Arturo Vidal လှပတဲ့ အိမ်ပြန်ခရီး ကြိုဆိုမှု။

Arturo Vidal seals Colo-Colo return with ICONIC unveiling WS
February 2, 2024

ချီလီ ဝါရင့် ကွင်းလယ်လူ Arturo Vidal [ အာတူရို ဗီဒယ် ] ရဲ့ လှပတဲ့ အိမ်ပြန်ခရီး။

Arturo Vidal [ အာတူရို ဗီဒယ် ]  ဟာ မကြာသေးခင်က သူ့ ရဲ့ ငယ်ဘဝ ကလပ် ဖြစ်တဲ့ Colo-Colo အသင်းဆီ အလွတ် ပြောင်းရွှေ့ ကြေးနဲ့ ပြန်လည် ရောက်ရှိလာခဲ့ပြီး အသင်းက သူ့ ကို တမူ ထူးခြားတဲ့ မိတ်ဆက်ပွဲနဲ့ ကြိုဆိုခဲ့ကြပါတယ်။

ဝါရင် ကွင်းလယ်လူ Arturo Vidal [ အာတူရို ဗီဒယ် ]  ဟာ ဘောလုံးသမိုင်း တလျှောက်  အထူးခြားဆုံး ထုတ်ဖော် ပြသမှု တစ်ခု က Colo-Colo အသင်းဆီ အထင်ကရ ပြန်လာမှု ကို သမိုင်းတွင်စေခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ချီလီ ဂန္တဝင် ကစားသမားကြီး အာတူရို ဗီဒယ်။

အသက် ၃၆ နှစ် အရွယ် ကစားသမား ဟာ 2023 ရာသီ အပြီးတွင် Athletico Paranaense အသင်း ကနေ ထွက်ခွာခဲ့ပြီး အသင်းလက်မဲ့ ကစားသမား တစ်ဦး ဖြစ်နေခဲ့ပါတယ်။

ဒါပေမယ့် ဇန်နဝါရီလမှာ ငယ်ဘဝ ကလပ် Colo-Colo က သူ့ ကို အလွတ် ပြောင်းရွှေ့ကြေး နဲ့ ခေါ် ယူခဲ့တာကြောင့် Arturo Vidal အတွက် ကလပ် အသစ် ရှာဖွေဖို့ အချိန် အကြာကြီး မယူလိုက်ရပါဘူး။

Arturo Vidal played for Colo-colo

ကိုလို-ကိုလို ကွင်းလယ်လူ ဗီဒယ်။

ချီလီ ဂန္တဝင် ကွင်းလယ်လူဟာ Colo-Colo အကယ်ဒမီမှာ ဖြတ်သန်းလာခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ လေဗာကူဆင် ဆီ ယူရို ၅.၂ သန်း နဲ့ မပြောင်းရွှေ့မီ ကလပ်အသင်း အတွက် အကြီးတန်း ပွဲ စုစုပေါင်း ၅၆ ပွဲ ကစားခဲ့ပါတယ်။

ကွင်းလယ်လူ Arturo Vidal [ အာတူရို ဗီဒယ် ]  ရဲ့ ထူးထူးဆန်းဆန်း Colo-Colo အသင်း နဲ့ မိတ်ဆက်ပွဲ။

အသင်းနဲ့ ၁၆ နှစ်ခွဲ ကြာ ဝေးကွာခဲ့ပြီးနောက် Vidal ဟာ အခု အချိန်မှာ သူ့ ရဲ့ ငယ်ဘဝ ကလပ်ကို ပြန်လာခဲ့ပြီးဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဘောလုံးကွင်းရှိ ပရိတ်ပေါင်းများစွားရဲ့ ရှေ့မှောက် ခမ်းနားထည်ဝါစွာ ကြိုဆို မိတ်ဆက်ခံခဲ့ရပါတယ်။

Vidal ကို ကစားသမားသစ် အဖြစ် တင်ဆက်တာကို မြင်တွေ့ရဖို့ စောင့်ကြည့်နေခဲ့ကြတဲ့ ထောင်နဲ့ ချီတဲ့ Colo-Colo ပရိသတ်တွေက သူ့ရဲ့ ပြန်လာမှုကို ချီးကျူးခဲ့ကြပါတယ်။

Arturo Vidal was presented with helicopter

ဗီဒယ်ရဲ့ တမူထူးခြားတဲ့ ကစားသမား မိတ်ဆက်မြင်ကွင်း။

ဂျူဗင်တပ်စ်၊ ဘိုင်ယန်မြူးနစ်နှင့် ဘာစီလိုနာကြယ်ပွင့်ဟောင်းဟာ ရဟတ်ယာဉ် နဲ့ မိုနီမက်တဲလ် အားကစားကွင်းဆီ ဆင်းသက်လာခဲ့ပြီး အဲ့ဒါက အမိုက်စား ဖြစ်ရပ်တစ်ခုရဲ့ အစ,သာ ဖြစ်ခဲ့ပါတယ်။

မကြာခင်မှာပဲ Vidal ဟာ မြင်းပေါ် မှာ စီးပြီး သူ့ရဲ့ ခေါင်းပေါ်မှာ သရဖူ နဲ့ ဓားတစ်ချောင်း ကိုင်ထားကာ ကွင်းပတ်ပတ်လည် စီးနင်းရင်း ပရိတ်သတ် တွေကို နှုတ်ဆက်ခဲ့ပါတယ်။ တေးဂီတအဖွဲ့ကြီးကလည်း ကွင်းထဲမှာ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။

ကစားသမား ဘဝတလျှောက် ဆုဖလားပေါင်းများစွာ ရရှိခဲ့တဲ့ Arturo Vidal [ အာတူရို ဗီဒယ် ]။

Vidal ၏တင်ဆက်မှုနှင့်ပတ်သက်၍ အထူးဆန်းဆုံး အရာမှာ ဇန်နဝါရီ ၂၈ ရက်က အဲဗာတန် နဲ့ ခြေစမ်းပွဲတွင် ကလပ်အတွက် သူ့ ရဲ့ ဒုတိယမြောက် ပွဲဦးထွက်အဖြစ်  ကိုလို-ကိုလို ရက်များအတွင်း မြင်တွေ့ခဲ့ရခြင်း ဖြစ်ပါတယ်။

သို့ပေမယ့်လည်း Vidal ဟာ တက်ရောက်လာသူတွေရဲ့ အမှတ်တရတွေထဲမှာ သက်တမ်း ကြာရှည်နေမယ့် မိတ်ဆက်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ v၁ ရက်နေ့မှာ ကလပ်ကို ပြန်လည် ကြိုဆိုခဲ့ပါတယ်။

Arturo Vidal won 18 trophies

ချီလီ လက်ရွေးစင်အသင်းနဲ့အတူ ကိုပါအမေရိကဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဗီဒယ်။

ချီလီ ဂန္ထဝင်ကစားသမားဟာ သူ့ ရဲ့ နိုင်ငံအတွက် ၁၄၂ ပွဲ ကစားကာ ၃၄ ဂိုး သွင်းယူထားပြီး ဥရောပ ပြိုင်ပွဲမှာ မယုံနိုင်လောက်အောင် ကစားသမားဘဝ တစ်လျှောက် ဆုဖလားပေါင်း ၁၈ လုံး ရရှိခဲ့ပါတယ်။

အာတူရို ‌ ဗီဒယ် ဟာ ချီလီ အသင်းနဲ့ အတူ ကိုပါ အမေရိကဖလား ၂ ကြိမ်၊ ကိုလိုကိုလို အသင်းနဲ့ လိဂ်ချန်ပီယံ ၃ ကြိမ်၊ ဖလမ်းမင်းဂိုး အသင်းနဲ့ ဘရာဇီးလ်ဖလား၊ Copa Libertadores ချန်ပီယံ တို့ကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment