Zaha ကို ခေါ် ယူဖို့ ပစ်မှတ်ထားနေတဲ့ အက်စတွန် ဗီလာ။

Zaha is wanted by Aston Villa WS
January 10, 2024

ခရစ္စတယ် ပဲလေ့စ် ကြယ်ပွင့်ဟောင်း Zaha [ ဇာဟာ ] ကို ပစ်မှတ်ထားနေတဲ့ အက်စတွန် ဗီလာ။

Zaha [ ဇာဟာ ] ကို ခေါ် ယူဖို့ ပစ်မှတ်ထားနေတဲ့ အက်စတွန် ဗီလာ အသင်းဟာ တောင်ပံ တိုက်စစ် ကစားသမား တစ်ဦးကို ခေါ် ယူဖို့ ကြိုးစားနေတာ အတော်လေး ကြာနေပါပြီ။

ဗီလာ အသင်းဟာ လာဇီယို ကွင်းလယ် ကစားသမား ဖိလစ်ပီ အန်ဒါဆင် နဲ့ ဂါလာတာဆာရေး တောင်ပံကစားသမား Zaha [ ဇာဟာ ] အတွက် မကြာသေးမီက ချဉ်းကပ်မှုများ ပြုလုပ်ထားကြောင်း သိရှိရပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဂန်းနားအသင်း နည်းပြ ဘဝကတည်းက Zaha [ ဇာဟာ ] ကို ခေါ် ချင်ခဲ့တဲ့ အူနိုင်း အမ်မရီ။

တကယ်တော့ နည်းပြ အူနိုင်း အမ်မရီ ဟာ Zaha [ ဇာဟာ ] ရဲ့ ပရိတ်သတ် တစ်ဦး ဖြစ်ပြီး သူ အာဆင်နယ်အသင်းကို တာဝန်ယူ ကိုင်တွယ်စဉ်၂၀၁၈ ခုနှစ်မှာ လန်ဒန်အသင်းဆီ ပထမဆုံး ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။

လွန်ခဲ့တဲ့ ၄ နှစ်က Zaha [ ဇာဟာ ] ကို ခေါ်ယူနိုင်ခြေ နဲ့ ပတ်သက်လို့ ဂန်းနား နည်းပြဟောင်း အူနိုင်း အမ်မရီ က ပဲလေ့စ် ကစာသမားကို ချီးကျူး ပြောဆိုထားပါတယ်။

Zaha against Arsenal

ဂန်းနားနည်းပြဘဝကတည်းက ဇာဟာကို ခေါ် ချင်ခဲ့တဲ့ အူနိုင်း အမ်မရီ။

အမ်မရီက “ ကျွန်တော်က ဟိုမှာတုန်းက သိပြီးသား ကစားသမားတွေ ကို အရင်ဆုံး ခေါ်ယူချင်ခဲ့တာပါ။ ကျွန်တော်တို့ ခရစ္စတယ် ပဲလေ့စ် နဲ့ ကစားတုန်းက ဇာဟာ က သူဟာ အရမ်းတော်တဲ့ ကစားသမား ဖြစ်ကြောင်း ပြသခဲ့ပါတယ်။ ” လို့ ချီကျူးထားပါတယ်။

ဂါလာတာစာရေး အသင်း မှာ Zaha [ ဇာဟာ ] ရဲ့ စွမ်းဆောင်ရည်။

အခုလမှာ Zaha [ ဇာဟာ ] အတွက် သဘောတူညီမှုက ခက်ခဲမှာပါ။ အသက် ၃၁ နှစ် အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီက ခရစ္စတယ် ပဲလေ့စ် ကနေ အလွတ် ပြောင်းရွှေ့ ကြေး နဲ့ ဂါလာတာဆာရေး ကို ရောက်ရှိသွားခဲ့ပါတယ်။

ခရစ္စတယ် ပဲလေ့စ် ကစားသမားဟောင်း Zaha ဟာ တူရကီ ကလပ်အသင်းမှာ ပျော်ရွှင်နေပြီး အခု လ အပြောင်းအရွှေ့မှာ အသင်းပြောင်း ဖို့ မျှော်လင့် မထားကြောင်း သိရှိရပါတယ်။

Zaha scored against Man United at CL

ယူနိုက်တက်နဲ့ တွေ့ဆုံခဲ့တုန်းက ချန်ပီယံလိဂ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဇာဟာ။

ဗီလာဟာ ဇာဟာ ရဲ့ အနာဂတ်ကို အနည်းဆုံး နှစ်ကြိမ်လောက် စဉ်းစားစေနိုင်တဲ့ အသင်းတစ်သင်းပါ။ အထူးသဖြင့် ဗီလာ ဟာ ပရီးမီးယားလိဂ်မှာ ဒုတိယ နေရာမှာ ရှိနေပေမယ့် လုပ်ဖို့ ခက်ခဲပါလိမ့်မယ်။

ဇာဟာဟာ ဂါလာတာဆာရေး အသင်း အတွက် ပထမဆုံး ရာသီမှာ လိဂ်ပွဲ ၁၄ ပွဲ ကစားပြီး ၇ ဂိုး သွင်းထားပါတယ်။ နောက်ပြီး သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် နဲ့ တွေ့ဆုံခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဥ် မှာလည်း ဂိုးသွင်း နိုင်ခဲ့ ပါတယ်။

လာဇီယို အသင်းရဲ့ ဘရာဇီးလ်သား ဖိလစ်ပီ အန်ဒါဆင်။

အသက် ၃၀ အရွယ် ဘရာဇီးလ် ကွင်းလယ် ကစားသမား ဖိလစ်ပီ အန်ဒါဆင် ကတော့ ဒီရာသီကုန်မှာ လာဇီယို အသင်း နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

လက်ရှိ အခြေအနေ အရ ရောမမြို့မှာ အသင်း နဲ့ သူ့ ရဲ့ စာချုပ်ကို သက်တမ်းတိုး ဖို့ မဖြစ်နိုင်တော့ဘဲ သင့်လျော်တဲ့ ကမ်းလှမ်းမှု တစ်ခုက လာဇီယိုကို အခုလအတွင်း ရောင်းချစေဖို့ ဆွဲဆောင်နိုင်တာ လို့ ဆိုလိုတာပါ။

Zaha Anderson is struggling at Lazio

လာဇီယိုမှာ ရုန်းကန်နေရတဲ့ အန်ဒါဆန်။

ဒါပေမယ့် တစ်ဖက်မှာ လည်း ပြိုင်ဘက် ဂျူဗင်တပ်စ် အသင်းက ဖိလစ်ပီ အန်ဒါဆင် ကို ရာသီကုန်မှာ အလွတ် ပြောင်း ရွှေ့ ကြေး နဲ့ ခေါ် ယူဖို့ စိတ်ဝင်စားနေတယ် လို့ သိရပါတယ်။

ဇာဟာ နဲ့ မတူညီတဲ့ အချက်က ဖိလစ်ပီ အန်ဒါဆင် ဟာ အခု ရာသီမှာ ပုံစံကောင်းတွေ ရရှိ ဖို့ ရုန်းကန်နေရပြီး ပြိုင်ပွဲ စုံ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီး မှု ၆ ကြိမ် ပြုလုပ် ထားနိုင်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment