Karim Benzema ဂန်းနားတို့ဆီ ရောက်လာနိုင်မလား?

Karim Benzema is wanted by Arsenal, chelsea and Lyon WS
January 24, 2024

ပြင်သစ် တိုက်စစ်မှူး Karim Benzema [ ကာရင် ဘန်ဇီမာ ] နဲ့ အာဆင်နယ် အပြောင်းအရွှေ့ အက်ပ်ဒိတ်။

Karim Benzema [ ကာရင် ဘန်ဇီမာ ] ကို ခေါ် ယူဖို့ ကြိုးစားနေတဲ့ အာဆင်နယ်အသင်းဟာ ပြင်သစ် တိုက်စစ်မှူး အပြောင်းအရွှေ့ အတွက် မဖြစ်နိုင်တဲ့ ခြိမ်းခြောက်မှုတွေ နဲ့ ရင်ဆိုင်နေရတယ်လို့ ဖာဘရီဇီယို ရိုမန်နိုက ပြောဆိုလိုက်ပါတယ်။

ဆော်ဒီပရိုလိဂ်မှ Karim Benzema ထွက်ခွာမယ့် ကောလာဟလတွေဟာ အရှိန်အဟုန် မြင့်လာနေပြီး Al-Ittihad တိုက်စစ်မှူး အတွက် အပြောင်းအရွှေ့ ဟာ ဇန်နဝါရီ မကုန်ခင်မှာတော့ မဖြစ်နိုင်ဘူးလို့ ပြောဆိုထားပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

လန်ဒန် အသင်းတွေ ဘန်ဇီမာကို ခေါ် ယူဖို့ ချိတ်ဆက်နေပါတယ်။

အာဆင်နယ် အသင်းဘက်က ဘန်ဇီမာ ကို ခေါ်ယူဖို့ အနီးကပ် ချိတ်ဆက်ထားပြီး မိုက်ကယ် အာတီတာ ရဲ့ အသင်းမှာ ပြင်သစ် တိုက်စစ်မှူးကို ခေါ် ယူနိုင်ဖို့ မျှော်လင့်ချက် နည်းနေပါတယ်။

ချဲလ်ဆီး အသင်းကလည်း အသက် ၃၆ နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး Karim Benzema [ ဘန်ဇီမာ ] ခေါ် ယူဖို့ ချိတ်ဆက်နေပါသေးတယ်။

Karim Benzema scored against Chelsea

ချဲလ်ဆီးဖက်ကို ဂိုးသွင်းနေတဲ့ ဘန်ဇီမာ။

၂၀၂၂ ခုနှစ် Ballon d’Or ဆုရှင် ကာရင် ဘန်ဇီမာ အနေနဲ့  ဆော်ဒီအာရေးဗီးယား မှာ အခြေမချခဲ့တာဟာ ရက်သတ္တပတ်များစွာထိ ကြာမြင့်ခဲ့တယ်လို့ သတင်းများ ထွက်ပေါ် နေပါတယ်။

အသင်းကနေ ထွက်ခွာ‌ချင်နေတဲ့ တိုက်စစ်မှူး Karim Benzema [ ကာရင် ဘန်ဇီမာ ]။

ရီးယဲလ် မက်ဒရစ် တိုက်စစ်မှူးဟောင်းဟာ ရာသီလယ် အားလပ်ချိန် အပြီး လေ့ကျင့်ရေး စခန်းကို အချိန်မှန် ပြန်မလာနိုင်ခြင်းကြောင့် တိုင်ကြားမှုများ မြင့်တက်လာခဲ့ပါတယ်။

ရာသီဥတု ဆိုးရွားမှုကြောင့် Mauritius မှာ အားလပ်ရက် ကနေ ပြန်လာဖို့ နှောင့်နှေးခဲ့ရပေမယ့် Al-Ittihad အသင်းနဲ့ ထပ်မံ ပူးပေါင်းပြီး တစ်ယောက်တည်း လေ့ကျင့်မှု ပြုလုပ်နေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Karim Benzema want to leave Al-Ittihad

ဘန်ဇီမာက အသင်းကနေ ထွက်ခွာချင်နေပါတယ်။

အင်္ဂါနေ့က RMC မှာ ဘန်ဇီမာက ” ဖိအားအောက် ရောက်နေတယ်” ဆိုတဲ့ ပြောဆိုချက်များကို ကိုးကားပြီး သူ့ အနေ နဲ့ အသင်းကနေ ထွက်ခွာဖို့ တောင်းဆို ခဲ့တယ် လို့ ပြောခဲ့ပါတယ်။

ဘောလုံး အပြောင်းအရွှေ့ ဆရာကြီး ရိုမန်နိုက အာဆင်နယ် နဲ့ ချဲလ်ဆီးအသင်း နှစ်သင်းစလုံးဟာ အကယ်ဒမီ ကနေ တစ်ဆင့် တိုက်စစ်မှူး လာခဲ့တဲ့ လိုင်ယွန် နဲ့ ဖြစ်လာနိုင်တဲ့ အပြောင်းအရွှေ့ ခြိမ်းခြောက်မှု နဲ့ ရင်ဆိုင်ရတယ် ဆိုတာကို သတိပြုမိခဲ့ပါတယ်။

ဆော်ဒီမှာ အဆင်မပြေဖြစ်နေတဲ့ Karim Benzema [ ဘန်ဇီမာ ] အပြောင်းအရွှေ့ နောက်ဆုံး အခြေအနေ။

ရိုမန်နိုက “ Benzema နဲ့ Al-Ittihad ကြားက အရမ်းတင်းမာနေတုန်းပါပဲ။ သူတို့က အဖြေရှာဖို့ ကြိုးစားတဲ့အတွက် အရမ်းထူးခြားတဲ့ အခြေအနေ ပါ။ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့ကြား ဆွေးနွေးပွဲအသစ်တစ်ခု ရှိတော့မှာဆိုတော့ အဲဒီမှာ ဘာတွေဖြစ်မလဲ ကြည့်လိုက်ကြရအောင်။ “

“လိုင်ယွန်ကလည်း မဖြစ်နိုင်တာကို ဖြစ်အောင် ကြိုးစားနေပါတယ်။ ကလပ်ဥက္ကဋ္ဌ John Textor က ဒါကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေ ပြီး ငွေကြေး အခြေအနေကြောင့် လုံးဝ ရှုပ်ထွေးပါတယ်။ ဒါပေမယ့် လိုင်ယွန်ကတော့ ကြိုးစားနေပါသေးတယ်။ “

Karim Benzema at Lyon

လိုင်ယွန် တိုက်စစ်မှူးဟောင်း ဘန်ဇီမာ။

“ဆော်ဒီနည်းပြတွေအတွက် ဦးစားပေးက ဘန်ဇီမာ ကို နိုင်ငံထဲမှာ ဆက်ထားဖို့ပါပဲ။ ဒါကြောင့် သူ့ကို အခြား ဆော်ဒီ ပရိုလိဂ် ကလပ် တစ်ခုဆီ ကမ်းလှမ်းပြီး နောက်ထပ် စာချုပ်တစ်ခု ဖွင့်လိုက်ပါတယ်။ ဘာ‌တွေ ဆက်ဖြစ်မလဲ ကြည့်ရအောင် ” ဆိုပြီး ပြောဆိုထားပါတယ်။

ဘန်ဇီမာဟာ လိုင်ယွန်ကို ပြောင်းရွှေ့ဖို့ ကာလကြာရှည်စွာ ချိတ်ဆက်နေပေမယ့် လီဂူး ၁ အသင်း အနေနဲ့ ရပ်တည်မှု နဲ့ ငွေကြေးဆိုင်ရာ ပဋိပက္ခတွေ နဲ့ ရုန်းကန်နေရတာကြောင့် ဒီ အခိုက်အတန့်မှာ ကြီးမားတဲ့ စွန့်လွှတ် အနစ်နာခံမှုကို ပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် လိုင်ယွန် မှာ နံပါတ် ၉ နေရာ ကို အလက်ဇန်းဒါး လာကာဇက်က သိမ်းပိုက်ထားပြီး  တိုက်စစ်ပိုင်း အားဖြည့်မလိုသေးတာကြောင့်  ဘန်ဇီမာ နဲ့ လိုင်ယွန် အပြောင်းအရွှေ့ က စိတ်ဝင်စားစရာ တစ်ခု ဖြစ်နေပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment