Zubimendi ကို မျက်စိကျနေတဲ့ ဘာစီလိုနာ။

Zubimendi is wanted by Barcelona
February 22, 2023

ဆိုစီဒက် ကြယ်ပွင့် Zubimendi [ မာတင် ဇူဘီမန်ဒီ ] ကို မျက်စိကျလာတဲ့ ဘာစီလိုနာ အသင်း။

Zubimendi [ မာတင် ဇူဘီမန်ဒီ ] ကို ဘာစီလိုနာ အနေနဲ့ သူတို့ရဲ့ ဝါရင့် ကွင်းလယ်လူ ဆာဂျီယို ဘတ်စ်ကက်စ် နေရာအတွက် ပြင်ဆင်ဖို့ ရီးယဲလ် ဆိုစီဒက် အသင်းဆီကနေ ခေါ် ယူဖို့ စ,တင် ပြုလုပ်နေပြီဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

အသက် ၃၄ နှစ် အရွယ်ရှိ ဘတ်စ်ကတ်စ်ဟာ သူ့ရဲ့ စာချုပ်သက်တမ်း ဇွန်လကုန်မှာ ကုန်ဆုံးမည်ဖြစ်ကာ အခု နွေရာသီ  နူးကမ့်ကနေ ထွက်ခွာဖို့ စီစဉ်ထားပြီး အင်တာ မီယာမီ ကတော့ ဝါရင့် ကစားသမားအတွက် ဖြစ်နိုင်ခြေ အရှိဆုံး နေရာလို့ ကောလာဟလများ ထွက်ပေါ်နေပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဘာကာအနေနဲ့ Zubimendi [ ဇူဘီမန်ဒီ ] ကို အနာဂတ် ကွင်းလယ်လူအဖြစ် လျာထားပါတယ်။

ဘတ်စ်ကတ်စ် ရဲ့ ထွက်ခွာဖွယ် ရှိမှုကြောင့် ဘာစီလိုနာက သူ့ရဲ့ နေရာမှာ အစားထိုးဖို့ အတွက် Zubimendi [ ဇူဘီမန်ဒီ ] ကို သူတို့ရဲ့ ထိပ်တန်း ကွင်းလယ်တစ်ဦးအဖြစ် လျာထား ကာ ဘတ်စ်ကတ်စ် နေရာမှာ အစားထိုးဖို့ စ,တင် ရှာဖွေနေပြီ ဖြစ်ပါတယ်။

မကြာသေးမီက အေစီမီလန် မှ ဖရန့် ကက်စ်ဆီ ရောက်ရှိလာသော်လည်း ဇာဗီ အနေနဲ့ မန်စီးတီးမှ ရိုဒရီ၊ အီကေး ဂန်ဒိုဂန် နဲ့ ဘာနာဒို ဆေးလ်ဗားတို့ကို ချိတ်ဆက်ထားပြီး သူ့အသင်းရဲ့ ကွင်းလယ် အားဖြည့်တင်းမှုကို တိုးမြှင့်ဖို့ စိတ်အားထက်သန်နေပါတယ်။

Zubimendi vs Sergio Busquets

ဇူဘီမန်ဒီကို ဘတ်စ်ကတ်စ်နေရာ အစားထိုးချင်နေတဲ့ ဘာစီလိုနာ။

အာဆင်နယ် အသင်းဘက်က အရင်က ဒီ စပိန် ကွင်းလယ် ကစားသမားကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိခဲပြီး အဲ့အပြင် ချဲလ်ဆီးအသင်းကလည်း စိတ်ဝင်စားခဲ့ဖူးတဲ့ တခြား အသင်းတစ်သင်း ဖြစ်နေတာကြောင့် ဘာကာ အနေနဲ့ ဖူဘီမန်ဒီကို အလွတ် နဲ့ မရနိုင်ပါဘူး။

သို့သော်လည်း ဘာစီလိုနာဘက်က Zubimendi [ ဇူဘီမန်ဒီ ] အတွက် တရားဝင် ကမ်းလှမ်းမှု တစ်ခု အဖြစ် ရီးရဲလ် ဆိုစီဒက်ကို ကမ်းလှမ်းခြင်းဖြင့် ဦးဆောင်ရန် အဆင်သင့် ဖြစ်နေပါပြီ။

စပိန်သား ဇူဘီမန်ဒီကို ခေါ် ယူဖို့ ဦးတည်ချက် ပြောင်းသွားနိုင်တဲ့ အာဆင်နယ်။

ဇန်န၀ါရီလက ချဲလ်ဆီးအသင်းမှ ဂျော်ဂျင်ဟိုကို ခေါ်ယူပြီးနောက် မိုက်ကယ် အာတီတာ ရဲ့ အသင်းဟာ ကွင်းလယ်ကစားသမား တစ်ဦးအတွက် စျေးကွက်အတွင်းသို့ ဝင်ရောက်လာမလားဆိုတာကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

အီတလီသားဟာ အာဆင်နယ် အသင်းရဲ့ ဒဏ်ရာရနေတဲ့ သောမတ်စ် ပါတေးအတွက် အားဖြည့်ထားပြီး အဲလ်ဘတ် ဆမ်ဘီလိုကွန်ဂါကလည်း လက်ရှိ ခရစ္စတယ်ပဲလေ့စ်မှာ အငှား သွားရောက် ကစားနေပါတယ်။

Zubimendi Jorginho to Arsenal

မကြာသေးခင်က အာဆင်နယ်ကို ပြောင်းရွှေ့လာတဲ့ ဂျော်ဂျင်ညို။

လက်စတာစီးတီးမှ ယူရီ တေလမန်းစ် နဲ့ ဘရိုက်တန်က မွိုက်စ် ကိုက်ဆယ်ဒို တို့ နှစ်ဦးစလုံးဟာ မကြာသေးခင်က အမ်းမရိတ်စ် အသင်းဆီ ပြောင်းရွှေ့ဖို့ အပြင်းအထန် ချိတ်ဆက်မှုတွေ ရှိခဲ့ပါတယ်။

ဒီအချက်ကတော့ အာဆင်နယ်အသင်း အနေနဲ့ မတူညီတဲ့ ဦးတည်ချက် ဆီကို ပြောင်းသွားမယ်ဆိုရင် Zubimendi [ ဇူဘီမန်ဒီ ] ကို ခေါ် ယူခွင့် ရနိုင်တယ်လို့ ဆိုလိုခြင်း ဖြစ်ပါ တယ်။

ရီးယဲလ် ဆိုစီဒက် ကွင်းလယ်လူ Zubimendi [ ဇူဘီမန်ဒီ ] အတွက် ထွက်ခွာခွင့် ပြောင်းရွှေ့ကြေး။

ကစားသမားကို ခေါ် ယူချင်ပေမယ့် ဘာစီလိုနာ  အသင်းရဲ့ ဘဏ္ဍာရေးဆိုင်ရာ ပြဿနာများကြောင့် Blaugrana [ ဘာကာ ] ဟာ အသက် ၂၄ နှစ်အရွယ် ကွင်းလယ် ကစားသမားရဲ့  လွတ်မြောက်ခွင့် ပြောင်းရွှေ့ကြေးကို မတတ်နိုင်ပါဘူး။

အဲ့ဒီ အစား သူတို့ဟာ လာရီးရဲလ် အသင်းကို ရောင်းချဖို့ ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ချက် ရှိနိုင်တဲ့ ကွင်းလယ် ကစားသမား နဲ့ ငွေသား ကမ်းလှမ်းမှု တစ်ခုကို ပြင်ဆင်နေပြီ ဖြစ် ပါတယ်။

Zubimendi contract will be 2027

ဆိုစီဒက်နဲ့ ဇူဘီမန်ဒီရဲ့ စာချုပ်က ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ် အသင်းဘက်ကတော့ Zubimendi [ ဇူဘီမန်ဒီ ] အတွက် ထွက်ခွာခွင့် စာချုပ်ကို အပြည့်အ၀ ပေးချေနိုင်ပြီး ဘာစီလိုနာက လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။

အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ ရီးယဲလ် အာရီနာမှာ သူ့ရဲ့ စာချုပ်မှာ စာချုပ် ဖျက်သိမ်းကြေး အဖြစ် ယူရို သန်း ၆၀ လို့ ပါရှိပါတယ်။

ဒါ့အပြင်၊ ရီးရဲလ် ဆိုစီဒက်မှာ ကွင်းလယ်လူ ဇူဘီမန်ဒီ ရဲ့ လက်ရှိ စာချုပ်ဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာတုန်းက သက်တမ်းတိုး လက်မှတ်ရေးထိုးပြီးနောက် ၂၀၂၇ ခုနှစ်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment