂၀၁၂ ခုနှစ်ကတည်းက တာဝန်းယူခဲ့ပြီး ပရီးမီးယားလိဂ်ကို ၂ ကြိမ်တန်းတက်အောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ သူဟာ ပရီးမီးယား
လိဂ်ရဲ့ သက်တမ်းအရှည်ဆုံး နည်းပြတွေထဲက တစ်ဦးဖြစ်ပါတယ်။
အသက် ၅၀ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒိုက်ဟာ တန်းဆင်းဇုန်မှာ ရုန်းကန်နေရတဲ့ ဘန်လေအသင်းကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။ ဘန်လေအသင်းဟာ လိဂ်မှာ အဆင့်
၁၇ နေရာက အဲဗာတန်နောက် ၄ မှတ် အကွာနဲ့ အဆင့် ၁၈ နေရာမှာ ရပ်တည်နေပြီး နောက်ထပ်ပွဲကစားဖို့ ၈ ပွဲကျန်ရှိနေပါတယ်။
1xBet မှာ ကစားချင်သူတွေအနေနဲ့
Promocode (ပရိုမိုကုဒ်) MMSPORT100 ကိုအသုံးပြု၍
100% ငွေသွင်းအပိုဆု (ဘောနပ်စ်) ရယူလိုက်ပါ။
အကောင့်ဖွင့်နည်း
How to register in 1XBET? – Myanmar Sports
လက်ရှိ နည်းပြမရှိသေးခင် ကာလမှာ ဘန်လေအသင်းကို ယူ-၂၃ နည်းပြ မိုက်ဂျက်ဆင်က ယာယီ တာဝန်ယူသွားမှာ ဖြစ်ပြီး အသင်းခေါင်းဆောင် ဘင်မီ၊ အကယ်ဒမီ
ဒါရိုက်တာ ပေါလ် ဂျင်ကင်နဲ့ ယူ-၂၃ ဂိုးနည်းပြ ကော်နာကင်းတို့က ကူညီပေးသွားမှာ ဖြစ်ပါတယ်။
နည်းပြ ဒိုက် ထွက်ခွာမှုကို အတည်ပြုကြောင်း ကလပ်အသင်းထုတ်ပြန်ချက်မှာ “ Burnley Football Club အသင်းက မန်နေဂျာ ရှောင်ဒိုက်၊ လက်ထောက်မန်နေဂျာ
အီယန်ဝိုင်၊ ပထမအသင်းနည်းပြ စတီးဗ် စတုန်း နဲ့ ဂိုးနည်းပြ ဘီလီ မာစာ တို့နဲ့ လမ်းခွဲလိုက်ပြီဆိုတာကို အတည်ပြုလိုက်ပါတယ်။ ” လို့ ဖော်ပြထားပါတယ်။
ဒီနှစ်ရာသီမှာ ဘန်လေအသင်းဟာ လိဂ်ပွဲ ၃၀ မှာ ၈ ပွဲ သရေ၊ ၁၄ ပွဲထိ ရှုံးနိမ့်ထားပြီး ၄ ပွဲသာ အနိုင်ရရှိထားပါတယ်။
ဘန်လေ နည်းပြဟောင်း ရှောင်ဒိုက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ထုတ်ပယ်ခံရတဲ့ နည်းပြတွေထဲက ၁၀ ယောက်မြောက်နည်းပြ ဖြစ်ပါတယ်။
Dyche ထွက်ခွာသွားကြောင်း အတည်ပြုခြင်းရာမှာ အသင်းရဲ့ ဥက္ကဌ အလန်ပေးစ်က
“ ပထမအနေနဲ့၊ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ကလပ်မှာ စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ သူတို့ရဲ့အောင်မြင်မှုတွေအတွက် ဆိန်း နဲ့ သူ့ဝန်ထမ်းတွေကို ကျေးဇူးတင်ကြောင်း
မှတ်တမ်းတင်ချင်ပါတယ်။ ”
” Turf Moor ( ဘန်လေ အိမ်ကွင်း ) မှာရှိစဉ်အတွင်း ရှောင် ဟာ ကစားသမားတွေ၊ ဝန်ထမ်းတွေ၊ အားပေးသူတွေနဲ့ ပိုမိုကျယ်ပြန့်တဲ့ ဘောလုံးအသိုင်းအဝန်းက လေး
စားရတဲ့ ကွင်းတွင်းရော ပြင်ပမှာပါ ချီးကျူးဂုဏ်ပြုခံခဲ့ရပါတယ်။ ”
“ ဒါပေမယ့် ဒီရာသီရလဒ်တွေက စိတ်ပျက်စရာဖြစ်ပြီး ဒါက မယုံနိုင်လောက်အောင် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်။ ဒီရာသီရဲ့ အရေးကြီးတဲ့ပွဲ ၈ ပွဲကျန်ရှိ
နေချိန်မှာတော့ အသင်းအတွက် အကောင်းဆုံးဖြစ်နိုင်ချေရှိတဲ့ ပရီးမီးယားလိဂ် အဆင့်တစ်နေရာကို ဆက်ထိန်းထားနိုင်ဖို့ အပြောင်းအလဲတစ်ခု လိုအပ်နေတယ်လို့
ခံစားရပါတယ်။ ”
“ ရှောင် နေရာအတွက် အစားထိုးခြင်းလုပ်ငန်းစဉ် စ,တင်နေပြီ ဖြစ်ပြီး ဘန်လေအသင်းဖန်တွေကို အချိန်နဲ့တပြေးညီ ထပ်မံကြေငြာပေးသွားမှာပါ။” လို့ အတည်ပြု
ပြောကြားသွားခဲ့ပါတယ်။
ဘန်လေအသင်းရဲ့ နောက်ပွဲကတော့ တနင်္ဂနွေနေ့မှာ ဝက်စ်ဟမ်းအသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။ အဲ့နောက်ပိုင်း ဘန်လေအသင်းဟာ
ဆောက်သမ်တန်၊ ဝုဖ်၊ ဝက်ဖို့ဒ်၊ အက်စတွန်ဗီလာ ( နဲ့ ၂ ကြိမ်)၊ တော့တင်ဟမ်ဟော့စပါး၊ နယူးကာဆယ် ယူနိုက်တက် အစရှိတဲ့ အသင်းတွေနဲ့ ဆက်လက် ရင်ဆိုင်
ကစားသွားရမှာ ဖြစ်ပါတယ်။