Tierney3 ကို ရောင်းချဖို့ ပြင်နေတဲ့ အာဆင်နယ်။

Tierney3 is wanted to sell by Arsenal
March 7, 2023

ဘယ်နောက်ခံလူ Kieran Tierney3 [ ကီရန် တီယာနေး ] ကို ရောင်းချဖို့ ပြင်ဆင်နေတဲ့ အာဆင်နယ် အသင်း။

Tierney3 [ ကီရန် တီယာနေး ] ဟာ အခု နွေရာသီမှာ အာဆင်နယ် အသင်း ကနေ ထွက်ခွာဖို့ ပြင်ဆင်ဖွယ် ရှိနေပြီး ကလပ်အသင်း အနေနဲ့ နယူးကာဆယ်ဆီ ကနေ စိတ်ဝင်စားမှုကို အခွင့်ကောင်းယူကာ ဘယ်နောက်ခံလူကို ရောင်းချပြီး ပြောင်းရွှေ့ကြေး ရယူဖို့ ဆန္ဒ ရှိနေပါတယ်။

ကီရန် တီယာနေးဟာ မနှစ်က အိုလစ်ခ်ဇန်းဒါးရ် ဇင်ချန်ကို ရောက်ရှိလာပြီးနောက် အခု ရာသီမှာ ပရီးမီးယားလိဂ် ၄ ပွဲသာ ကစားနိုင်ခဲ့ပြီး နယူးကာဆယ်က အသက် ၂၅ နှစ်အရွယ် ကစားသမားကို နွေရာသီမှာ ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

တီယာနေးကို လိုချင်နေတဲ့ နယူးကာဆယ်အသင်း။

နည်းပြ Mikel Arteta [ မိုက်ကယ် အာတေတာ ] ရဲ့ အသင်းဟာ နွေရာသီမှာ ပြင်းထန်စွာ အားဖြည့်ခြင်းဖြင့် မယုံနိုင်လောက်အောင် ကောင်းမွန်တဲ့ ရာသီတစ်ခုကို တည်ဆောက်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

နောက်ပြီး အာဆင်နယ် အသင်းရဲ့ ဘတ်ဂျက် တိုးမြှင့်ရန်အတွက် ကစားသမားများကို ရောင်းချဖို့ လိုအပ်နိုင်တဲ့ အပြောင်းအရွှေ့ တစ်ခု ဖြစ်ကြောင်း The Times ကနေ ဖော်ပြခဲ့ပါတယ်။

Tierney3 against New Castle

နယူးကာဆယ်နဲ့ တွေ့ဆုံခဲ့စဥ်က တီယာနေး။

နယူးကာဆယ် နည်းပြ အယ်ဒီ ဟောင်း က Tierney3 [ ကီရန် တီယာနေး ] ရဲ့ ခြေစွမ်းကို နှစ်ရှည်လများ သဘောကျသူ ဖြစ်ပြီး အာဆင်နယ်ဘက်က ရောင်းချလိုကြောင်း ပြသပါက ခေါ် ယူဖို့ လုပ်ဆောင်မယ်လို့ Telegraph က ဖော်ပြခဲ့ပါတယ်။

နောက်ခံလူ Tierney3 [ ကီရန် တီယာနေး ] ရဲ့ အာဆင်နယ် နဲ့ စာချုပ်သက်တမ်း။

အာ ဆင်နယ် အသင်းဘက်က တီယာနေးကို ရောင်းချခဲ့မယ်ဆိုရင် ၂၀၁၉ ခုနှစ်တုန်းက ဆဲလ်တစ် အသင်းကို ပေးခဲ့ရတဲ့ ပြောင်းရွှေ့ကြေး အစား  အနည်းဆုံး ပေါင် ၂၅ သန်းကို ပြန်လည်ရယူဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာ အာဆင်နယ် အသင်း နဲ့ စကော့တလန် လက်ရွေးစင် ဘယ်နောက်ခံလူ ကီရန် တီယာနေး ရဲ့ စာချုပ် သက်တမ်းဟာ ၂၀၂၆ ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး နောက်ထပ် (၃) နှစ် ကျန်ရှိနေတာ ဖြစ်ပါတယ်။

အာတေတာ အနေနဲ့ တီယာနေးကို နှစ်သက်ဆဲဖြစ်သော်လည်း ကစားသမားဘက်က လာမယ့် ရာသီမှာ အဓိက မကျတဲ့ နောက်ထပ် အရန်သဘောမျိုး ပုံစံနဲ့ ကျေနပ်မှာ မဟုတ်ကြောင်း သိရပါတယ်။

Tierney3 contract with Arsenal will retain 3 years

တီယာနေးရဲ့ အာဆင်နယ်နဲ့ စာချုပ်က နောက်ထပ် ၃ နှစ် ကျန်ရှိနေပါသေးတယ်။

လာမယ့် နွေရာသီမှာ ကစားသမားဘက်က ထွက်ခွာဖို့ တောင်းဆိုပါက ကလပ်အနေနဲ့ သူ့ရဲ့ ပွဲထွက်ခွင့် လိုအပ်ချက်အတွက် ရပ်တည်မှာ မဟုတ်ကြောင်း အမ်းမရိတ်စ်အသင်းက လက်ခံယုံကြည်ဖွယ် ရှိနေပါတယ်။

နယူးကာဆယ်ဆီ Tierney3 [ ကီရန် တီယာနေး ] ရဲ့ ပြောင်းရွှေ့မှုက ဘာကြောင့် အဓိပ္ပာယ်ရှိတာလဲ။

ဇင်ချန်ကိုဟာ မန်စီးတီး ကနေ ပေါင် ၃၂ သန်းနဲ့ ပြောင်းရွှေ့လာကတည်းက သူ့ရဲ့ ကိုယ်ပိုင်နောက်ခံနေရာကို ဖန်တီးပေးခဲ့ပြီး အာတေတာက တီယာနေးရဲ့ တောင်ပံနောက်ခံ စွမ်းရည်ထက် ယူကရိန်းသားရဲ့ ကွင်းလယ်တိုက်စစ်စွမ်းရည်ကို ပိုမိုနှစ်သက်တာကြောင့် ဦးစားပေးခံထားရတာ ဖြစ်ပါတယ်။

သို့သော်လည်း နယူးကာဆယ်အသင်းဘက်က နောက်ခံ ၆/၇ ယောက် ကစားကွက်အတွက် ဗဟိုခံစစ်မှာ ကစားရန် လိုလားနေသော်လည်း ဒန်ဘန်းက အခုရာသီ  ဘယ်နောက်ခံလူနေရာမှာ စ,တင်ကစားနေပါတယ်။

အယ်ဒီ ဟောင်းက ဒဏ်ရာကြောင့် ရာသီရဲ့ ပွဲစဥ် အများစုကို လွဲချော်ခဲ့တဲ့ မတ် တာဂတ်ထက် တိုက်စစ်ပိုင်း ပိုမို အားသာစေမယ့် အစားထိုး ရွေးချယ်မှုကို လိုအပ်နေကြောင်း ယူဆရပါတယ်။

Tierney3: Zinchenko to Arsenal

အာတေတာက တီယာနေးထက်စာရင် ဇင်ချန်ကို ကို ပိုနှစ်သက်ပါတယ်။

အာတီတာဟာ နွေရာသီမှာ တီယာနေးနေရာ အစားထိုးဖို့ ဘယ်နောက်ခံလူ တစ်ဦးအပါအဝင် ကစားသမား ၄ ဦးကို ခေါ်ယူလိုပေမယ့် သူ့အနေနဲ့ အနာဂတ်မှာ ပြိုင်ဘက်အဖြစ် သတ်မှတ်ခံရဖွယ်ရှိတဲ့ အသင်းဆီ ရောင်းချဖို့ တွန့်ဆုတ်နေမှာပါ။

ဂန်းနားတို့ အနေနဲ့ အမည်စာရင်းများထဲမှာ ဒီကလန် ရိုက်စ် နဲ့ မွိုက်စ် ကိုက်ဆယ်ဒို တို့နဲ့အတူ ဗဟို ကွင်းလယ်ကစားသမား နှစ်ဦးအတွက် စျေးကွက်တွင်ရှိနေပြီး ဆန်ဘီ လိုကွန်ဂါ နဲ့ နူနို တာဗာရတ်စ် တို့ကို ရန်ပုံငွေ ရှာဖွေရန်အတွက် ရောင်းချသွားမယ်လို့ သိရပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment