Asensio [ အဆန်စီယို ] ရဲ့ အပြောင်းအရွှေ့။

Asensio want to leave Real Madrid WS
September 13, 2022

အပြောင်းအရွှေ့ သေချာနေတဲ့ ရီးယဲလ်မက်ဒရစ် တောင်ပံတိုက်စစ် Asensio [ အဆန်စီယို ]။

Asensio [ မာကို အဆန်စီယို ] ဟာ မကြာခင်မှာ ရီးယဲလ်မက်ဒရစ်အသင်းကနေ အာဆင်နယ်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိဖို့ သေချာသလောက် နီးပါး ရှိနေပြီ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ Marco Asensio [ မာကို အဆန်စီယို ] ဟာ ဒီရာသီ အကုန်မှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး ကလပ်အသင်းမှာ ဆက်ရှိနေဖို့ အခွင့်အရေးက တစ်နေ့ထက်တစ်နေ့ ပိုမို နည်းပါးလာနေပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

[ မာကို အဆန်စီယို ] Asensio ဟာ ဒီရာသီ လာလီဂါမှာ ရှစ်မိနစ်သာ ကစားခွင့် ရရှိထားပါတယ်။

မယ်လော်ကာ အကယ်ဒမီထွက် မာကို အဆန်စီယိုဟာ သူ့ခေတ် သူ့အခါတုန်းက လော့စ်ဘလန်ကို့စ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။ ချန်ပီယံလိဂ် သုံးကြိမ် ဆွတ်ခူးထားပြီး ပြီးခဲ့တဲ့ ရာသီတုန်းက ကလပ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။

ဒါပေမယ့် ဗင်နီစီယက်စ် ဂျူနီယာ၊ ဖယ်ဒယ်ရီကို ဗယ်ဗာဒီ၊ ရိုဒရီဂိုနဲ့ အီဒင် ဟာဇက်တို့ဟာ ကျယ်ပြန့်တဲ့ တိုက်စစ် ဧရိယာတွေအတွက် သူ့အထက်မှာ ရှိနေပါတယ်။ ဒါကြောင့်မို့ အဆန်စီယိုဟာ ဒီရာသီ လာလီဂါမှာ ပွဲကစားခွင့် ကန့်သတ်ခံခဲ့ရပြီး စုစုပေါင်း ရှစ်မိနစ်သာ ကစားခွင့် ရရှိထားပါတယ်။

Asensio played only 8 minutes in Laliga

အဆန်စီယိုဟာ ဒီရာသီမှာ လာလီဂါပွဲစဥ် ၈ မိနစ်သာ ကစားထားပါတယ်။

လာလီဂါ အမှတ်ပေး ဇယားထိပ်က ရီးယဲလ်မက်ဒရစ်အသင်းဟာ ဘာစီလိုနာအသင်းထက် နှစ်မှတ်အသာ အကွာမှာ ရပ်တည်စေမယ့် ဆန်တီယာကို ဘာနေဗျူးမှာ ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ တနင်္ဂနွေနေ့  တုန်းက ပွဲမှာ အဆန်စီယိုရဲ့ အဖြစ်အပျက် ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

ပွဲထွက်ခွင့်မရခဲ့တာကြောင့် Asensio [ မာကို အဆန်စီယို ] ပေါက်ကွဲနေခဲ့ပါတယ်။

ပွဲထွက် လူစာရင်းမှာ ဟာဇက်ဟာ ရှေ့တန်းကနေ စ,တင်ခဲ့ပြီး ဗင်နီစီယက်စ် ဂျူနီယာ၊ ဖယ်ဒယ်ရီကို ဗယ်ဗာဒီနဲ့ ရိုဒရီဂိုတို့ကတော့ နေရာအလိုက် ကိုယ့်နေရာနဲ့ကိုယ် အသီးသီး ပါဝင်လာခဲ့ကြပါတယ်။

နည်းပြ အန်ဆယ်လော့စီက လူစားလဲ လေးဦးအနေနဲ့ နာချို ဖာနန်ဒက်ဇ်၊ လူကာမိုဒရစ်၊ အက်ဒွာဒို ကာမာဗင်ဂါနဲ့ ဒန်နီ ကာဗာဟယ်တို့ကို အသုံးပြုခဲ့ပြီး Marco Asensio [ မာကို အဆန်စီယို ] ဟာ အဲ့ဒီ နံပါတ်တွေထဲကနေ ချန်လှပ်ခံခဲ့ရပါတယ်။

