Samuel Umtiti ကို အငှားချလိုက်တဲ့ ဘာကာအသင်း။

တရားဝင် - ဘာစီလိုနာအသင်းဟာ Samuel Umtiti [ ဆမ်မြူယယ် အမ်တီတီ ] ကို အငှားချလိုက်ပါတယ်။
Samuel Umtiti [ ဆမ်မြူယယ် အမ်တီတီ ] ကို ဘာစီလိုနာအသင်းဟာ စီးရီးအေကလပ် ဖြစ်တဲ့ Lecce [ လယ်ကယ် ] အသင်းဆီ တစ်ရာသီစာချုပ်နဲ့ အငှားချလိုက်ပြီ ဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။
နောက်ခံလူ အမ်တီတီဟာ သူ့ရဲ့ လုပ်ခ လစာ များပြားမှုကြောင့် အခု နွေရာသီမှာ အသင်းရဲ့ မှတ်တမ်း စာရင်းတွေထဲကနေ ထုတ်ပစ်ဖို့ ကြိုးပမ်းနေတဲ့ ဘာစီလိုနာ ကစားသမားတွေထဲက တစ်ဦး အပါအဝင် ဖြစ်ပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
ဘာစီလိုနာအသင်းဟာ Samuel Umtiti [ အမ်တီတီ ] နဲ့ ပတ်သက်ပြီး သူတို့ရဲ့ ဝက်ဘ်ဆိုဒ်မှာ
” FC Barcelona [ ဘာစီလိုနာအသင်း ] နဲ့ အီတလီစီးရီးအေမှ Unione Sportiva Lecce [ လယ်ကယ်အသင်း ] တို့ဟာ နောက်ခံလူ အမ်တီတီကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ အငှားချဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။ အပြီးသတ် ဝယ်ယူဖို့ ရွေးချယ်ခွင့် မပါရှိပါ။ ” လို့ တရားဝင် အတည်ပြု ဖော်ပြထားပါတယ်။
Lecce [ လယ်ကယ်အသင်း ] ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက အီတလီ စီးရီးဘီမှာ အနိုင်ရရှိခဲ့ပြီး အခုလက်ရှိ အီတလီ ဘောလုံးလောကရဲ့ အမြင့်ဆုံး အဆင့်မှာ ပြန်လည် ကစားနေပြီ ဖြစ်ပါတယ်။

အမ်တီတီဟာ ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ ၂၀၁၈ ကမ္ယာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ရုရှား ၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးခဲ့တဲ့ ပြင်သစ်အသင်းမှာ အသင်းသားတစ်ဦး ဖြစ်ခဲ့ပေမယ့် ဗဟို ခံစစ် ကစားသမားဟာ အဲ့ဒီ ပြိုင်ပွဲပြီးကတည်းက ဒူးဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပါတယ်။ ပြီးတော့ နောက်ဆုံး လေးရာသီမှာ ပြိုင်ပွဲစုံ ပွဲပေါင်း ၅၀ သာ ပါဝင် ကစားခွင့် ရခဲ့ပါတယ်။ အမှန်အတိုင်း ပြောရရင် သူဟာ ပြီးခဲ့တဲ့ ရာသီတုန်းက တစ်ပွဲပဲ ကစားခဲ့ရပါတယ်။
ပြင်သစ်သားဟာ ဘာကာမှာ ခြောက်ရာသီ ကစားထားပါတယ်။
ပြင်သစ် နောက်ခံလူ အမ်တီတီဟာ ၂၀၁၆ ခုနှစ် နွေရာသီမှာ ပြင်သစ်ကလပ် အိုလံပီယာ လိုင်ယွန်အသင်းကနေ ဘာစီလိုနာအသင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ခြောက်ရာသီအတွင်း လာလီဂါမှာ ၉၁ ပွဲ၊ ချန်ပီယံလိဂ် ၂၂ ပွဲ အပါအဝင် ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း ၁၃၃ ပွဲ ကစားပေးထားပါတယ်။
အသင်းအတွက် သူဟာ သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပေးထားပါတယ်။ အသက် ၂၈ နှစ်အရွယ် ကစားသမားဟာ ဘလော်ဂရာနာ [ ဘာစီလိုနာ ] အသင်းနဲ့တူ ဆုဖလား ၇ လုံး ရရှိခဲ့ပါတယ်။

လိုင်ယွန်ကစားသမားဟောင်း ဆမ်မြူယယ် အမ်တီတီ။
ပြင်သစ်လက်ရွေးစင် ကစားသမားဟာ ၂၀၁၆ ခုနှစ်၊ လိုင်ယွန်ကနေ ဘာစီလိုနာအသင်းကို ရောက်ရှိလာခဲ့တုန်းက သူ့ရဲ့ ပြောင်းရွှေ့ကြေးဟာ ယူရို ၂၅ သန်း ရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ရပြီးနောက် သိပ်မကြာခင်မှာတော့ သူ့ရဲ့ အမြင့်ဆုံး တန်ကြေး ယူရို ၄၄ သန်းအထိ မြင့်တက်ခဲ့ပါတယ်။
ဒါပေမယ့် အခုချိန်မှာ သူဟာ ဒဏ်ရာပြဿနာတွေကြောင့် ပွဲထွက်ခွင့်တွေ လျော့နည်းလာခဲ့ပြီး သူ့ရဲ့ တန်ကြေးလည်း ကျဆင်းသွားပါပြီ။ လက်ရှိ အခြေအနေအရ သူ့ရဲ့ တန်ကြေးဟာ ယူရို ၁၀-၁၄ သန်း ပတ်ဝန်းကျင်သာ ရှိပါတော့တယ်။
ဗဟိုခံစစ်မှူး Samuel Umtiti [ အမ်တီတီ ] ရဲ့ အပြောင်းအရွှေ့က ခက်ခဲကြောင်း သက်သေပြခဲ့ပါတယ်။
အမ်တီတီရဲ့ အပြောင်းအရွှေ့ကို ဆောင်ရွက်ရတာဟာ ကစားသမားရဲ့ လုပ်ခ လစာနဲ့ ကြံ့ခိုင်မှု မှတ်တမ်းတွေကြောင့် ဘာစီလိုနာအသင်းအတွက် တော်တော်လေး ပြဿနာ ဖြစ်နေခဲ့ပါတယ်။
ဆမ်မြူယယ်အမ်တီတီဟာ အခု နွေရာသီ အစောပိုင်းတုန်းက ပြင်သစ်ကို ပြန်လည် ပြောင်းရွှေ့ဖွယ် ရှိခဲ့ပေမယ့် ရိန်းနက်စ်အသင်းနဲ့ ကြံ့ခိုင်မှု စမ်းသပ်ပြီး မအောင်မြင်ခဲ့တာကြောင့် နှစ်ဖက်အသင်းတွေ အပြောင်းအရွှေ့ ကိစ္စ သဘောတူညီမှု ပျက်သွားခဲ့ပါတယ်။

ဒဏ်ရာပြဿနာတွေကြောင့် အမ်တီတီဟာ ပွဲထွက်ိခွင့်တွေ သိသိသာသာ လျော့နည်းသွားခဲ့ပါတယ်။
မကြာသေးခင်က တန်းတက်လာခဲ့တဲ့ Lecce [ လယ်ကယ်အသင်း ] နဲ့အတူ နောက်ခံလူ Samuel Umtiti [ အမ်တီတီ ] စီးရီးအေမှာ သူ့ရဲ့ အကောင်းအဆုံး အဆင့်ကို ပြန်လည် ရယူနိုင်မှာ ဖြစ်ပြီး ရာသီကုန်မှာ ဘာစီလိုနာအသင်းဆီ ပြန်လည် ရောက်ရှိလာမှာ ဖြစ်ပါတယ်။ သူဟာ ကမ့်နူး [ ဘာစီလိုနာ ] အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ အစာချုပ်သက်တမ်း ရှိနေမှာ ဖြစ်ပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။