Douglas Luiz အတွက် ဂန်းနားတို့ရဲ့ ပြောင်းရွှေ့ ကြေး။

အက်စတွန် ဗီလာ တို့ သတ်မှတ်လိုက်တဲ့ Douglas Luiz [ လူးဝစ် ] အတွက် ပြောင်းရွှေ့ ကြေး။
Douglas Luiz [ ဒေါက်ဂလက်စ် လူးဝစ် ] ကို လက်ရှိ မှာ အာဆင်နယ် အသင်းက ခေါ် ယူဖို့ စိတ်ဝင်စားနေပြီး အက်စတွန် ဗီလာ ဘက်က သူတို့ ရဲ့ ဘရာဇီးလ် ကွင်းလယ်လူ အတွက် ပြောင်းရွှေ့ကြေး ကို မြင့်မားစွာ သတ်မှတ် လိုက်ပါတယ်။
အက် စတွန် ဗီလာ အသင်းဟာ အာဆင်နယ် နဲ့ အခြား ကလပ်များ ရဲ့ စိတ်ဝင်စားမှုကို ကာကွယ် ရန် Douglas Luiz အတွက် ပြောင်းရွှေ့ကြေး တစ်ရပ် သတ်မှတ်ခဲ့ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
ဘရာဇီးလ်သား ဒေါက်ဂလက်စ် လူးဝစ် ကို လိုချင်နေတဲ့ အာဆင်နယ်။
ဘရာဇီးလ် ကွင်းလယ် ကစားသမား Douglas Luiz [ ဒေါက်ဂလက်စ် လူးဝစ် ] ဟာ တကယ်တော့ အသင်း တော်တော်များများက ခေါ် ယူချင်နေတဲ့ ကစားသမား တစ်ဦး ဖြစ်တယ်ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။
ဗီလာအတွက် သူ့ရဲ့ စွမ်းဆောင်ရည်တွေက ထိပ်တန်း အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်ခဲ့ပြီး အာဆင်နယ် အသင်းဟာ တန်းစီ ဇယားရှေ့မှာ အချိန်အတော် ကြာအောင် ရှိနေခဲ့ပါတယ်။

အက်စတွန် ဗီလာမှာ ကွင်းလယ်လူ ဒေါက်ဂလက်စ် လူးဝစ်။
ဂန်းနားတွေဟာ အသက် ၂၅ နှစ်အရွယ် ကွင်းလယ် ကစားသမား အတွက် အပြောင်းအရွှေ့ ဈေးကွက်မှာ ထပ်ခါ တလဲလဲ ကြိုးစားခဲ့ကြပြီး လာမယ့် ဇန်နဝါရီမှာ ထပ်မံ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ကွင်းလယ်လူ Douglas Luiz [ ဒေါက်ဂလက်စ် လူးဝစ် ] အတွက် ပြောင်းရွှေ့ကြေး။
နိုဝင်ဘာလ အစောပိုင်းတုန်းက Aston Villa အသင်းဟာ သည် Douglas Luiz အတွက် ဂန်းနား အသင်း ရဲ့ နောက်ဆုံး ချဉ်းကပ်မှုကို လက်ခံဖို့ ငြင်းဆိုခဲ့ကြပါတယ်။
ဒါပေမယ့်လည်း သူတို့ အနေနဲ့ အသင်းရဲ့ ကွင်းလယ် ကစားသမား Luiz [ ဒေါက်ဂလက်စ လူးဝစ် ] အတွက် ပြောင်းရွှေ့ကြေး ကို ထူးထူးခြားခြား ပြောင်းလဲ ပြင်ဆင်ထားမယ်လို့ မြောက်လန်ဒန် အသင်းကို ပြောထားပြီး ဖြစ်ပါတယ်။

အာဆင်နယ်ကို ပြောင်းရွှေ့ကြေး ယူရို ၁၀၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဒီဂလန် ရိုက်စ်။
သတင်းရင်းမြစ်များအရ ဘာမင်ဂမ် အခြေစိုက် အသင်းဟာ Luiz အတွက် ပေါင် ၁၁၀ သန်း (ယူရို ၁၂၈ သန်း) တောင်းဆိုနေပြီး ဒါဟာ နွေရာသီ တုန်းက အာဆင်နယ် Declan Rice အတွက် ပေးချေခဲ့တဲ့ ပေါင် ၁၀၅ သန်းကို ကျော်လွန်သွားမှာ ဖြစ်ပါတယ်။
ဗီလာတို့ Douglas Luiz [ ဒေါက်ဂလက်စ် လူးဝစ် ] ညှိနှိုင်း ပြင်ဆင်နေ။
အာဆင်နယ်အသင်း အနေ နဲ့ လူးဝစ်ဇ် အတွက် ပြောင်းရွှေ့ကြေး မြင့်မား လွန်းတာကြောင့် အဆိုပါ ငွေကြေးကို ပေးချေဖို့ ရည်ရွယ်ချက် မရှိဘဲ ဇန်နဝါရီမှာ သူတို့ဟာ တစ်ယောက်ဝင် တစ်ယောက်ထွက် မူဝါဒ ကို အသုံးပြုဖွယ် ရှိနေပါတယ်။
မြောက်လန်ဒန်ကလပ်ဟာ ထိပ်တန်း တိုက်စစ်မှူး တစ်ဦးကို ပြောင်းရွှေ့ကြေး ရန်ပုံငွေ အတွက် အက်ဒီ နကီတီယာ ကို စွန့်လွှတ်ဖို့ ဆန္ဒ ရှိနေကြောင်း ဒီသီတင်းပတ် အစောပိုင်းတုန်းက ဖော်ပြခဲ့ပါတယ်။
ဒါကြောင့်မို့ သူတို့ အနေနဲ့ ထိပ်တန်း ကွင်းလယ် ကစားသမား တစ်ဦး အတွက် ပြောင်းရွှေ့ကြေး စံချိန်ကို ထပ်မံ ချိုးဖျက်နိုင်မှာ မဟုတ်ကြောင်း သိရပါတယ်။

ချန်ပီယံလိဂ် နေရာအတွက် အရေးပါတဲ့ ကစားသမား လူးဝစ်။
ဂန်းနားတွေဟာ လူးဝစ်အတွက် ပေါင်သန်း ၆၀ လောက်အထိ ပေးချေဖို့ ပြင်ဆင်ထားမယ်လို့ ပြောခဲ့ပေမယ့် ဒါပေမယ့် ဒါဟာ ဗီလာ ရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖျက်နိုင်မယ့် သတ်မှတ်ချက်ထက် နည်းပါးနေပါသေးတယ်။
ဗီလာတို့ အနေ နဲ့ ကွင်းလယ် ကစားသမားကို ပြောင်းရွှေ့ခေါ် ယူနိုင် ဖို့ တွန်းအားပေးမယ်ဆိုရင် ငွေးကြေး ပမာဏ အနေနဲ့ ပေါင်သန်း ၈၀ လောက် ပေးချေရနိုင်တယ်လို့ ကြားသိရပါတယ်။
နောက်ဆုံး အနေနဲ့ ဗီလာတို့က ကစားသမားတိုင်းမှာ သူ့ ရဲ့ စျေးနှုန်းရှိကြောင်း အသိအမှတ် ပြုထားပြီး ချန်ပီယံလိဂ်မှာ နေရာရဖို့ ယုံကြည်လောက်တဲ့ စိန်ခေါ်မှုတွေကြားမှာ သူတို့ရဲ့ ကြယ်ပွင့် ကွင်းလယ် ကစားသမားကို မရောင်းချင်ကြပါဘူး။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။