Asensio kicked a cool box

ဒေါသထွက်နေခဲ့တဲ့ အဆန်စီယို။

ကွင်းထဲ လူစားလဲ ကစားစေဖို့ သူ့ကို သွေးပူလုပ်ဖို့ တောင်းဆိုခဲ့ပေမယ့် တကယ်တမ်းကျ ပွဲတွင်းမှာ အသုံးမပြုခဲ့ပါဘူး။ အဲ့ဒါကြောင့် အဆန်စီယိုဟာ လေ့ကျင့်ရေးသုံး အပြင်အင်္ကျီကို လွှင့်ပစ်ကာ အအေး သေတ္တာတစ်လုံးကို ကန်ထုတ်ခဲ့ပြီး သူ့ရဲ့ ရေဘူးကို မြေပြင်ပေါ် ပစ်ချလိုက်ပါတယ်။

“သူဒေါသထွက်တာကို ကျွန်လက်ခံပါတယ်။ ဒါက ပုံမှန် ဖြစ်ရိုးဖြစ်စဥ်ပါပဲ။ သူကစားချင်တယ်။ အရေးပါတဲ့ ကစားသမားဖြစ်ချင်တယ်။ ဒီကာလအတွင်းမှာ သူက အသင်းအတွက် အထိအခိုက်ဆုံး ကစားသမားတစ်ဦး ဖြစ်ခဲ့ပြီး ဒါကို ထည့်သွင်းစဥ်းစားထားပါတယ်။ သူ့‌ဒေါသကို လုံးဝ လက်ခံပါတယ်။ အဆင်ပြေပါတယ်။ ” လို့ ထိပ်တန်း နည်းပြ အန်ဆယ်လော့တီက ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ အပြောင်းအရွှေ့ အေးဂျင့်နဲ့ လမ်းခွဲလိုက်ပါပြီ။

ဒါပေမယ့်လည်း Asensio [ အဆန်စီယို ] အနေနဲ့တော့ သူ့အခြေအနေက အဆင်ပြေတယ်လို့ မထင်တော့ပါဘူး။ ဒီနွေရာသီမှာ ဘာနေဗျူးကနေ ထွက်ခွာဖို့ အလျင်အမြန် ကြိုးပမ်းခဲ့တာနဲ့ ပတ်သက်ပြီး သူ့ရဲ့ အေးဂျင့် ဟော်ရာစီယို ဂါဂီယိုလီနဲ့ အဆန်စီယိုတို့ အလုပ်တွဲမလုပ်တော့ဘဲ လမ်းခွဲခဲ့ကြပါတယ်။

“ မာကိုအဆန်စီယိုကို အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် အပါအဝင် သူ့ရဲ့ အေးဂျင့်က လွန်ခဲ့တဲ့ နှစ်ပတ်ကျော်က အရေးကြီးတဲ့ အင်္ဂလိပ် ကလပ်အသင်း တော်တော်များများကို ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ” အပြောင်းအရွှေ့ အထူး ကျွမ်းကျင် မှန်ကန်သူ ဖာဘရီဇီယို ရိုမန်နိုက ပြီးခဲ့တဲ့လက German outlet Wettfreunde ကို ပြောကြားခဲ့ပါတယ်။

မယ်လော်ကာ လူငယ်ကစားသမား

အသက် ၂၆ နှစ်အရွယ် တိုက်စစ်ကစားသမားဟာ ရီးယဲလ်မက်ဒရစ်အသင်းကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လတုန်းက မယ်လော်ကာအသင်းကနေ ပြောင်းရွှေ့ကြေး ယူရို ၄ သန်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ သူဟာအသင်းအတွက် ပြိုင်ပွဲစုံ ၂၃၇ ပွဲ ကစားထားပြီး သွင်းဂိုး ၄၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂၄ ကြိမ် ပြုလုပ်ပေးထားပါတယ်။

အခု ထွက်ခွာမှုဟာ  ရှောင်လွှဲလို့ မရဘူးလို့ ထင်ရပေမယ့် ဂန်းနားတို့ အနေနဲ့  သတိကြီးကြီး ထားရတော့မှာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment