Camavinga ကို ကမ်းလှမ်းလာတဲ့ အာဆင်နယ်။

Camavinga is wanted by Arsenal WS
April 8, 2024

ကွင်းလယ်လူ Camavinga [ ကာမာဗင်းဂါး ] ကို ကမ်းလှမ်းလိုက်တဲ့ အာဆင်နယ်။

Camavinga [ ကာမာဗင်းဂါး ] ကို လက်ရှိ ဘယ်လင်ဂမ်ထက် ပိုပြီး ကြီးကျယ်ခမ်းနားလာမယ်လို့ ယုံကြည်နေကြပြီး အာဆင်နယ် အသင်းက သူ့ အတွက် ယူရို သန်း ၁၁၀ ပေးချေဖို့ အဆင်သင့် ဖြစ်နေပြီလို့ သိရပါတယ်။

အာဆင်နယ် အသင်းဟာ ရီးယဲလ် မက်ဒရစ် ကွင်းလယ် ကစားသမား Eduardo Camavinga ကို ခေါ်ယူရန် ကြိုးစားနေပြီး ပြင်သစ် လက်ရွေးစင် အတွက် ယူရိုသန်း ၁၁၀ အထိ သုံးစွဲရန် ဆန္ဒရှိကြောင်း စပိန် သတင်း တစ်ရပ် အရ သိရသည်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

ကွင်းလယ်ပိုင်း အားဖြည့်ချင်နေတဲ့ နည်းပြ မီကယ် အာတစ်တာ။

Mikel Arteta ရဲ့ အသင်းဟာ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် မတိုင်မီ ကွင်းလယ် အပြောင်းအရွှေ့အတွက် အစားထိုးရှာဖွေရန် လူသိများနေပြီး ဂန်းနားတို့ အနေနဲ့ သောမတ်စ် ပါတေးကို ဖယ်ရှာရန် စီစဉ်ထားပါတယ်။

ဒီနေရာမှာ သူတို့ အကြိတ်အနယ် လိုက်ရှာနေတဲ့ ကစားသမားတွေထဲက တစ်ယောက်ကတော့ Camavinga ဖြစ်ပြီး သူတို့ အကြိမ်ပေါင်းများစွာ လက်မှတ်ထိုးဖို့ ကြိုးစားခဲ့ဖူးတယ်လို့ Defensa Central က ပြောပါတယ်။

Camavinga at Real Madrid

ရီးယဲလ် မက်ဒရစ် ကွင်းလယ်လူ ကာမာဗင်းဂါး။

ရီးယဲလ် မက်ဒရစ် အသင်းမှ အထိမခံတဲ့ ကစားသမားလို့ သတ်မှတ်ထားတာကြောင့် ကွင်းလယ်လူ Camavinga [ ကာမာဗင်းဂါး ] ကို ခေါ် ယူဖို့ ဂန်းနားတို့ရဲ့ အားထုတ်မှု လျော့နည်းသွားဖွယ် ရှိနေပါတယ်။

ရီးယဲလ်မက်ဒရစ် ကွင်းလယ်လူ Camavinga [ ကာမာဗင်းဂါး ] အတွက် ပြောင်းရွှေ့ ကြေး။

အစီရင်ခံစာက “အာဆင်နယ်က ကစားသမားအတွက် ယူရို သန်း ၁၁၀ အထိ ပေးချေဖို့ ဆန္ဒရှိနေပေမယ့် မက်ဒရစ်ကတော့ ဒီဖြစ်နိုင်ချေ ‌အပြောင်းအရွှေ့ အခြေအနေကို စိတ်ဝင်စားခြင်း မရှိပါဘူး။ “

” သူတို့က ကာမာဗင်းဂါး ကို ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ကစားသမား ဖြစ်လာမယ်လို့ ယုံကြည်ကြပြီး သူ့တို့ရဲ့ အရည်အချင်းရှိတဲ့ လူငယ် ကစားသမား‌ ကို ဆုံးရှုံးဖို့  မစွန့်စားချင်ကြပါဘူး။”

Camavinga at France national team

ပြင်သစ် လူငယ် ကွင်းလယ်လူ ကာမာဗင်းဂါး။

အဆိုပါ ပြောင်းရွှေ့ကြေး ဟာ ပြီးခဲ့တဲ့ နွေရာသီက ဝက်စ်ဟမ်း အသင်းမှ  ဒီကလန် ရိုက်စ် ကို ခေါ် ယူဖို့ ပေးချေခဲ့ရတဲ့ အာဆင်နယ် ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး  ယူရို ၁၁၆.၆ သန်း ပမာဏ နီးပါးကို ဖြစ်သွားမှာပါ။

ပြင်သစ်သား Camavinga [ ကာမာဗင်းဂါး ] ရဲ့ ခြေစွမ်း ဘယ်လောက်ထိ  ကောင်းလာ နိုင် သလဲ?

SciSports ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ဟာ မှန်ပါတယ်။ ပြင်သစ် လူငယ် ကွင်းလယ်လူ Camavinga [ ကာမာဗင်းဂါး ] ဟာ ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ် ကစားသမား သာမက ကမ္ဘာ့အကောင်းဆုံးကစားသမား ဖြစ်လာဖို့  အရည်အချင်းများ ရှိနေပါတယ်။

ဂါဗီ၊ ဖလော်ရီယန် ဝါ့တ်ဇ်၊ ဖီးလ် ဖိုဒန် နဲ့ ယာမယ် မူဆီယာလာ တို့က သူတို့ရဲ့ စွမ်းဆောင်ရည် အပြည့်အ၀ မရောက်နိုင်စေအောင် တချို့ အရာများစွာ ကန့်သက်မှုတွေ ရှိနေပါတယ်။

ဒါပေမယ့် ဒီ အကန့်အသတ် ကို ကျော်လွန်ပြီး Camavinga မှာ အသင်းဖော် Jude Bellingham ထက်တောင် မြင့်မားတဲ့ ကွင်းလယ် ကစားသမားအတွက် အမြင့်ဆုံး ဖြစ်နိုင်ခြေ ရှိတယ်လို့ ဒေတာ ခွဲခြမ်းစိတ်ဖြာရေး ကျွမ်းကျင်သူတွေက အစီရင်ခံထားပါတယ်။

Camavinga Top 5 midfield prospects in the world ( SciSports )

SciSports ရဲ့ တွက်ချက်မှုအရ ထိပ်တန်း ကွင်းလယ် ကစားသမား ၅ ဦး။

SciSports ဟာ ဒေတာ ခွဲခြမ်းစိတ်ဖြာရေး ကျွမ်းကျင်သူတွေ ဖြစ်ပြီး ကစားသမားတိုင်းကို SciSkill နှင့် ဂိမ်းအတွင်း ဒေတာအချက်များပေါ် မူတည် ပြီး အလားအလာရှိသော SciSkill အဆင့် သတ်မှတ်ပေးထားပါတယ်။

လက်ရှိအချိန်မှာတော့ ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ် ကစားသမား Bernardo Silva က ရမှတ် ၁၃၆.၃ မှတ် နဲ့ ကမ္ဘာ့ အကောင်းဆုံး ကစားသမား Erling Haaland က ရမှတ် ၁၃၉.၃ မှတ် ရရှိထားပါတယ်။

မက်ဒရစ် ကွင်းလယ်လူ Camavinga က ၁၅၁.၆ မှတ် အထိ ရောက်ရှိနိုင်ပြီး တကယ်လို့ အောင်မြင်ပါက ရီးယဲလ် မက်ဒရစ် ကွင်းလယ် ကစားသမားကို ကမ္ဘာ့ အကောင်းဆုံး ဖြစ်အောင် လုပ်နိုင်ဖွယ်ရှိကြောင်း ဒတ်ခ်ျ ကုမ္ပဏီ မှ ပြောကြားခဲ့ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment