Sergio Busquets နေရာ အစားထိုးရှာနေတဲ့ ဘာစီလိုနာ။

Sergio Busquets replacement at Barcelona
December 29, 2022

ဝါရင့် ကွင်းလယ်လူ Sergio Busquets [ ဆာဂျီယို ဘူစ်ကက်စ် ] နေရာ အစားထိုးရှာနေတဲ့ ဘာစီလိုနာ။

Sergio Busquets [ ဆာဂျီယို ဘူစ်ကက်စ် ] ဟာ ဘာစီလိုနာ အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ၁၀ စုနှစ် တစ်ခုကျော် တာဝန်ယူ ကစားခဲ့ပြီး အခုချိန်မှာ အသက်အရွယ် ကြီးလာပြီး စာချုပ်သက်တမ်းကလည်း ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် အသင်းအနေနဲ့ အစားထိုးဖို့ ရွေးချယ်မှုတွေ စဥ်းစားနေပြီ ဖြစ်ပါတယ်။

ဘာစီလိုနာ အသင်း အနေနဲ့ သူတို့ရဲ့ အသင်းမှာ ဝါရင့် ကွင်းလယ်လူ ဆာဂျီယို ဘူစ်ကက်စ်ရဲ့ အနာဂတ်က မရေရာ မသေချာ ဖြစ်နေပြီး နောက်ထပ် ကစားသမားသစ် ခေါ်ယူဖို့ မဆုံးဖြတ်ရသေးတာကြောင့် သူတို့ရဲ့ ကွင်းလယ် အနာဂတ်နဲ့ ပတ်သက်ပြီး လိုအပ်ချက် ရှိနေတယ်လို့ ယူဆရပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဝါရင့်ကစားသမား Sergio Busquets [ ဘူစ်ကက်စ် ] နေရာ အစားထိုး တိတိကျကျ မတွေ့သေးတဲ့ ဘာကာ။

ဘူစ်ကက်စ် ဟာ နူးကမ့် [ ဘာစီလိုနာ အသင်း ] မှာ သူ့ရဲ့ စာချုပ် သက်တမ်း အနေနဲ့  နောက်ဆုံး လတွေ ကာလကို ရောက်နေပြီး  အသင်းဘက်က သူ့ကို စာချုပ်သစ် ကမ်းလှမ်းမလား၊ ဒါမှမဟုတ် ပြောင်းရွှေ့ကြေး အလွတ်နဲ့ ထွက်ခွာခွင့် ပေးမလားဆိုတာ ငြင်းခုံစရာ တစ်ခု အနေနဲ့ ရှိနေပါတယ်။

ဒါ့အပြင် သူတို့ဟာ ဘူစ်ကက်စ် ရဲ့ နေရာကို ရယူနိုင်တဲ့ တခြား အသင်းများမှ ကစားသမားသစ် အများအပြားကို အစားထိုးဖို့ စဉ်းစားနေပေမယ့် ဘယ်သူ့ကို ခေါ်ယူရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး သေသေချာချာ မဆုံးဖြတ်ရသေးပါဘူး။

Sergio Busquets is in the final months of his contract at the Camp Nou

ဘူစ်ကတ်စ်ဟာ ဘာစီလိုနာအသင်းမှာ ၁၀ စုနှစ်တစ်ခုကျော် ကစားထားပြီး ချန်ပီယံလိဂ်အပါအဝင် တခြားဆုဖလားတွေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သတင်းတွေ အရတော့ သူတို့ ပစ်မှတ် ထားနေတဲ့ ကွင်းလယ် ကစားသမား ငါးဦး အထိ ရှိနေပေမယ့် သူတို့တွေထဲက တစ်ဦးဦးကို လာမယ့် လတွေမှာ ခေါ်ယူဖို့ အားသာချက်၊ အားနည်းချက်တွေ အများကြီး ရှိနေတယ်လို့ သိရပါတယ်။

ဘာ စီလိုနာ အသင်းဟာ Sergio Busquets [ ဘူစ်ကက်စ် ] နေရာ အစားထိုး ရွေးချယ်ခွင့်ကို စောင့်ကြည့်နေပါတယ်။

ရီးရဲလ် ဆိုစီဒက်အသင်းမှ မာတင် ဇူဘီမန်ဒီ ဟာ ဘာစီလိုနာ အသင်းဆီ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှု အများဆုံး အဖြစ် ရှိနေပေမယ့် ကလပ်အသင်း ရင်ဆိုင်နေရတဲ့ ပြဿနာကတော့ ကစားသမားကို ခေါ်ယူဖို့ ကုန်ကျစရိတ် များလွန်းနေတာကြောင့်ပဲ ဖြစ်ပါတယ်။

ရီးရဲလ်ဆိုစီဒက် အသင်းဟာ သူတို့ရဲ့ ကွင်းလယ် ကစားသမား ဇူဘီမန်ဒီ အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ ထက် မနည်း လိုချင်နေပြီး ဒါဟာ ဘာစီလိုနာအတွက် အသုံးပြဖို့ မတတ်နိုင်တဲ့ အရာဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

Sergio Busquets replacement Jorginho vs Kante

ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဂျော်ဂျင်ညိုနဲ့ ကန်တေ။

ဝူဗာဟမ်တန် အသင်းရဲ့ ပေါ်တူဂီ ကွင်းလူလူ ရူဗန် နီးဗက်စ်ဟာ သူတို့ရဲ့ တခြား ရွေးချယ်စရာ ဖြစ်ပြီး ဘာစီလိုနာ ဥက္ကဌ ဂျိုဝမ် လာပေါ်တာဟာ အဲ့ဒီ ကစားသမားရဲ့  ပရိသတ်တစ်ဦး ဖြစ်နေပေမယ့် နည်းပြ ဂျာဗီ ဟာနန်ဒက်ဇ်ကတော့ သူ့ကို ခေါ် ယူဖို့ အထူး စိတ်အားထက်သန်တာမျိုး မရှိပါဘူး။

ဘာစီလိုနာအတွက် နောက်ထပ် ရွေးချယ်စရာ ကွင်းလယ် ကစားသမားများ။

အဲ့ဒီနောက် သူတို့ဟာ ရာသီကုန်မှာ စာချုပ် သက်တမ်း ကုန်ဆုံးတော့မယ့် ချဲလ်ဆီး အသင်းရဲ့ ကွင်းလယ်အတွဲ ဖြစ်တဲ့ ဂျော်ဂျင်ညိုနဲ့ အန်’ဂိုလို ကန်တေ နှစ်ဦးစလုံးကို ခေါ် ယူဖို့ ပစ်မှတ်ထားလျက် ရှိနေပါတယ်။

အဲ့အထဲမှာ ဂျော်ဂျင်ညိုကတော့ အသင်းနဲ့ စာချုပ်သစ် ကိစ္စ ညှိနှိုင်းနေတာကြောင့် ခေါ် ယူဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။ အန်’ဂိုလို ကန်တေကတော့ အနာဂတ်အတွက် ဆုံးဖြတ်ချက် မချခင် ဒုတိယ ရာသီဝက်မှာ ဘာစီလိုနာအသင်း ဘယ်လို လုပ်ဆောင်မလဲဆိုတာကို မြင်တွေ့ လိုနေတယ်လို့ သိရပါတယ်။

ဖီအိုရင်တီးနားရဲ့ ကွင်းလယ်လူ ဆိုဖီယန် အမ်မ်ရာဘတ်ကတော့ မော်ရိုကို အသင်းနဲ့အတူ သူ့ရဲ့ အထင်ကြီးစရာကောင်းတဲ့ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး အပြီးမှာ ဘာကာတို့ ထည့်သွင်း စဥ်းစားနေတဲ့ နောက်ဆုံး ရွေးချယ်မှု တစ်ခု ဖြစ်ပါတယ်။

Sergio Busquets vs Amrabat at WC 2022

မော်ရိုကိုနဲ့ တွေ့ဆုံခဲ့စဥ်က ဘူစကတ်စ်နဲ့ အမ်မရာဘတ်။

သူဟာ လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့ပြီး စတုတ္ထအဆင့်ထိ ရရှိ‌အောင် အသင်းကို ကူညီပေးနိုင်ခဲ့ပြီး အကောင်းဆုံး ခြေစွမ်းတွေ ပိုင်ဆိုင်ထားပေမယ့် မြင့်တက်လာတဲ့ သူ့ရဲ့ ပြောင်းရွှေ့ကြေးကြောင့် ဘာကာအတွက် အလုပ်မဖြစ်နိုင်ပါဘူး။

ဘာစီလိုနာက သူတို့ ခေါ်ယူသွားမှာ ဘယ်သူဘယ်ဝါဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပေမယ့် သေချာတာကတော့ Sergio Busquets [ ဆာဂျီယို ဘူစ်ကက်စ် ] နေရာကို အစားထိုးဖို့ အပြောင်းအရွှေ့တစ်ခု လုပ်ရမယ်။ ဒါမှမဟုတ် ဘူစ်ကက်စ် သက်တမ်းတိုးမလားဆိုတာ ဖြစ်နိုင်သမျှ မြန်မြန်လေ့လာဖို့ပါပဲ။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment